11/08/2017

မညိုေအး သတ္ေသမွဳ မဟုတ္ တရားခံ ျဖစ္သူ မိရမည္


Unicode
ဆားပုလင်း ဂိုလ်ရှယ်လေးနှင့် ထိုင်းနိုင်ငံ လိမ်လည်ထားသော လူသတ်မှု
---------------------------------------------------------
ဂိုလ်ရှယ်လေး

နို်၀င်ဘာ ၈ ရက် နံနက်ခင်း သတင်းကောင်း

ယခုအခါ ခြိမ်းချောက်မှုများအတွင်းခံနေရတဲ့ ထိုင်းနိုင်ငံမှ AAC မှ ဆက်လက်ပြီး အမှန်တရားအတွက် တရားဥပဒေအတွက် ထိုင်းနိုင်ငံမှာ ဆက်လက် ပြီး အားထုတ်ဆောင်ရွက်နေသလို မြန်မာနိုင်ငံဆိုင်၇ာ ဘန်ကောက်ရှိ မြန်မာသံရုံးမှလည်း အကူညီပေးနေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံက လူသတ်သမားကတော့
ထောက်ပြချက် နှစ်ခုနဲ့ ရဲတွေပါ ရွာလည်ပါပြီ။ အမှန်တရားရှာဖွေဖို့ လက်ခံလိုက်ရပါပြီ။

အိမ်ဖေါ်ဖြစ်သူ မညိုအေး က ကိုးမမ ပစ္စတိုဖြင့် သူ့မကိုယ်တိုင် သူမ ပစ်သတ်တာ လုံး၀ မဖြစ်နိုင်ပါ။

သို့ကြောင့် ထိုင်းနိုင်ငံအတွင်း လာရောက်လုပ်ကိုင်ကြသော အလုပ်သမားများအရေးကို ကူညီစောင့်ရှောက်ပေးနေတဲ့ အဖွဲ AAC မှ သက်ဆိုင်သူ အကြီးကဲ တစ်ဦးနှင့် စာရေးသူ ဂိုလ်ရှယ်လေး ချိပ်ဆက် ထောက်ပြချက်များကို ထိုင်းနိုင်ငံ မှုခင်းရဲထံသို့ AAC ခေါင်းဆောင်များမှ တင်ပြခဲ့ရပြီး ... ယခု အခါ အသေးစိတ် သရုပ်ပြများဖြင့် အမှုမှန်ကို တောက်လျောက် စုံစမ်းနေပါပြီ။ စာရေးသူနှင့် ပတ်သက်သော အဖွဲ့ လူငယ်များမှလည်း ထောက်ပံ့ကူညီ စုံစမ်းမှု တွေ ဆက်လုပ်ပေးနေပါတယ်။

စာရေးသူတို့ အဖွဲ့မှ ဘယ်လို ထောက်ပြပြီး AAC မှ လိုက်လံကူညီပေးနေသော လူသတ်မှုကို မညိုအေး အတွက် ဘယ်လို ထောက်ပြခဲ့သလဲ?


(၁)မညိုအေး သေနတ်မပစ်တတ်ပါ
(၂) မညိုအေး ကိုးမမ ကစ္စတိုပစ်၇န် အဆိုပါ သေနတ်တွင် ပါ၇ှိသော လုံခြုံရေး မောင်းခလုပ်များကို အရင်လေ့လာရမည်
(၃) လုံခြုံရေး မောင်းခလုပ်ဖြုတ်ပြီးလျင်ပင် သူမ အနေဖြင့် မိမိကိုယ်မိမိသတ်ရန် မောင်းဆွဲတင်ရန် ကိုးမမ ပစ္စတိုသည် မိန်းခလေးအနေဖြင့် လက်နှစ်ဖက်လုံး အသုံးပြုမောင်းတင်ရမည် သေနတ်ကို ပယ်ပယ်နယ်ကိုင်တွယ်ပြီး အသဲသန် ကြိုးစား မောင်းတင်ရမှာ ဖြစ်တာမို့ သေနတ်တခုလုံး သူမ၏ လက်ဗွေရာများ ပြည့်နှက်နေမည်။

(၄) လူသတ်သမားမှ မညိုအေးကို ဘယ်လို ပစ်ခတ်သလဲဆိုလျင် နားထင် တေ့ပစ်ခတ်တာမျိုးမဟုတ်ပဲ ၁ပေလောက် အကွာက ပစ်တာမို့ သေနတ်ကျဉ်ဆံဖူးဖေါက်၀င်မှုနှင့် ဖေါက်ထွက်မှု အရ သူမ၏ နားထင်တွင် သေနတ် ကျဉ်ဆံ အပူလောင်သော အရေပြား လက္ခဏာ မတွေ့ရသလို ပစ်ခတ်မှု ဘက်မှားနေတာကို လည်း တွေ့ရပါတယ်။

(၅) မညိုအေး ဟာ သူမ ဖေ့ဘုတ်ပေါ်တွင် တင်ပြခဲ့သော သူမ၏ Self ဖိုင် ဆွဲရိုက်ပုံများတွင် သူမမှာ ဘယ်လက်ဖြင့် အမြဲတမ်း ဓါတ်ပုံရိုက်တင်တဲ့ သရုပ်ပုံတွေ သာ တွေ့ရပြီး ဘယ်တော့မှ ညာလက်ဖြင့် ရိုက်တင်တဲ့ ပုံမျိုးတွေ မတွေ့ရခြင်းမှာ သူမသည် ဘယ်သန် အမျိုးသမီးငယ်တစ်ဦး ဖြစ်တာ ထင်ရှားပါတယ်။ အထူးသဖြင့် ဆဲလ်ဖုန်းနှင့် ဓါတ်ပုံရိုက်ကြသူ ၉၅ % မှာ မိမိ သန်တဲ့ လက်ဖြင့်သာ ဖုန်းကို ကိုင်ပြီး ရိုက်ကြပါတယ်။
သို့ကြောင့် ယခု မညိုအေး ရရှိသော သေနတ်ကျည်ဆံ ၀င်ပေါက်သည် ဘက်လွဲနေပါတယ်. ညာဘက်မှ ၀င်ပြီးဘယ်ဘက်ကိုထွက်ပါတယ်။ ဘယ်သန်မညိုအေးမှာ မိမိကိုယ်ကို မိမိလုပ်ကြံလျင် မည်သို့နည်းဖြင့်မဆို သူမသန်သောဘယ်လက်ဖြင့်သာ သေနတ်ကို ကိုင်ပြီး ပစ်လျင် ဘယ်ဘက်ကပဲ ကျဉ်ဆံ ၀င်ရမှာ ဖြစ်ပါ တယ်။ ဘယ် သန်မို့ ဘယ်နားထင်ကိုပဲ ပစ်မှာ ဖြစ်ပါတယ်. ဘယ်လက်ဖြင့် ညာနားထင်ကို ပစ်ဖို့ ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

(၆) မညိုအေးက မိမိကိုယ်မိမိ ပစ်သတ်ပြီး သေနတ်ကို မိမိ ထိုင်နေတဲ့ ပေါင်ကြားထဲကို ထည့်လိုက်ပြီး လဲကျနေတဲ့ ပုံကတော့ လုပ်ကြံ့ထားခြင်းဖြစ်ပါတယ်။ ကိုးမမ ပစ္စတို တလက်ကို မိမိက ပစ်ခတ်ပြီးတာနဲ့ အထူးသဖြင့် မိန်းခလေး တစ်ယောက်အနေဖြင့် ဆိုလျင် အဆိုပါ သေနတ်မှ ထွက်သွားသော ကျည်ဆံ ဖူး အနောက်မှ ယမ်းအားထုတ်လွှတ်ခဲ့သည် ကျည်ဆံခွံကို ၄င်းသေနတ်ရဲ့ ကျည်ဆံခွံထွက်ပေါမှ ပြန်ထွက်သွားဘို့နှင့် နောက်တဖန် အော်တိုကျည်တစ်တောက် ထပ်မံ အသင့် ပြန်သွင်းပြီးသား ဖြစ်ဖို့ မောင်းပြန်ကန်အားမှာ ၇ ပေါင်ကနေ ၁၀ ပေါင်အားထိပြန်လည်တွန်းကန်လာခြင်းကို မညိုအေးက ဦးနှောက်ဖေါက်သွားပြီနောက်မောင်ပြန်ကန်အား၇ှိတဲ့ သေနတ်ကို သူမရဲ့ ပေါင်ကြားထဲမှာ တယုတယ ထားပြီး လဲကျသေဆုံးမှုမျိုးမဖြစ်နိုင်ပါဘူး။

(၇) မညိုအေး ဟာ အိမ်ဖေါ်လုပ်နေတဲ့ အသက် ၁၇ နှစ်အရွယ်ဖြစ်ပြီး ထိုင်းမှာ အိမ်ဖေါ်လစာဖြင့် ကိုးမမ မစ္စတိုတလက်နှင့် ကျဉ်ဆံ ၁၀ တောက်ကို ၀ယ်ဖို့ အဆက်သွယ်လုပ်ပြီး ၀ယ်ယူတယ်ဆိုတာ ဘယ်လိုမှ လက်ရှိထိုင်းနိုင်ငံလုံခြုံရေးအရရော မဖြစ်နိုင်ဘူးလို့ ပြောရပါမယ်။

(၈) မညိုအေးက သူမ ကိုယ်သူမ တကယ် လုပ်ကြံလျင် သေနတ်၀ယ်ပြီး လုပ်ကြံနေမည့်အစား အခြားသော နည်းတခုခုဖြင့်သာ သူမအနေဖြင့်သတ်သေသွားမှာ ဖြစ်ပါတယ်။ သေချာဆုံးကတော့ ထိုင်းနျိုင်ငံ အတွင်းရောက်ရှိနေကြတဲ့ မြန်မာပြည်သားများအဖို့ မိမိကိုယ်ကို မိမိလုပ်ကြံ့သတ်ဖြတ်မှု အနည်းငယ် လွန်ခဲ့သော နှစ်များစွာ အတွင်းမှာ ဖြစ်ခဲ့ဘူးပါတယ်။ သို့သော် မြန်မာပြည်ဖွား အနေဖြင့် ဘယ်မိန်းခလေးကမှ ထိုင်းနိုင်ငံအတွင်း မိမိကိုယ်ကို မိမိ သေနတ်ရှာ၀ယ်ပြီး လုပ်ကြံသတ်ဖြတ် သေကြောင်း စီရင်ကြောင်း မှုခင်းဖြစ်ရပ် နောက်ခံ မရှိသေးပါကြောင်း တင်ပြခဲ့ပါတယ်။

ယခုအခါ ထိုင်းနိုင်ငံ မှုခင်း စုံစမ်းရေးရတပ်ဖွဲ့မှ အဆိုပါ မကြံပြုချက်များကို လက်ခံလိုက်ပြီး မညိုအေးသည် သူမကိုယ်ကို သူမ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း မဟုတ်ကြောင်းကို လက်ခံလိုက်ပြီး တ၇ားခံ အမှန်ကို ဆက်လက် ဖေါ်ထုတ်သွားမယ်လို့ သိရကြောင်း မြန်မာ စာဖတ်သူပရိတ်သများကို တင်ပြလိုက်ရပါတယ်။

မှတ်ချက် မညိုအေးက သူမကိုယ်ကို သူမ နှစ်ချက် ပစ်ခတ်ပြီး တချက် လွဲချော်လို့ နောက်တချက် ထပ်မံ ပစ်ခတ်တယ်လို့ အဆိုကို ခိုင်မာ တိကျတဲ့ ပစ်ခတ်ပုံတွေနဲ့ နောက်ပိုင်း တင်ဆက်သွားပါ့မယ်။

ကျေးဇူးတင်ပါသည်

လေ့လာ ထောက်ပြချက် ဓါတ်ပုံတချို့ တင်ပေးလိုက်ပါတယ်

ဂိုလ်ရှယ်လေး

ဓါတ်ပုံတွေထဲမှတော့

ကျည်ဆံ၀င်ပုံ

ဖေါက်ထွက်ပုံ

သေနတ်အမျိုးစား

သေနတ်ပေါင်ကြားထဲ ပြန်ထားခဲ့ပုံ

မညိုအေး ဘယ်သန်ဖြင့် Self ဖိုင်ဆွဲထားပုံတွေနဲ့

ဘယ်သန်ဖြစ်ပြီး ညာဘက်မှကျဉ်ဆံ ၀င်ပုံ စတဲ့ အရာတွေကိုထောက်ပြ ခဲ့ကြောင်းပါ။

ဆက်လက် တင်ပြပါမည်

မိုက်ရိုင်းပြီး တိုင်းပြည်မျက်နှာ မကြည့်သော ကွန်မန့်များကို ဖြုတ်ထုတ် ဘလော့ပါမယ်



ZawGyi

ဆားပုလင္း ဂိုလ္ရွယ္ေလးႏွင့္ ထိုင္းနိုင္ငံ လိမ္လည္ထားေသာ လူသတ္မႈ
---------------------------------------------------------
ဂိုလ္ရွယ္ေလး

နို္၀င္ဘာ ၈ ရက္ နံနက္ခင္း သတင္းေကာင္း

ယခုအခါ ၿခိမ္းေခ်ာက္မႈမ်ားအတြင္းခံေနရတဲ့ ထိုင္းနိုင္ငံမွ AAC မွ ဆက္လက္ၿပီး အမွန္တရားအတြက္ တရားဥပေဒအတြက္ ထိုင္းနိုင္ငံမွာ ဆက္လက္ ၿပီး အားထုတ္ေဆာင္႐ြက္ေနသလို ျမန္မာနိုင္ငံဆိုင္၇ာ ဘန္ေကာက္ရွိ ျမန္မာသံ႐ုံးမွလည္း အကူညီေပးေနတယ္လို႔ သိရပါတယ္။

ထိုင္းနိုင္ငံက လူသတ္သမားကေတာ့
ေထာက္ျပခ်က္ ႏွစ္ခုနဲ႕ ရဲေတြပါ ႐ြာလည္ပါၿပီ။ အမွန္တရားရွာေဖြဖို႔ လက္ခံလိုက္ရပါၿပီ။

အိမ္ေဖၚျဖစ္သူ မညိုေအး က ကိုးမမ ပစၥတိုျဖင့္ သူ႕မကိုယ္တိုင္ သူမ ပစ္သတ္တာ လုံး၀ မျဖစ္နိုင္ပါ။

သို႔ေၾကာင့္ ထိုင္းနိုင္ငံအတြင္း လာေရာက္လုပ္ကိုင္ၾကေသာ အလုပ္သမားမ်ားအေရးကို ကူညီေစာင့္ေရွာက္ေပးေနတဲ့ အဖြဲ AAC မွ သက္ဆိုင္သူ အႀကီးကဲ တစ္ဦးႏွင့္ စာေရးသူ ဂိုလ္ရွယ္ေလး ခ်ိပ္ဆက္ ေထာက္ျပခ်က္မ်ားကို ထိုင္းနိုင္ငံ မႈခင္းရဲထံသို႔ AAC ေခါင္းေဆာင္မ်ားမွ တင္ျပခဲ့ရၿပီး ... ယခု အခါ အေသးစိတ္ သ႐ုပ္ျပမ်ားျဖင့္ အမႈမွန္ကို ေတာက္ေလ်ာက္ စုံစမ္းေနပါၿပီ။ စာေရးသူႏွင့္ ပတ္သက္ေသာ အဖြဲ႕ လူငယ္မ်ားမွလည္း ေထာက္ပံ့ကူညီ စုံစမ္းမႈ ေတြ ဆက္လုပ္ေပးေနပါတယ္။

စာေရးသူတို႔ အဖြဲ႕မွ ဘယ္လို ေထာက္ျပၿပီး AAC မွ လိုက္လံကူညီေပးေနေသာ လူသတ္မႈကို မညိုေအး အတြက္ ဘယ္လို ေထာက္ျပခဲ့သလဲ?


(၁)မညိုေအး ေသနတ္မပစ္တတ္ပါ
(၂) မညိုေအး ကိုးမမ ကစၥတိုပစ္၇န္ အဆိုပါ ေသနတ္တြင္ ပါ၇ွိေသာ လုံၿခဳံေရး ေမာင္းခလုပ္မ်ားကို အရင္ေလ့လာရမည္
(၃) လုံၿခဳံေရး ေမာင္းခလုပ္ျဖဳတ္ၿပီးလ်င္ပင္ သူမ အေနျဖင့္ မိမိကိုယ္မိမိသတ္ရန္ ေမာင္းဆြဲတင္ရန္ ကိုးမမ ပစၥတိုသည္ မိန္းခေလးအေနျဖင့္ လက္ႏွစ္ဖက္လုံး အသုံးျပဳေမာင္းတင္ရမည္ ေသနတ္ကို ပယ္ပယ္နယ္ကိုင္တြယ္ၿပီး အသဲသန္ ႀကိဳးစား ေမာင္းတင္ရမွာ ျဖစ္တာမို႔ ေသနတ္တခုလုံး သူမ၏ လက္ေဗြရာမ်ား ျပည့္ႏွက္ေနမည္။

(၄) လူသတ္သမားမွ မညိုေအးကို ဘယ္လို ပစ္ခတ္သလဲဆိုလ်င္ နားထင္ ေတ့ပစ္ခတ္တာမ်ိဳးမဟုတ္ပဲ ၁ေပေလာက္ အကြာက ပစ္တာမို႔ ေသနတ္က်ဥ္ဆံဖူးေဖါက္၀င္မႈႏွင့္ ေဖါက္ထြက္မႈ အရ သူမ၏ နားထင္တြင္ ေသနတ္ က်ဥ္ဆံ အပူေလာင္ေသာ အေရျပား လကၡဏာ မေတြ႕ရသလို ပစ္ခတ္မႈ ဘက္မွားေနတာကို လည္း ေတြ႕ရပါတယ္။

(၅) မညိုေအး ဟာ သူမ ေဖ့ဘုတ္ေပၚတြင္ တင္ျပခဲ့ေသာ သူမ၏ Self ဖိုင္ ဆြဲရိုက္ပုံမ်ားတြင္ သူမမွာ ဘယ္လက္ျဖင့္ အၿမဲတမ္း ဓါတ္ပုံရိုက္တင္တဲ့ သ႐ုပ္ပုံေတြ သာ ေတြ႕ရၿပီး ဘယ္ေတာ့မွ ညာလက္ျဖင့္ ရိုက္တင္တဲ့ ပုံမ်ိဳးေတြ မေတြ႕ရျခင္းမွာ သူမသည္ ဘယ္သန္ အမ်ိဳးသမီးငယ္တစ္ဦး ျဖစ္တာ ထင္ရွားပါတယ္။ အထူးသျဖင့္ ဆဲလ္ဖုန္းႏွင့္ ဓါတ္ပုံရိုက္ၾကသူ ၉၅ % မွာ မိမိ သန္တဲ့ လက္ျဖင့္သာ ဖုန္းကို ကိုင္ၿပီး ရိုက္ၾကပါတယ္။
သို႔ေၾကာင့္ ယခု မညိုေအး ရရွိေသာ ေသနတ္က်ည္ဆံ ၀င္ေပါက္သည္ ဘက္လြဲေနပါတယ္. ညာဘက္မွ ၀င္ၿပီးဘယ္ဘက္ကိုထြက္ပါတယ္။ ဘယ္သန္မညိုေအးမွာ မိမိကိုယ္ကို မိမိလုပ္ႀကံလ်င္ မည္သို႔နည္းျဖင့္မဆို သူမသန္ေသာဘယ္လက္ျဖင့္သာ ေသနတ္ကို ကိုင္ၿပီး ပစ္လ်င္ ဘယ္ဘက္ကပဲ က်ဥ္ဆံ ၀င္ရမွာ ျဖစ္ပါ တယ္။ ဘယ္ သန္မို႔ ဘယ္နားထင္ကိုပဲ ပစ္မွာ ျဖစ္ပါတယ္. ဘယ္လက္ျဖင့္ ညာနားထင္ကို ပစ္ဖို႔ ဆိုတာ ဘယ္လိုမွမျဖစ္နိုင္ပါဘူး။

(၆) မညိုေအးက မိမိကိုယ္မိမိ ပစ္သတ္ၿပီး ေသနတ္ကို မိမိ ထိုင္ေနတဲ့ ေပါင္ၾကားထဲကို ထည့္လိုက္ၿပီး လဲက်ေနတဲ့ ပုံကေတာ့ လုပ္ႀကံ့ထားျခင္းျဖစ္ပါတယ္။ ကိုးမမ ပစၥတို တလက္ကို မိမိက ပစ္ခတ္ၿပီးတာနဲ႕ အထူးသျဖင့္ မိန္းခေလး တစ္ေယာက္အေနျဖင့္ ဆိုလ်င္ အဆိုပါ ေသနတ္မွ ထြက္သြားေသာ က်ည္ဆံ ဖူး အေနာက္မွ ယမ္းအားထုတ္လႊတ္ခဲ့သည္ က်ည္ဆံခြံကို ၄င္းေသနတ္ရဲ႕ က်ည္ဆံခြံထြက္ေပါမွ ျပန္ထြက္သြားဘို႔ႏွင့္ ေနာက္တဖန္ ေအာ္တိုက်ည္တစ္ေတာက္ ထပ္မံ အသင့္ ျပန္သြင္းၿပီးသား ျဖစ္ဖို႔ ေမာင္းျပန္ကန္အားမွာ ၇ ေပါင္ကေန ၁၀ ေပါင္အားထိျပန္လည္တြန္းကန္လာျခင္းကို မညိုေအးက ဦးေႏွာက္ေဖါက္သြားၿပီေနာက္ေမာင္ျပန္ကန္အား၇ွိတဲ့ ေသနတ္ကို သူမရဲ႕ ေပါင္ၾကားထဲမွာ တယုတယ ထားၿပီး လဲက်ေသဆုံးမႈမ်ိဳးမျဖစ္နိုင္ပါဘူး။

(၇) မညိုေအး ဟာ အိမ္ေဖၚလုပ္ေနတဲ့ အသက္ ၁၇ ႏွစ္အ႐ြယ္ျဖစ္ၿပီး ထိုင္းမွာ အိမ္ေဖၚလစာျဖင့္ ကိုးမမ မစၥတိုတလက္ႏွင့္ က်ဥ္ဆံ ၁၀ ေတာက္ကို ၀ယ္ဖို႔ အဆက္သြယ္လုပ္ၿပီး ၀ယ္ယူတယ္ဆိုတာ ဘယ္လိုမွ လက္ရွိထိုင္းနိုင္ငံလုံၿခဳံေရးအရေရာ မျဖစ္နိုင္ဘူးလို႔ ေျပာရပါမယ္။

(၈) မညိုေအးက သူမ ကိုယ္သူမ တကယ္ လုပ္ႀကံလ်င္ ေသနတ္၀ယ္ၿပီး လုပ္ႀကံေနမည့္အစား အျခားေသာ နည္းတခုခုျဖင့္သာ သူမအေနျဖင့္သတ္ေသသြားမွာ ျဖစ္ပါတယ္။ ေသခ်ာဆုံးကေတာ့ ထိုင္းန်ိဳင္ငံ အတြင္းေရာက္ရွိေနၾကတဲ့ ျမန္မာျပည္သားမ်ားအဖို႔ မိမိကိုယ္ကို မိမိလုပ္ႀကံ့သတ္ျဖတ္မႈ အနည္းငယ္ လြန္ခဲ့ေသာ ႏွစ္မ်ားစြာ အတြင္းမွာ ျဖစ္ခဲ့ဘူးပါတယ္။ သို႔ေသာ္ ျမန္မာျပည္ဖြား အေနျဖင့္ ဘယ္မိန္းခေလးကမွ ထိုင္းနိုင္ငံအတြင္း မိမိကိုယ္ကို မိမိ ေသနတ္ရွာ၀ယ္ၿပီး လုပ္ႀကံသတ္ျဖတ္ ေသေၾကာင္း စီရင္ေၾကာင္း မႈခင္းျဖစ္ရပ္ ေနာက္ခံ မရွိေသးပါေၾကာင္း တင္ျပခဲ့ပါတယ္။

ယခုအခါ ထိုင္းနိုင္ငံ မႈခင္း စုံစမ္းေရးရတပ္ဖြဲ႕မွ အဆိုပါ မႀကံျပဳခ်က္မ်ားကို လက္ခံလိုက္ၿပီး မညိုေအးသည္ သူမကိုယ္ကို သူမ လုပ္ႀကံသတ္ျဖတ္ခဲ့ျခင္း မဟုတ္ေၾကာင္းကို လက္ခံလိုက္ၿပီး တ၇ားခံ အမွန္ကို ဆက္လက္ ေဖၚထုတ္သြားမယ္လို႔ သိရေၾကာင္း ျမန္မာ စာဖတ္သူပရိတ္သမ်ားကို တင္ျပလိုက္ရပါတယ္။

မွတ္ခ်က္ မညိုေအးက သူမကိုယ္ကို သူမ ႏွစ္ခ်က္ ပစ္ခတ္ၿပီး တခ်က္ လြဲေခ်ာ္လို႔ ေနာက္တခ်က္ ထပ္မံ ပစ္ခတ္တယ္လို႔ အဆိုကို ခိုင္မာ တိက်တဲ့ ပစ္ခတ္ပုံေတြနဲ႕ ေနာက္ပိုင္း တင္ဆက္သြားပါ့မယ္။

ေက်းဇူးတင္ပါသည္

ေလ့လာ ေထာက္ျပခ်က္ ဓါတ္ပုံတခ်ိဳ႕ တင္ေပးလိုက္ပါတယ္

ဂိုလ္ရွယ္ေလး

ဓါတ္ပုံေတြထဲမွေတာ့

က်ည္ဆံ၀င္ပုံ

ေဖါက္ထြက္ပုံ

ေသနတ္အမ်ိဳးစား

ေသနတ္ေပါင္ၾကားထဲ ျပန္ထားခဲ့ပုံ

မညိုေအး ဘယ္သန္ျဖင့္ Self ဖိုင္ဆြဲထားပုံေတြနဲ႕

ဘယ္သန္ျဖစ္ၿပီး ညာဘက္မွက်ဥ္ဆံ ၀င္ပုံ စတဲ့ အရာေတြကိုေထာက္ျပ ခဲ့ေၾကာင္းပါ။

ဆက္လက္ တင္ျပပါမည္

မိုက္ရိုင္းၿပီး တိုင္းျပည္မ်က္ႏွာ မၾကည့္ေသာ ကြန္မန႔္မ်ားကို ျဖဳတ္ထုတ္ ဘေလာ့ပါမယ္