11/08/2017

ေရနစ္ကေလးငယ္ကုိ ကယ္တင္ခဲ့သည့္ အမ်ဳိးသမီး ကုိယ္၀န္ပ်က္က်

သာစည္မင္းလွကန္အတြင္း ေလွေမွာက္လုိ႔ ေရနစ္ေနတဲ့ ကေလးငယ္ကုိ ကယ္ခ့ဲတဲ့ အမ်ဳိးသမီးတဦး ကုိယ္ဝန္ပ်က္က်လုိ႔ ေဆးကုသမႈ ခံေနရပါတယ္။
မႏၲေလးတိုင္းေဒသႀကီး သာစည္ၿမိဳ႕နယ္ နိုဝင္ဘာ ၅ ရက္ညေနက မီးရထားဝန္ထမ္း ၃ ဦး နဲ႔ ၅ ႏွစ္အရြယ္ ကေလးတဦး မင္းလွကန္အတြင္း ငါးမ်ွားရင္း ေလွေမွာက္ေရနစ္ခ့ဲရာမွာ အသက္ ၅ ႏွစ္ရြယ္ ထက္ျမက္သူကုိ ကယ္ဆယ္ခ့ဲတဲ့ မသီတာဦး ကုိယ္ဝန္ပ်က္က်ၿပီး ေဆးကုသေနရတယ္လုိ႔ သာစည္ၿမိဳ႕ ပရဟိတအက်ိဳးေဆာင္ ကုိထြန္းထြန္းလင္းက ေျပာပါတယ္။
“က်ေနာ္လည္း အစကေတာ့ အမွတ္တမဲ့ပါပဲ။ မာစတာဂ်ိဴးဖုန္းဆိုင္က ကုိထက္ႀကီးက မသီတာဦး စိတ္ဓာတ္ကုိ ေလးစားလုိ႔ ဂုဏ္ျပဳအလႉေငြ ေပးခ်င္တယ္ေျပာလာတယ္။ အဲဒါနဲ႔ မီရထားဝန္ထမ္း ကုိမ်ိဳးထြန္းနဲ႔ သာစည္ေစ်းက ငါးတန္းကုိ သြားရွာတယ္ မေတြ႔ရဘူး။ သူေနတဲ့ ရြာကုိ လုိက္သြားေတာ့ ေရနစ္တဲ့ကေလးကုိ ကယ္ရင္း ၃ လရွိတဲ႔ ကုိယ္ဝန္ပ်က္က်သြားလုိ႔ ေဆးကုသေနရတာ ေတြ႔လုိက္ရတယ္” လုိ႔ ေျပာပါတယ္။




မသီတာဦးက “အဲေန႔က ေနမေကာင္းလုိ႔ အိပ္ယာထဲလွဲေနတုန္းမွာ ကယ္ပါ ကယ္ပါ ေအာ္သံၾကားတယ္၊ တံငါတဲကေန ေယာင္းမျဖစ္သူကုိ ထြက္ၾကည့္ခိုင္းေတာ့ ေရနစ္ေနတာလုိ႔ ေျပာတယ္။ ခ်က္ခ်င္းပဲ တဲကထြက္လုိက္ကာ ဆူးၿခဳံကုိ ခုန္ေက်ာ္ၿပီး ေျပးသြားလုိက္တယ္။ ကေလးရဲ႕ လက္ေလးေပၚေနတဲ့ ဆီ မွန္းကူးတယ္။ လုံခ်ည္နဲ႔ဆိုေတာ့ ေရကူးရခက္တယ္။ ကယ္ခ်င္ေဇာနဲ႔ ကေလးဆီကုိ ကူးခ့ဲတာ။ ကယ္ၿပီးတာနဲ႔ ႂကြက္တက္ၿပီး လဲက်သြားတယ္။ စိတ္ေအးေတာ့ ခုန္ေက်ာ္ခ့ဲတဲ႔ ဆူးၿခဳံကုိျပန္ႀကည့္ျပီး ငါဘယ္လုိေက်ာ္ခဲ့ပါလိမ့္လုိ႔ အံ့ၾသမိတယ္။ သားေလးကုိ ကယ္ရတဲ႔ ပီတိက ဘာနဲ႔မွမလဲနိုင္ဘူး။ ကုိယ္ဝန္ပ်က္သြားတာေတာ့ စိတ္မေကာင္းျဖစ္ရတယ္ေပါ့” လုိ႔ ေျပာပါတယ္။
ထက္ျမက္သူက မသီတာဦးကုိ ဆန္တအိတ္၊ ဆီတပုံးနဲ႔ လာေရာက္ကန္ေတာ့ခဲ့ေၾကာင္း၊ က်ပန္းလုပ္ရတဲ့ မသီတာဦး အိပ္ရာထဲ လဲေနေတာ့ စားဝတ္ေနေရးနဲ႔ ေဆးကုဖို႔အတြက္ ပရဟိတ အက်ိဳးေဆာင္ ကုိထြန္းထြန္းလင္းဆီ လာေရာက္ၿပီး ဂုဏ္ျပဳအလႉေငြေပးထားတာ ၂ သိန္းေက်ာ္ေနၿပီး မနက္ျဖန္မွာ မသီတာဦးကုိ သြားေရာက္ေပးအပ္မယ္လုိ႔ ဆုိပါတယ္။
သတင္းႏွင့္ဓာတ္ပုံ – ေမာင္ေမာင္လင္း (၀မ္းတြင္း)
Credit:DVB
Unicode
သာစည်မင်းလှကန်အတွင်း လှေမှောက်လို့ ရေနစ်နေတဲ့ ကလေးငယ်ကို ကယ်ခဲ့တဲ့ အမျိုးသမီးတဦး ကိုယ်ဝန်ပျက်ကျလို့ ဆေးကုသမှု ခံနေရပါတယ်။
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် နိုဝင်ဘာ ၅ ရက်ညနေက မီးရထားဝန်ထမ်း ၃ ဦး နဲ့ ၅ နှစ်အရွယ် ကလေးတဦး မင်းလှကန်အတွင်း ငါးမျှားရင်း လှေမှောက်ရေနစ်ခဲ့ရာမှာ အသက် ၅ နှစ်ရွယ် ထက်မြက်သူကို ကယ်ဆယ်ခဲ့တဲ့ မသီတာဦး ကိုယ်ဝန်ပျက်ကျပြီး ဆေးကုသနေရတယ်လို့ သာစည်မြို့ ပရဟိတအကျိုးဆောင် ကိုထွန်းထွန်းလင်းက ပြောပါတယ်။
“ကျနော်လည်း အစကတော့ အမှတ်တမဲ့ပါပဲ။ မာစတာဂျိူးဖုန်းဆိုင်က ကိုထက်ကြီးက မသီတာဦး စိတ်ဓာတ်ကို လေးစားလို့ ဂုဏ်ပြုအလှူငွေ ပေးချင်တယ်ပြောလာတယ်။ အဲဒါနဲ့ မီရထားဝန်ထမ်း ကိုမျိုးထွန်းနဲ့ သာစည်ဈေးက ငါးတန်းကို သွားရှာတယ် မတွေ့ရဘူး။ သူနေတဲ့ ရွာကို လိုက်သွားတော့ ရေနစ်တဲ့ကလေးကို ကယ်ရင်း ၃ လရှိတဲ့ ကိုယ်ဝန်ပျက်ကျသွားလို့ ဆေးကုသနေရတာ တွေ့လိုက်ရတယ်” လို့ ပြောပါတယ်။



မသီတာဦးက “အဲနေ့က နေမကောင်းလို့ အိပ်ယာထဲလှဲနေတုန်းမှာ ကယ်ပါ ကယ်ပါ အော်သံကြားတယ်၊ တံငါတဲကနေ ယောင်းမဖြစ်သူကို ထွက်ကြည့်ခိုင်းတော့ ရေနစ်နေတာလို့ ပြောတယ်။ ချက်ချင်းပဲ တဲကထွက်လိုက်ကာ ဆူးခြုံကို ခုန်ကျော်ပြီး ပြေးသွားလိုက်တယ်။ ကလေးရဲ့ လက်လေးပေါ်နေတဲ့ ဆီ မှန်းကူးတယ်။ လုံချည်နဲ့ဆိုတော့ ရေကူးရခက်တယ်။ ကယ်ချင်ဇောနဲ့ ကလေးဆီကို ကူးခဲ့တာ။ ကယ်ပြီးတာနဲ့ ကြွက်တက်ပြီး လဲကျသွားတယ်။ စိတ်အေးတော့ ခုန်ကျော်ခဲ့တဲ့ ဆူးခြုံကိုပြန်ကြည့်ပြီး ငါဘယ်လိုကျော်ခဲ့ပါလိမ့်လို့ အံ့သြမိတယ်။ သားလေးကို ကယ်ရတဲ့ ပီတိက ဘာနဲ့မှမလဲနိုင်ဘူး။ ကိုယ်ဝန်ပျက်သွားတာတော့ စိတ်မကောင်းဖြစ်ရတယ်ပေါ့” လို့ ပြောပါတယ်။
ထက်မြက်သူက မသီတာဦးကို ဆန်တအိတ်၊ ဆီတပုံးနဲ့ လာရောက်ကန်တော့ခဲ့ကြောင်း၊ ကျပန်းလုပ်ရတဲ့ မသီတာဦး အိပ်ရာထဲ လဲနေတော့ စားဝတ်နေရေးနဲ့ ဆေးကုဖို့အတွက် ပရဟိတ အကျိုးဆောင် ကိုထွန်းထွန်းလင်းဆီ လာရောက်ပြီး ဂုဏ်ပြုအလှူငွေပေးထားတာ ၂ သိန်းကျော်နေပြီး မနက်ဖြန်မှာ မသီတာဦးကို သွားရောက်ပေးအပ်မယ်လို့ ဆိုပါတယ်။
သတင်းနှင့်ဓာတ်ပုံ – မောင်မောင်လင်း (ဝမ်းတွင်း)
Credit:DVB