11/02/2017
မီးပုံးပျံ မီးလောင်တဲ့ကိစ္စပါ.
မနေ့ က မီးပုံးပျံ မီးလောင်တဲ့ကိစ္စပါ. .facebook မှာ သတင်းတွေ ချက်ချင်းပျံ့ ပြီးတော့ fri တွေက ဟိုကဒီက လှမ်းမေးကြလို့ . .
နည်းနည်း ပြန်ရှင်းပြချင်တဲ့ရည်ရွယ်ချက်နဲ့  ရေးရခြင်းဖြစ်ပါတယ်
မီးပုံးပျံလွှတ်တယ်ဆိုတာ. . ပေါက်ကွဲတဲ့ယမ်းနဲ့  မီးနဲ့ . . ကစားရတဲ့. . အလွန် အန္တရာယ်များတဲ့ . . အသက်နဲ့ ရင်းရတဲ့ အလုပ်ပါ
မီးပုံးပျံ လွှတ်တာကြည့်ချင်သူတွေ အနေနဲ့ မဖြစ်မနေ သိသင့်တဲ့ အချက်တွေရှိပါတယ် …..မီးပုံးပျံကွင်းကို ကန့် သတ်ထားပြီး သားဖြစ်လို့ . .
ကြည့် ချင်ရင် ခပ်လှမ်းလှမ်းက ကြည့်နိုင်ပါတယ် .
ကလေးတွေပါရင်. . အနီးကိုလုံးဝမကပ်သင့်ပါဘူး
မီးပုံးပျံ က ထွက်လာတဲ့မီးခိုးတွေ ကိုကြည့်ပြီး လေ ဘယ်ဘက်တိုက် နေသလဲ ကြည့်. .
အဲဒါနဲ့ ဆန့် ကျင်ဘက်နေရာမှာ နေရပါတယ်
မီးပုံးပျံ ဆိုတာ လေထုထဲကိုအောင်မြင်စွာ လွှတ်တင်နိုင်ဖို့ အရေး. .(ဘယ်လောက်ကျွမ်းကျင်တဲ့. . မီးဆရာ ပါနေနေ . .)
ရာသီဥတု. . လေတိုက်နှုန်း . . စိုထိုင်းဆ. . နှင်း ကျ မကျ. . . မိုးရွာသွန်းမှု. . ရှိမရှိ ဒါတွေပေါ်မှာ အများကြီးတည်မှီနေပါတယ်
မီးပုံးပျံ အရွယ်အစား ခေါင်အချင်း ၂၃ ပေ အောက်မငယ်ရ. .
၂၅ ပေထက်မကြီးရ. . ယမ်းပိသာချိန် ၄၀ ထက်မကျော်ရ စတဲ့ စည်းကမ်းတွေအပြင် ဘယ်အမြင့်ရောက်ရင် မီးကျည် စ ကျရမယ်ဆိုတဲ့ ပြိုင်ပွဲဝင်စည်းကမ်းတွေနဲ့ အညီ. .
ဖြစ်စေဖို့ . ပြိုင်ပွဲဝင်အဖွဲ့ တွေက လိုက်နာရပါတယ်. . . မြို့ ခံတွေက မွေးကတည်းက ဒါတွေ နဲ့  ယဉ်ပါးကြီးပြင်းလာလို့  အကုန် နားလည်ကြပြီးသားပါ
မီးပုံးပျံ ပျက်ကျလို့ ဒဏ်ရာရတယ်ဟေ့ ဆိုရင် မြို့ ခံမပါသလောက်ပါပဲ တခြားမြို့ ကလာတဲ့ဧည့်သည်တွေ. မပြေးနိုင်တဲ့ကလေးတွေ မိန်းမတွေ သာဒဏ်ရာရတာများပါတယ်
ကျွန်မ တောင်ကြီးသူစစ်စစ် ဖြစ်ပေမဲ့ မီးပုံးပျံ ကို လွှတ်ခါနီး. ယမ်းခွေ ချိတ် နေတာ တွေ. . မီးစာထိုးနေတာတွေ ကို တခါမှ အနီးကပ်ဝင်မကြည့်ဖူးပါ. .
ခပ်ဝေးဝေးကပဲ ကြည့်ပါတယ် … မီးနဲ့ ကစားရတာ တကယ် အန္တရာယ် များပါတယ် …..မီးပုံးပျံ လွှတ်တဲ့အဖွဲ့ သားတွေအနေနဲ့ လည်း အနည်းဆုံး ပိုက်ဆံ သိန်းလေးဆယ်လောက်အကုန်ခံရတယ် ..
သုံးလလောက်ကြိုပြီး အလုပ်အကိုင်ပျက်ခံ နေ့ မအိပ်ညမအိပ် ပြင်ဆင်ရပါတယ်
တကယ်ပင်ပန်းတဲ့အလုပ်ပါ …အဲဒီလိုအရိပ်တကြည့်ကြည့်နဲ့ ကြိုးစားပြီးအပင်ပန်းခံ လုပ်ကိုင်ခဲ့ရတဲ့အပေါ်မှာ သူတို့  အကြောက်ဆုံးကတော့. မဖြစ်ချင်ဆုံးကိစ္စကတော့. .
ယမ်းခွေတစ်ခုခုဖြစ်မှာ လူတွေကိုထိခိုက်မိမှာ … မီးပုံးပျံပျက်ကျမှာ ကိုပါပဲ. . ကိုယ့်အဖွဲ့ သားတွေ စည်းစည်းလုံးလုံး … အပင်ပန်းခံ လုပ်ကိုင်လို့  မီးပုံးပျံ လှလှပပ ပျံဝဲ တက်သွား တဲ့အချိန်ဟာ . .သူတို့ ရဲ့ အပျော်ဆုံး အချိန်ပါ
သူတို့ တင်မက ကွင်းထဲရောက်နေတဲ့ သိန်းချီတဲ့ လူထုကြီးက ပါဝိုင်းပြီး ပျော်ကြရတာပါ … ကျွန်မတို့ ငယ်စဉ်က မြင်ဖူးပါတယ် …
မီးပုံးပျံလွှတ်ဖို့  အိမ်ကထွက်ပြီဆိုရင် ရပ်ကွက်ထဲက လူငယ် တွေ. . မီးပုံးပျံအဖွဲ့ သားတွေက. . ယမ်းခွေ ကို သယ်လာတဲ့ နေရာ မှာ အပြင်လူဝင်မရအောင် ကြိုးတွေနဲ့  ပတ်လည် ကာလို့ . .
အဲဒီကြိုးတွေကို တစ်ယောက်လက်ကနေ တစ်ယောက်ကိုင်ထား. . ဧရိယာသတ်မှတ်ပြီး မင်းလမ်းကနေ မီးပုံးပျံကွင်းကို အိုးစည်အဖွဲ့  နောက်ဆုံးက ခြံရံ လို့  ကိုယ့်အဖွဲ့ ရဲ့  ဆောင်ပုဒ် တွေ. . နာမည်တွေကို တိုင်ကြ. .
ဆိုကြကကြပြီး. . လမ်းလျှောက်ချီတက်ကြပါတယ် (ကျွန်မတို့ မင်္ဂလာဦးရပ်ကွက်ရဲ့ နာမည်ကျော်မီးပုံးပျံအမည်က ချာကတူးမီးပါ. . )
အဲဒီလို မီးပုံးပျံ အဖွဲ့ လာပြီဆိုရင် မြို့ သူမြို့ သားတွေက လမ်းဘေးဝဲယာ လမ်းရှင်းပြီး ခြံရံအားပေးကြပါတယ် … ဒီလိုနဲ့ လာလိုက်ကြတာ.. . ပွဲခင်းထဲ ရောက်သွားရင် လူတွေက လမ်းဖယ်ပေးတယ် … ဘေးကပ်ပေးတယ် … အခုနောက်ပိုင်းတော့ ယမ်းခွေကိုကားပေါ်တင် ..သွပ်တွေနဲ့ ကာပြီး အိမ်ပုံစံလေး လုပ်လို့ သယ်ယူကြပါတယ်. .
ကျွန်မတို့ ငယ်စဉ် က မီးပုံးပျံ လွှတ်တဲ့ကွင်းက. မြို့ လည်ခေါင် လမ်းမတော်ရပ်ကွက် က ကျောက်တိုင် အားကစားကွင်းမှာပါ .
နောက်တော့ အပြင်ရောက်လာပြီး မြို့ အထွက်စူဠာမုဏိ ဘုရားခြေရင်းက ၂၁၂ ဆက်သွယ်ရေးတပ် ပိုင် မြေနေရာမှာ.
အဲဒီကနေ ထပ်ရွှေ့ လာလိုက်တာ အခု လက်ရှိတောင်ကြီး.ကျောက်တလုံး ကားလမ်းဘေး အဝေ ရာမီးပုံးပျံကွင်း နေရာကိုရောက်လာတာပါ ..တစ်နှစ်ထက်တစ်နှစ် မြို့ ခံလူဦးရေ များလာတယ် ..ကားဆိုင်ကယ်တွေပေါလာတယ် …တခြားမြို့ က ဧည့်သည်တွေလဲ အရမ်းများတော့. နေရာတွေကြပ်တည်းပြီး ငါးနာရီခြောက်နာရီကြာအောင်
ယာဉ်ကြောပိတ်ဆို့ မှုတွေ ဖြစ်လာတယ်
ပြောချင်တာက. .
တောင်ကြီးမြို့ လို့  ဆိုလိုက်တာနဲ့  တန်ဆောင်တိုင် မီးပုံးပျံပွဲ. ကိုပါတွဲပြီးမြင်ရတဲ့ အစဉ်အလာ ကြီးတဲ့ သမိုင်း နဲ့ မြို့ တော်ကြီးဖြစ်ပါတယ်
ဒီပွဲတော်ကြီးကို လာရောက်ကြတဲ့ အနယ်နယ်အရပ်ရပ်က ဧည့်သည်တွေဆိုတာ ဟိုတယ် တည်းခိုခန်း ဘုန်းကြီးကျောင်း တွေမှာ ပြည့်လျှံ့ ပြီး အိပ်စရာမရှိလို့  လမ်းဘေးကားရပ်
ကားပေါ်တင်အိပ်ရတဲ့ အခြေအနေထိအောင်ကို နှစ်စဉ် တွေ့ ကြုံနေရတာပါ
ကျွန်မ တောင်ကြီးသူ စစ်စစ် တစ်ယောက်အနေနဲ့ . . ဒီလို အစဉ်အလာကြီးပြီး ရိုးရာအမွေကို လက်ဆင့်ကမ်းသယ်ဆောင်လို့  တောင်ကြီးသူတောင်ကြီးသားတွေ ရဲ့ ရင်ထဲအသည်းထဲက . စွဲလမ်းမှု . . ချစ်ခင်မှု . . အပင်ပန်းခံမှု ငွေကြေးကုန်ကျမှုတွေနဲ့  ရင်းနှီးပြီး ဖြစ်တည် နေတဲ့ မီးပုံးပျံပွဲ ဆိုတာကို မီးလောင် ပြီ ဟဲ့ . .
ပျက်ကျလို့ လူတွေ ဘယ်လောက်သေသတဲ့. . ဆိုတဲ့ အရုပ်ဆိုး အကျည်းတန်တဲ့ဖြစ်ရပ်တွေ နဲ့ အထင်အမြင်မှားတွေ ဖုံးလွှမ်းမသွားစေချင်ပါဘူး
သမိုင်းကို မရိုင်းစေချင်ပါဘူး အနယ်နယ်အရပ်ရပ်က လာရောက်အားပေးကြတဲ့ ဧည့်သည်တွေကိုလဲကျေးဇူးတင်ပါတယ် မရောက်ဖူးသေးတဲ့သူတွေကိုလည်း ဖိတ်ခေါ်ချင်ပါတယ်
လမ်းပိတ်ဆို့ မှုတွေမဖြစ်အောင် အန္တရာယ် မဖြစ်အောင် တာဝန်ရှိသူများက နှစ်စဉ်ကြိုးစားဆောင်ရွက်နေကြပါတယ် အခုနှစ်မှာဆိုရင် ယာဉ်ကြော လုံးဝမပိတ်ပါဘူး
ကားရပ်ဖို့  . . ဆိုင်ကယ်ရပ်ဖို့  နေရာတွေလည်း အတော်အဆင်ပြေပါတယ်
ဒါကြောင့်အနှစ်ချုပ်ကို ပြောရမယ်ဆိုရင် မီးပုံးပျံပွဲဆိုတာ … ငွေတွေကို အကြောင်းမဲ့ ဖြုန်းတီးပြီး မီးရှို့ တဲ့ပွဲမဟုတ်ပါ
တောင်ကြီးသားတွေရဲ့  ရိုးရာ အမွေ ကိုထိန်းသိမ်းဆက်ခံတဲ့ပွဲဖြစ်ပါတယ်
လက်ရှိ လူငယ်တွေကြိုးစားနေကြသလို
နောက်တက်လာမဲ့ မျိုးဆက်သစ်တွေလည်း
အများကြီးရှိနေပါတယ်
ဒါကြောင့် ရာသီဥတု အခြေအနေ ကြောင့်ပဲဖြစ်ဖြစ် . .
မလွန်ဆန်နိုင်တဲ့ . .
မမျှော်မှန်းနိုင်တဲ့ . .
ထိခိုက်မှု accident တစ်စုံတစ်ရာကြောင့် ပဲဖြစ်ဖြစ် . .မီးပုံးပျံ ဆိုတာ. . .အလွန်ကြောက်စရာကောင်းကြောင်းပိုက်ဆံတွေဖြုန်းတီးနေကြောင်း
. . စသည်ဖြင့် မသိနားမလည်ပဲ အကြောင်းမဲ့ တံဆိပ်မကပ်ကြဖို့ အကြောင်းမဲ့ မစိုးရိမ်ကြဖို့ တောင်ကြီးသား များကိုယ်စားကျွန်မ ကတောင်းပန် လိုက်ပါတယ်
မရောက်ဖူးသေးတဲ့ fri များကိုလည်းတန်ဆောင်တိုင်ပွဲတော်ကာလမှာ အေးချမ်းသာယာလှပတဲ့တောင်ကြီးမြို့ ကို တခါတခေါက်တော့ လာရောက်လည်ပါတ်ကြဖို့ . . ဖိတ်ခေါ်လိုက်ပါတယ်ရှင်
Credit to Phyu Phyu Khin


