11/09/2017

အိမ္ေထာင္ေရးအဆင္မေျပလို႔ ေယာက္်ားကုိ အဆိပ္ခတ္သတ္တာ မိသားစု ၁၇ ဦး ေသဆုံး


Unicode
ပါကစ္စတန်နိုင်ငံတွင် အိမ်ထောင်ရေးတွင်မပျော်ပိုက်သည့်အသက် ၂၁ နှစ်အရွယ်အမျိုးသမီးတစ်ဦးသည် ခင်ပွန်းကိုအဆိပ်ခတ်သတ်ရန်ကြံရာမှ မတော်တဆမိ သားစုဝင် ၁၇ ဦးလုံးကိုသေဆုံးစေခဲ့သည့်အတွက် ဖမ်းဆီးတရားစွဲဆိုခံထားရသည်ဟု သိရသည်။

ပန်ဂျပ်ပြည်နယ် မူလ်တန်မြို့ရှိ ကျေးလက်ရွာလေးတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အာအေးရှဘီဘီအမည်ရှိအမျိုးသမီးသည် လက်ရှိခင်ပွန်းနှင့်အဓမ္မပေး စားခံခဲ့ရခြင်းဖြစ်ပြီး မပျော်ပိုက်သောကြောင့် အဆိပ်မခတ်မီတစ်ရက်အလိုတွင် ခင်ပွန်း၏နေအိမ်မှထွက်ပြေးခဲ့သည်။

သို့ သော် ဘီဘီ၏မိဘများကိုယ်တိုင်က ခင် ပွန်းထံ အိမ်တိုင်ရာရောက်ပြန်ပို့ပေးခဲ့ သည်။ ထို့နောက်တွင် ဘီဘီက အိမ် ထောင်မကျမီကချစ်သူထံမှတစ်ဆင့် အ ဆိပ်ကိုဝယ်ယူကာ ခင်ပွန်းကိုနွားနို့နှင့် ရောတိုက်ခဲ့သည်။



သို့သော် ခင်ပွန်းက မသောက်ဖြစ်ခဲ့ဘဲ ယောက္ခမက နို့ကို ဒိန်ချဉ်လုပ်ကာ တစ်မိသားစုကိုကျွေးခဲ့သည်။ ဒိန်ချဉ်သောက်ပြီးနောက်မကြာမီတွင် မိ သားစုဝင်ရှစ်ဦး ချက်ချင်းသေဆုံးခဲ့ပြီး ယခုအချိန်အထိ သေဆုံးသူ ၁၇ ဦးရှိနေပြီ ဖြစ်သော်လည်း ဆေးရုံမှလူနာ ၁၀ ဦးမှာ လည်း စိုးရိမ်ရသည့်အခြေအနေဖြစ်သည်။

ဘီဘီကအဆိပ်ကိုနို့နှင့်ရော၍ ခင်ပွန်းကိုတိုက်ခဲ့သော်လည်း တစ်မိသားစုလုံးကိုသတ်ရန်မရည်ရွယ်ခဲ့ဘဲ သေဆုံးခဲ့ သည့်မိသားစုဝင်များအတွက် ဝမ်းနည်းရပါကြောင်း ထွက်ဆိုထားသည်ဟု သိရသည်။

BBC


ပါကစၥတန္နိုင္ငံတြင္ အိမ္ေထာင္ေရးတြင္မေပ်ာ္ပိုက္သည့္အသက္ ၂၁ နွစ္အရြယ္အမ်ိုးသမီးတစ္ဦးသည္ ခင္ပြန္းကိုအဆိပ္ခတ္သတ္ရန္ျကံရာမွ မေတာ္တဆမိ သားစုဝင္ ၁၇ ဦးလံုးကိုေသဆံုးေစခဲ့သည့္အတြက္ ဖမ္းဆီးတရားစြဲဆိုခံထားရသည္ဟု သိရသည္။

ပန္ဂ်ပ္ျပည္နယ္ မူလ္တန္ျမို့ရွိ ေက်းလက္ရြာေလးတစ္ခုတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။ အာေအးရွဘီဘီအမည္ရွိအမ်ိုးသမီးသည္ လက္ရွိခင္ပြန္းနွင့္အဓမၼေပး စားခံခဲ့ရျခင္းျဖစ္ျပီး မေပ်ာ္ပိုက္ေသာေျကာင့္ အဆိပ္မခတ္မီတစ္ရက္အလိုတြင္ ခင္ပြန္း၏ေနအိမ္မွထြက္ေျပးခဲ့သည္။

သို့ ေသာ္ ဘီဘီ၏မိဘမ်ားကိုယ္တိုင္က ခင္ ပြန္းထံ အိမ္တိုင္ရာေရာက္ျပန္ပို့ေပးခဲ့ သည္။ ထို့ေနာက္တြင္ ဘီဘီက အိမ္ ေထာင္မက်မီကခ်စ္သူထံမွတစ္ဆင့္ အ ဆိပ္ကိုဝယ္ယူကာ ခင္ပြန္းကိုနြားနို့နွင့္ ေရာတိုက္ခဲ့သည္။



သို့ေသာ္ ခင္ပြန္းက မေသာက္ျဖစ္ခဲ့ဘဲ ေယာကၡမက နို့ကို ဒိန္ခ်ဉ္လုပ္ကာ တစ္မိသားစုကိုေကြ်းခဲ့သည္။ ဒိန္ခ်ဉ္ေသာက္ျပီးေနာက္မျကာမီတြင္ မိ သားစုဝင္ရွစ္ဦး ခ်က္ခ်င္းေသဆံုးခဲ့ျပီး ယခုအခ်ိန္အထိ ေသဆံုးသူ ၁၇ ဦးရွိေနျပီ ျဖစ္ေသာ္လည္း ေဆးရံုမွလူနာ ၁၀ ဦးမွာ လည္း စိုးရိမ္ရသည့္အေျခအေနျဖစ္သည္။

ဘီဘီကအဆိပ္ကိုနို့နွင့္ေရာ၍ ခင္ပြန္းကိုတိုက္ခဲ့ေသာ္လည္း တစ္မိသားစုလံုးကိုသတ္ရန္မရည္ရြယ္ခဲ့ဘဲ ေသဆံုးခဲ့ သည့္မိသားစုဝင္မ်ားအတြက္ ဝမ္းနည္းရပါေျကာင္း ထြက္ဆိုထားသည္ဟု သိရသည္။

BBC