11/08/2017
ထိုုင္းနိုုင္ငံသူတဦး ရာဘာေတာအတြင္း အသတ္ခံရ
Unicode
၉ နို၀င်ဘာလ ၂၀၁၇
ထိုင်းနိင်ငံ သရန်ပြည်နယ် ကပ်တန်မြို ့နယ်အတွင်းက ရာဘာတောအတွင်းမှာ ထိုင်းနိုင်ငံသူ ၀ီလင်တရာ အသက်၃၃ နှစ်ကို သေဆုံးတဲ့အထိရိုက်နှက်ပြီး ထွက်ပြေးသွားသူဟာ မြန်မာနိုင်ငံကနေလာရောက်နေထိုင်းပြီး အလုပ်လုပ်နေသူ ကိုအုန်းဆိုသူဖြစ်ပြီး နယ်မြေရဲတပ်ဖွဲ က တရားခံ ကို လိုက်လံရှာဖွေနေကြောင်း သိရပါတယ်။
သေဆုံးသူအမျိုးသမီးဟာ ကိုအုန်းနဲ့ အတူနေထိုင်နေသူဖြစ်ပါတယ် ၊ အခင်းမဖြစ်ပွားခင် (၃)ရက် က အမျိုးသမီးကို ရာဘာတောထဲ မှာ
ရိုက်နှက်ခဲ့သူ ကိုအုန်းဟာ သေဆုံးအမျိုးသမီးရဲ ့ ဖခင်ဆီကိုဖုန်းဆက်ပြီး သူ ့ကိုခွင့်လွတ်ပါ အဖေ့သမီးကို ရိုက်နှက်ခဲ့ပါတယ်လို ့ ပြောခဲ့ပါတယ်။
ဖခင်ကလင်မယား ရန်ဖြစ်တယ်လို ့သာထင်ခဲ့ပြီး သုံးရက်မြောက်တဲ့နေ ့မှ
သမီီးရော ကိုအုန်းပါ ပျောက်နေလို ့ လိုက်ရှာတော့မှာ ရာဘာတောထဲမှာ
သေဆုံးနေတဲ့ သမီးရဲ ့အလောင်းကို တွေ ့ခဲ့တာပါ။
၀ီလင်တယာ ဟာခလေးနှစ်ယောက်မိခင်မုဆိုးမ တဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံကလာရောက်နေထိုင်နေသူ ကိုအုန်းဟာ ထိုင်းနိုင်ငံမှာအနေကြာနေထိုင်နေသူဖြစ်ပါတယ် ။ သူတို ့နှစ်ဦး အွန်လိုင်းဖေ့ဘုတ်ကနေ ဆက်သွယ်ပြီး အမျိုးသမီးက ကိုအုန်းနေထိုင်နေတဲ့နေရာကိုလာရောက်နေထိုင်နေခဲ့တာပါ။
တရားခံဟာ အမျိုးသမီးရဲ ့ ဆိုင်ကယ်ကို ယူပြီးထွက်ပြေးသွားခဲ့ပါပြီ။
SAW
၉ နို၀င္ဘာလ ၂၀၁၇
ထိုင္းနိင္ငံ သရန္ျပည္နယ္ ကပ္တန္ၿမိဳ ့နယ္အတြင္းက ရာဘာေတာအတြင္းမွာ ထိုင္းနိုင္ငံသူ ၀ီလင္တရာ အသက္၃၃ ႏွစ္ကို ေသဆုံးတဲ့အထိရိုက္ႏွက္ၿပီး ထြက္ေျပးသြားသူဟာ ျမန္မာနိုင္ငံကေနလာေရာက္ေနထိုင္းၿပီး အလုပ္လုပ္ေနသူ ကိုအုန္းဆိုသူျဖစ္ၿပီး နယ္ေျမရဲတပ္ဖြဲ က တရားခံ ကို လိုက္လံရွာေဖြေနေၾကာင္း သိရပါတယ္။
ေသဆုံးသူအမ်ိဳးသမီးဟာ ကိုအုန္းနဲ႕ အတူေနထိုင္ေနသူျဖစ္ပါတယ္ ၊ အခင္းမျဖစ္ပြားခင္ (၃)ရက္ က အမ်ိဳးသမီးကို ရာဘာေတာထဲ မွာ
ရိုက္ႏွက္ခဲ့သူ ကိုအုန္းဟာ ေသဆုံးအမ်ိဳးသမီးရဲ ့ ဖခင္ဆီကိုဖုန္းဆက္ၿပီး သူ ့ကိုခြင့္လြတ္ပါ အေဖ့သမီးကို ရိုက္ႏွက္ခဲ့ပါတယ္လို ့ ေျပာခဲ့ပါတယ္။
ဖခင္ကလင္မယား ရန္ျဖစ္တယ္လို ့သာထင္ခဲ့ၿပီး သုံးရက္ေျမာက္တဲ့ေန ့မွ
သမီီးေရာ ကိုအုန္းပါ ေပ်ာက္ေနလို ့ လိုက္ရွာေတာ့မွာ ရာဘာေတာထဲမွာ
ေသဆုံးေနတဲ့ သမီးရဲ ့အေလာင္းကို ေတြ ့ခဲ့တာပါ။
၀ီလင္တယာ ဟာခေလးႏွစ္ေယာက္မိခင္မုဆိုးမ တဦးျဖစ္ပါတယ္။ ျမန္မာနိုင္ငံကလာေရာက္ေနထိုင္ေနသူ ကိုအုန္းဟာ ထိုင္းနိုင္ငံမွာအေနၾကာေနထိုင္ေနသူျဖစ္ပါတယ္ ။ သူတို ့ႏွစ္ဦး အြန္လိုင္းေဖ့ဘုတ္ကေန ဆက္သြယ္ၿပီး အမ်ိဳးသမီးက ကိုအုန္းေနထိုင္ေနတဲ့ေနရာကိုလာေရာက္ေနထိုင္ေနခဲ့တာပါ။
တရားခံဟာ အမ်ိဳးသမီးရဲ ့ ဆိုင္ကယ္ကို ယူၿပီးထြက္ေျပးသြားခဲ့ပါၿပီ။
SAW