11/09/2017

သားဦးေလးကို သဘာဝအတိုင္းေမြးဖြားတဲ့ သၪၨာႏြယ္ဝင္း


သ႐ုပ္ေဆာင္ သၪၨာ ႏြယ္ဝင္းႏွင့္ စတီဗင္လွတို႔၏ ပထမဆံုးရင္ေသြး သားဦးေလးကို ႏုိဝင္ဘာ ၇ ရက္ေန႔လယ္က ဝိတို ရိယေဆး႐ံု၌ သဘာဝအတိုင္း ေမြးဖြားခဲ့သည္။

‘‘စစနာခ်င္တုန္းကေတာ့ သြားကိုက္သေလာက္ပဲနာတယ္။ မနက္ ၃ နာရီေလာက္က်ေတာ့ နည္းနည္းေလး ပိုနာလာလို႔ ေဆး ႐ံုသြားလိုက္တယ္။ ၅ နာရီ ေလာက္ထိ နည္းနည္းခ်င္းစီ ပိုနာ လာတယ္။ ၅ နာရီကေန ၈ နာရီ၊ ၉ နာရီေလာက္ထိ ပိုပိုနာလာ တယ္။ အဲဒီမွာ ဆရာမက သား အိမ္ပြင့္ေဆး လာထုိးေပးတယ္။ ထုိးၿပီးေတာ့ ႏွစ္မိနစ္ တစ္ခါ ေလာက္ပဲ နာေတာ့တယ္။ ၿပီး ေတာ့ ေန႔လယ္ပိုင္းမွာေမြးတယ္။ ကေလးအျပင္ထြက္သြားေတာ့ ေတာ္ေတာ္ေလး ေနလို႔ေကာင္း သြားတယ္’’ဟု ၎က မီးဖြားသည့္ အေတြ႕အႀကံဳကို ေျပာၾကားသည္။

ကေလးသည္ ကိုယ္အေလး ခ်ိန္ ၆ ေပါင္ ၈ ေအာင္စရွိၿပီး ကေလးႏွင့္မိခင္ပါ က်န္းမာ သလို ကေလး၏ သြင္ျပင္လကၡ ဏာသည္ ၎ႏွင့္တူလြန္းေသာ ေၾကာင့္ စိတ္ဓာတ္ပိုင္းဆိုင္ရာႏွင့္ ပတ္သက္၍ အမ်ဳိးသားႏွင့္ တူပါ က ပိုေကာင္းမည္ဟု သၪၨာႏြယ္ ဝင္းက ေျပာသည္။

‘‘သားေလး မ်က္ႏွာျမင္ ေတာ့ ေပ်ာ္တယ္။ သားေလးကို ေအာင္ေအာင္ျမင္ျမင္ ေမြးဖြား ေပးလိုက္ႏုိင္တဲ့အတြက္ ေက်နပ္ တယ္။ အမ်ဳိးသားကလည္း ေပ်ာ္ ေနတယ္။ ကိုယ္ဝန္စရွိကတည္း က ေဘးကေန သူပဲ အနီးကပ္ဂ႐ု စိုက္ေပးခဲ့တယ္။ သၪၨာေရာ၊ သူ ေရာ ေပ်ာ္ေနပါတယ္။ ေျပာ ေတာင္မေျပာျပတတ္ပါဘူး’’ဟု ၎က ေျပာသည္။

ယခင္ကတည္းက ရင္ေသြး သံုးဦးယူရန္ တုိင္ပင္ထားေသာ ေၾကာင့္ သားဦးေလး တစ္ႏွစ္ျပည့္ ခ်ိန္တြင္  ေနာက္တစ္ဦး  ထပ္ယူ မည္ဟု သၪၨာႏြယ္ဝင္းက ေျပာ သည္။

‘‘တစ္ေယာက္နဲ႔တစ္ေယာက္ ကို အရမ္းႀကီး မကြာေစခ်င္ဘူး ေလ။ ေမြးေပးတဲ့ ဆရာမကလည္း သၪၨာေမြးတာ ျမန္တယ္တဲ့။ အရမ္းႀကီး မခံစားရဘူးလို႔ေျပာ တယ္။ နာေပမယ့္ အဆင္ေျပ တယ္ေပါ့။ ထပ္ယူျဖစ္မွာပါ။ သံုး ေယာက္ယူဖို႔ စိတ္ကူးထားပါ တယ္’’ဟုဆိုသည္။

သၪၨာႏြယ္ဝင္းသည္ ႏိုဝင္ ဘာ ၉ ရက္ ေန႔လယ္တြင္ ေဆး႐ံု မွ ဆင္းရမည္ျဖစ္သည္။

Unicode
သရုပ်ဆောင် သဉ္ဇာ နွယ်ဝင်းနှင့် စတီဗင်လှတို့၏ ပထမဆုံးရင်သွေး သားဦးလေးကို နိုဝင်ဘာ ၇ ရက်နေ့လယ်က ဝိတို ရိယဆေးရုံ၌ သဘာဝအတိုင်း မွေးဖွားခဲ့သည်။

‘‘စစနာချင်တုန်းကတော့ သွားကိုက်သလောက်ပဲနာတယ်။ မနက် ၃ နာရီလောက်ကျတော့ နည်းနည်းလေး ပိုနာလာလို့ ဆေး ရုံသွားလိုက်တယ်။ ၅ နာရီ လောက်ထိ နည်းနည်းချင်းစီ ပိုနာ လာတယ်။ ၅ နာရီကနေ ၈ နာရီ၊ ၉ နာရီလောက်ထိ ပိုပိုနာလာ တယ်။ အဲဒီမှာ ဆရာမက သား အိမ်ပွင့်ဆေး လာထိုးပေးတယ်။ ထိုးပြီးတော့ နှစ်မိနစ် တစ်ခါ လောက်ပဲ နာတော့တယ်။ ပြီး တော့ နေ့လယ်ပိုင်းမှာမွေးတယ်။ ကလေးအပြင်ထွက်သွားတော့ တော်တော်လေး နေလို့ကောင်း သွားတယ်’’ဟု ၎င်းက မီးဖွားသည့် အတွေ့အကြုံကို ပြောကြားသည်။

ကလေးသည် ကိုယ်အလေး ချိန် ၆ ပေါင် ၈ အောင်စရှိပြီး ကလေးနှင့်မိခင်ပါ ကျန်းမာ သလို ကလေး၏ သွင်ပြင်လက္ခ ဏာသည် ၎င်းနှင့်တူလွန်းသော ကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အမျိုးသားနှင့် တူပါ က ပိုကောင်းမည်ဟု သဉ္ဇာနွယ် ဝင်းက ပြောသည်။

‘‘သားလေး မျက်နှာမြင် တော့ ပျော်တယ်။ သားလေးကို အောင်အောင်မြင်မြင် မွေးဖွား ပေးလိုက်နိုင်တဲ့အတွက် ကျေနပ် တယ်။ အမျိုးသားကလည်း ပျော် နေတယ်။ ကိုယ်ဝန်စရှိကတည်း က ဘေးကနေ သူပဲ အနီးကပ်ဂရု စိုက်ပေးခဲ့တယ်။ သဉ္ဇာရော၊ သူ ရော ပျော်နေပါတယ်။ ပြော တောင်မပြောပြတတ်ပါဘူး’’ဟု ၎င်းက ပြောသည်။

ယခင်ကတည်းက ရင်သွေး သုံးဦးယူရန် တိုင်ပင်ထားသော ကြောင့် သားဦးလေး တစ်နှစ်ပြည့် ချိန်တွင် နောက်တစ်ဦး ထပ်ယူ မည်ဟု သဉ္ဇာနွယ်ဝင်းက ပြော သည်။

‘‘တစ်ယောက်နဲ့တစ်ယောက် ကို အရမ်းကြီး မကွာစေချင်ဘူး လေ။ မွေးပေးတဲ့ ဆရာမကလည်း သဉ္ဇာမွေးတာ မြန်တယ်တဲ့။ အရမ်းကြီး မခံစားရဘူးလို့ပြော တယ်။ နာပေမယ့် အဆင်ပြေ တယ်ပေါ့။ ထပ်ယူဖြစ်မှာပါ။ သုံး ယောက်ယူဖို့ စိတ်ကူးထားပါ တယ်’’ဟုဆိုသည်။

သဉ္ဇာနွယ်ဝင်းသည် နိုဝင် ဘာ ၉ ရက် နေ့လယ်တွင် ဆေးရုံ မှ ဆင်းရမည်ဖြစ်သည်။


Credit :7Day News Journal