11/09/2017
မိဘေနအိမ္မရွိခိုက္ အရြယ္မေရာက္ေသးသူအား ပိုက္ဆံေပးမည္ေျပာကာ သားမယားျပဳက်င့္သူအား တုိင္ၾကားအမႈဖြင့္
မင္းတုန္း ႏို၀င္ဘာ ၉
မေကြးတုိင္း ေဒသၾကီး မင္းတုန္းၿမိဳ႕နယ္၊ ဘိုင္းေက်းရြာေန အမ်ိဳးသမီးတစ္ဦးက ၎၏ေနအိမ္ေပၚ တက္ၿပီး သမီးျဖစ္သူအား သားမယား ျပဳက်င့္သည္ဆိုကာ အမ်ိဳသားတစ္ဦး အား ႏုိဝင္ဘာ(၇)ရက္ေန႔တြင္ တုိင္ၾကားအမႈဖြင့္ခဲ့ေၾကာင္း မင္းတုန္းၿမိဳ႕မရဲစခန္းမွ သိရသည္။
ျဖစ္စဥ္မွာ ဘိုင္းေက်းရြာေန ေဒၚပလူ ၊ ၄၃ႏွစ္သည္ ခင္ပြန္းျဖစ္သူႏွင့္အတူ ႏုိဝင္ဘာ (၆)ရက္ေန႔ နံနက္(၅) နာရီအခ်ိန္တြင္ စပါးအဌားရိတ္ရန္အတြက္ ေအာင္ခ်မ္းသာေက်းရြာသုိ႔ သြားေရာက္ခဲ့ေၾကာင္း၊ ၎၏ေနအိမ္တြင္ သမီးျဖစ္သူ မ—–၊ ၁၄ႏွစ္ တစ္ဦးတည္းက်န္ေနခဲ့ေၾကာင္း၊ တစ္ရြာတည္းေန ေဒၚပလူ၏ မိခင္ျဖစ္သူ ေဒၚပထယ္ မွေျမးျဖစ္သူ မ——၊၁၄ႏွစ္အား စိတ္မခ်သျဖင့္ နံနက္(၇)နာရီခြဲအခ်ိန္ သြားေရာက္ၾကည့္ရႈခဲ့ရာ ေဒၚပလူ၏ ေနအိမ္ အေပၚထပ္တြင္ မ—-၊ ၁၄ႏွစ္အား အာႏိုး(ခ)ျမင့္လြင္၊ ၃၄ႏွစ္ ၊ေရႊေခ်ာင္းရြာ၊ မင္းလွၿမိဳ႕နယ္ေနသူႏွင့္အတူ ထုိင္လွ်က္ေတြ႕ရွိသျဖင့္ ေမးျမန္းရာ အာႏုိး(ခ)ျမင့္လြင္ (လြန္ခဲ့ေသာ(၇)ႏွစ္ခန္႔မွစ၍ ဘိုင္းေက်းရြာ၌ ေနထိုင္ၿပီးက်ပန္းအလုပ္လုပ္ကိုင္သူသည္) ေဆးလိပ္ ဝင္ရွာတာဟုေျပာၿပီး ထြက္သြားသျဖင့္ မ—-၊၁၄ႏွစ္အားဆက္လက္ေမးျမန္းခဲ့ရာ မ—-၊ ၁၄ႏွစ္သည္ ဝက္စာက်ိဳေနစဥ္ အာႏုိး(ခ)ျမင့္လြင္ ေရာက္ရွိလာၿပီး ပိုက္ဆံေပးမည္ေျပာကာ အိပ္ခန္းအတြင္း လက္ဆြဲေခၚ၍ သားမယားအျဖစ္ျပဳက်င့္ခဲ့ ေၾကာင္းေျပာျပသိရွိခဲ့ျခင္းျဖစ္ေၾကာင္း တရားလို၏တုိင္ၾကားခ်က္အရ သိရသည္။
ျဖစ္စဥ္ႏွင့္ပက္သက္၍ သမီးျဖစ္သူအားသားမယားျပဳက်င့္သူ အာႏိုး(ခ)ျမင့္လြင္အား အေရးယူေပးရန္ ႏိုဝင္ဘာ(၇)ရက္ေန႔တြင္ေဒၚပလူ မွ တရားလိုျပဳတုိင္ၾကား ခဲ့၍ မင္းတုန္းၿမိဳ႕မရဲစခန္းက အမႈဖြင့္စစ္ေဆးလွ်က္ရွိေၾကာင္းသိရသည္။
kyawzayya
Myanmaalinn
Unicode
မင်းတုန်း နိုဝင်ဘာ ၉
မကွေးတိုင်း ဒေသကြီး မင်းတုန်းမြို့နယ်၊ ဘိုင်းကျေးရွာနေ အမျိုးသမီးတစ်ဦးက ၎င်း၏နေအိမ်ပေါ် တက်ပြီး သမီးဖြစ်သူအား သားမယား ပြုကျင့်သည်ဆိုကာ အမျိုသားတစ်ဦး အား နိုဝင်ဘာ(၇)ရက်နေ့တွင် တိုင်ကြားအမှုဖွင့်ခဲ့ကြောင်း မင်းတုန်းမြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ဘိုင်းကျေးရွာနေ ဒေါ်ပလူ ၊ ၄၃နှစ်သည် ခင်ပွန်းဖြစ်သူနှင့်အတူ နိုဝင်ဘာ (၆)ရက်နေ့ နံနက်(၅) နာရီအချိန်တွင် စပါးအဌားရိတ်ရန်အတွက် အောင်ချမ်းသာကျေးရွာသို့ သွားရောက်ခဲ့ကြောင်း၊ ၎င်း၏နေအိမ်တွင် သမီးဖြစ်သူ မ—–၊ ၁၄နှစ် တစ်ဦးတည်းကျန်နေခဲ့ကြောင်း၊ တစ်ရွာတည်းနေ ဒေါ်ပလူ၏ မိခင်ဖြစ်သူ ဒေါ်ပထယ် မှမြေးဖြစ်သူ မ——၊၁၄နှစ်အား စိတ်မချသဖြင့် နံနက်(၇)နာရီခွဲအချိန် သွားရောက်ကြည့်ရှုခဲ့ရာ ဒေါ်ပလူ၏ နေအိမ် အပေါ်ထပ်တွင် မ—-၊ ၁၄နှစ်အား အာနိုး(ခ)မြင့်လွင်၊ ၃၄နှစ် ၊ရွှေချောင်းရွာ၊ မင်းလှမြို့နယ်နေသူနှင့်အတူ ထိုင်လျှက်တွေ့ရှိသဖြင့် မေးမြန်းရာ အာနိုး(ခ)မြင့်လွင် (လွန်ခဲ့သော(၇)နှစ်ခန့်မှစ၍ ဘိုင်းကျေးရွာ၌ နေထိုင်ပြီးကျပန်းအလုပ်လုပ်ကိုင်သူသည်) ဆေးလိပ် ဝင်ရှာတာဟုပြောပြီး ထွက်သွားသဖြင့် မ—-၊၁၄နှစ်အားဆက်လက်မေးမြန်းခဲ့ရာ မ—-၊ ၁၄နှစ်သည် ဝက်စာကျိုနေစဉ် အာနိုး(ခ)မြင့်လွင် ရောက်ရှိလာပြီး ပိုက်ဆံပေးမည်ပြောကာ အိပ်ခန်းအတွင်း လက်ဆွဲခေါ်၍ သားမယားအဖြစ်ပြုကျင့်ခဲ့ ကြောင်းပြောပြသိရှိခဲ့ခြင်းဖြစ်ကြောင်း တရားလို၏တိုင်ကြားချက်အရ သိရသည်။
ဖြစ်စဉ်နှင့်ပက်သက်၍ သမီးဖြစ်သူအားသားမယားပြုကျင့်သူ အာနိုး(ခ)မြင့်လွင်အား အရေးယူပေးရန် နိုဝင်ဘာ(၇)ရက်နေ့တွင်ဒေါ်ပလူ မှ တရားလိုပြုတိုင်ကြား ခဲ့၍ မင်းတုန်းမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်းသိရသည်။
kyawzayya
Myanmaalinn