11/02/2017

ရခိုင် ၇ ဦးကို ဘင်္ဂလီများ အုပ်စုလိုက် ဓါးဖြင့်လိုက်ခုတ်၊ တစ်ဦးဒဏ်ရာပြင်းထန် (သတင်းတို)

နိုဝင်ဘာ ၂၊ DMG

မောင်တောမြို့နယ် သရေကုန်ဘောင်ကျေးရွာမှ ရခိုင်တိုင်းရင်းသား နှစ်ဦးကို ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ညောင်ပင်ကြီးကျေးရွာနေ ဘင်္ဂါလီများက အုပ်စုလိုက် ဓါးဖြင့်လိုက်ခုတ်မှု ဖြစ်ပွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဖြစ်စဉ်မှာ သရေကုန်ဘောင်ကျေးရွာနေ ဦးသူရထွန်း၊ ဦးလှသန်းမောင်နှင့် အတူ စုစုပေါင်း ရွာသား ၇ ဦးမှာ ငါးရှာဖွေ၍ ပြန်လာစဉ် ညောင်ပင်ကြီးကျေးရွာမှ ဘင်္ဂလီများက အုပ်စုလိုက် ဓါးဖြင့် လိုက်ခုတ်ကြကြောင်း သရေကုန်ဘောင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။



ဓါးအခုတ်ခံရ၍ ဦးလှသန်းမောင် (အသက် ၅၃ နှစ်) မှာ ပြင်းထန်ဒဏ်ရာဖြင့် မောင်တောဆေးရုံတွင် ဆေးကုသနေကြောင်း ယင်းအုပ်ချုပ်ရေးမှူးက ပြောသည်။
ယခင်အပတ်ကလည်း ရခိုင်လူမျိုး လူမျိုး ဒဏ်ရာရရှိခဲ့ကြပြီး ယခုဖြစ်ပွားချိန်တွင် နိုင်ငံတော်အတိုင်ပင်ခံ ၏ ရခိုင်ပြည်နယ်သို့ လာရောက်သည့်နေနှင့်လည်း
တိုက်ဆိုင်နေသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ယနေ့ ရောက်ရှိလာခဲ့ပြီး မောင်တော သို့လည်း သွားရောက်ခဲ့ကြောင်း သိရသည်။

DMG

Lwin Oo