9/17/2016

မန္တလေးကသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ခုကို ညက ဓါးနဲ့ဇာတ်သိမ်းလိုက်ကြပြီ Love



မန္တလေး ၊စက်တင်ဘာ၁၈

မန္တလေး မဟာအောင်မြေမြို့နယ် မဟာမြိုင် ၁ ရပ်ကွက်အတွင်း မနေ့ညက ဓားထိုးမှုတစ်ခုဖြစ်ခဲ့တာမှာ ဓားထိုးခံရသူ ဆေးရုံရောက်ရောက်ချင်း သေဆုံးသွားခဲ့တယ်လို့မန်းရဲတပ်ဖွဲ့ကပြောဆိုလိုက်ပါတယ်။
ဒီဖြစ်စဉ်ဟာသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ခုလို့ရဲမှတ်တမ်းများနှင့်စစ်ဆေးချက်များအရသိရပြီးချန်ရစ်ခံရသူလို့ပြောနေကြသူအမျိုးသမီးကစွန့်ခွာထွက်ပြေးသူလို့ပြောနေကြသူအမျိုးသားကိုအဲဒီအမျိုးသားနဲ့အတူ နောက်ထပ်အမျိုးသမီးတစ်ဦး ဆိုင်ကယ်တစ်စီးထဲအတူစီးလာစဉ် လမ်းကနေဖြတ်တားပြီး ဓားနဲ့ထိုးလိုက်တာလို့သိရပါတယ်။

ဖြစ်ဉ်နဲ့ပတ်သက်ပြီးတော့လည်း အဲဒီနေရာအနီးအနားက ဆိုင်တစ်ဆိုင်ရဲ့စီစီတီဗီရိုက်ယူထားတဲ့ ဗီဒီယိုဖိုင်တစ်ခု ညတွင်းချင်းပဲ အွန်လိုင်းပေါ်ပျံ့နှံ့သွားခဲ့ပါတယ်။

သေဆုံးသွားတဲ့အမျိုးသားဟာ ၀ဲဘတ်ရင်အုံထိုးသွင်းဒဏ် ရာတစ်ချက် ၀မ်းဗိုက်အတွင်းထိုးသွင်းဒဏ်ရာ တစ်ချက် နဲ့ မန္တလေးပြည်သူ့ဆေးရုံပို့ဆောင်ခဲ့ရာမှာ ဆေးရုံရောက်ပြီး ခဏမှာပဲ သေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး အမှတ် ၉ ရဲစခန်းက (ပ)၅၂၂/၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ နဲ့ ဓားထိုးသူအမျိုးသမီးကို အမှုဖွင့်စစ်ဆေးနေတယ်လို့လည်း အဲဒီရဲစခန်းတာဝန်ရှိသူက ပြောပါတယ်။

News by စောထွေး
Popular News Journal