11/09/2017

သရုပ္ေဆာင္ဦးေက်ာ္သူက ထားထက္ထက္ အကူညီေတာင္းထားတဲ႔ သက္ငယ္မုဒိန္းက်ဴးလြန္ခံရသူ မိန္းကေလးထံ ေငြငါးသိန္းေထာက္ပံ႔ခဲ႔


သက္ငယ္မုဒိန္းမႈက်ဴးလြန္ခံရသည္႔ မိန္းကေလးအားကူညီေပးရန္ ထားထက္ထက္က လူမႈကြန္ယက္စာမ်က္ႏွာတြင္ အကူညီေတာင္းထားသည္႔ Post ကုိဖတ္မိျပီး ကိုယ္ခ်င္းစာမိသျဖင္႔ ေက်ာ္သူပရဟိတကြန္ယက္အဖြဲ႔မွ အလွဴေငြ(၅)သိန္းက်ပ္ ကူညီေထာက္ပံ႔ေပးခဲ႔ပါတယ္။
‘ေမာ္လ္ဒယ္သရုပ္ေဆာင္ ႏွင္႔ အလွမယ္ ထားထက္ထက္၏ FB မွ ပို႕စ္တစ္ခုကို ဖတ္မိျပီးေနာက္ ကိုယ္ခ်င္းစာနာစိတ္ျဖင္႔ ေက်ာ္သူပရဟိတကြန္ယက္အဖဲြ႕မွ အလွဴေငြငါးသိန္းက်ပ္ လွဴဒါန္းျဖစ္သြားေသာ သက္ငယ္မုဒိန္း အဓၶမက်င္႔ခံရမႈ ’ ကူညီေပးခဲ႔တယ္လို႔ ဦးေက်ာ္သူရဲ႔ လူမႈကြန္ယက္စာမ်က္ႏွာမွာ ေရးသားထားတာပါ ။ အလွမယ္ထားထက္ထက္က ၁၂ ႏွစ္ရြယ္ အပ်ိဳမျဖစ္ေသးတဲ႔ သမီးကို အေဖအရင္းက အျကိမ္ျကိမ္အဓၶမျပဳက်င္႔သျဖင္႔ ကိုယ္၀န္၅လရွိေနျပီျဖစ္ကာ ခိုကိုးရာမဲ႔ အခက္ခဲျဖစ္ေနေသာေျကာင္႔ သတင္းျကားျကားျခင္း ေရႊဘုိခရိုင္၊ ေရဦးျမိဳ႕ ကိုသြားေရာက္ခဲ႔ပါတယ္။ သူမက အားေပးႏွစ္သိမ္႔မႈေတြ ျပဳလုပ္ခဲ႔ျပီး အလွဴေငြ(၂)သိန္းလွဴခဲ႔ေသာ္လည္း ကေလးအတြက္ အနာဂတ္ေရရွည္ပညာသင္စရိတ္ စိုက္ထူေပးဖို႔ တတ္ႏိုင္သေလာက္ကူညီၾကရန္ ထားထက္ထက္က လူမႈကြန္ယက္စာမ်က္ႏွာမွာ အကူညီေတာင္းထားပါတယ္ ။


Unicode
သက်ငယ်မုဒိန်းမှုကျူးလွန်ခံရသည့် မိန်းကလေးအားကူညီပေးရန် ထားထက်ထက်က လူမှုကွန်ယက်စာမျက်နှာတွင် အကူညီတောင်းထားသည့် Post ကိုဖတ်မိပြီး ကိုယ်ချင်းစာမိသဖြင့် ကျော်သူပရဟိတကွန်ယက်အဖွဲ့မှ အလှူငွေ(၅)သိန်းကျပ် ကူညီထောက်ပံ့ပေးခဲ့ပါတယ်။


‘မော်လ်ဒယ်သရုပ်ဆောင် နှင့် အလှမယ် ထားထက်ထက်၏ FB မှ ပို့စ်တစ်ခုကို ဖတ်မိပြီးနောက် ကိုယ်ချင်းစာနာစိတ်ဖြင့် ကျော်သူပရဟိတကွန်ယက်အဖွဲ့မှ အလှူငွေငါးသိန်းကျပ် လှူဒါန်းဖြစ်သွားသော သက်ငယ်မုဒိန်း အဓ္ဓမကျင့်ခံရမှု ’ ကူညီပေးခဲ့တယ်လို့ ဦးကျော်သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားတာပါ ။

အလှမယ်ထားထက်ထက်က ၁၂ နှစ်ရွယ် အပျိုမဖြစ်သေးတဲ့ သမီးကို အဖေအရင်းက အကြိမ်ကြိမ်အဓ္ဓမပြုကျင့်သဖြင့် ကိုယ်၀န်၅လရှိနေပြီဖြစ်ကာ ခိုကိုးရာမဲ့ အခက်ခဲဖြစ်နေသောကြောင့် သတင်းကြားကြားခြင်း ရွှေဘိုခရိုင်၊ ရေဦးမြို့ ကိုသွားရောက်ခဲ့ပါတယ်။

သူမက အားပေးနှစ်သိမ့်မှုတွေ ပြုလုပ်ခဲ့ပြီး အလှူငွေ(၂)သိန်းလှူခဲ့သော်လည်း ကလေးအတွက် အနာဂတ်ရေရှည်ပညာသင်စရိတ် စိုက်ထူပေးဖို့ တတ်နိုင်သလောက်ကူညီကြရန် ထားထက်ထက်က လူမှုကွန်ယက်စာမျက်နှာမှာ အကူညီတောင်းထားပါတယ် ။


Credit :MyanmarCelebrity