လူမႈကြန္ရက္ စာမ်က္ႏွာမ်ားတြင္ ပ်ံ႕ႏွံ႔ေနေသာ တနသၤာရီၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္က ႐ြာသားတစ္ဦးကို ကိုယ္ထိလက္ေရာက္ က်ဴးလြန္သည့္ကိစၥကို စံုစမ္းစစ္ေဆးမည္ျဖစ္ေၾကာင္း တနသၤာရီ တိုင္းေဒသႀကီး အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ (NLD) ဥကၠ႒ ဦးေအာင္စိုးက ေျပာၾကားသည္။
Facebook စာမ်က္ႏွာတြင္ ပ်ံ႕ႏွံ႔ေနေသာ ဗီဒီယိုဖိုင္အရ တနသၤာရီၿမိဳ႕နယ္ မဲဆႏၵနယ္မွ တနသၤာရီ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္က ေဒသခံ ႐ြာသားတစ္ဦးႏွင့္ အေျခအတင္ ျဖစ္ပြားရင္း နားရင္း အုပ္လိုက္ျခင္း ျဖစ္သည္။
တနသၤာရီ တိုင္းေဒသႀကီး၊ တနသၤာရီၿမိဳ႕နယ္ရွိ ေက်း႐ြာတစ္႐ြာတြင္ ဧၿပီလ ၈ ရက္ေန႔က ျဖစ္ပြားခဲ့ျခင္းၿပီး ရက္သတၲပတ္ ႏွစ္ပတ္ခန္႔ အၾကာတြင္ Facebook လူမႈကြန္ရက္ စာမ်က္ႏွာေပၚ ပ်ံ႕ႏွံ႔ခဲ့ျခင္း ျဖစ္သည္။
ထိုကိစၥမွာ ႏိုင္ငံတစ္ဝန္းရွိ အမ်ားျပည္သူမ်ားအၾကား ေဝဖန္စရာ ျဖစ္လာခဲ့သည္။
ယင္းကိစၥကို စံုစမ္းရန္ တိုင္းေဒသႀကီး အလုပ္မႈေဆာင္အဖြဲ႔ကို တာဝန္ေပးသြားမည္ျဖစ္ၿပီး ထိုေနာက္ ပါတီဗဟိုစည္းကမ္းထိန္းသိမ္းေရး ေကာ္မတီသို႔ တင္ျပသြားမည္ျဖစ္ေၾကာင္း ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ တစ္ဦးလည္းျဖစ္သူ ဦးေအာင္စိုးက Dawei Watch သို႔ ေျပာၾကားသည္။
ၿမိတ္ခ႐ိုင္၊ တနသၤာရီၿမိဳ႕နယ္၊ ပဝ ေခ်ာင္းထဲ႐ြာရွိ စာသင္ေက်ာင္းေဆာင္သစ္ သတ္မွတ္ အရည္အေသြး ျပည့္ မျပည့္ကို တနသၤာရီ တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးရဲျမင့္ေဆြႏွင့္ အုပ္ခ်ဳပ္ေရး၊ ေဆာက္လုပ္ေရးတို႔မွ တာဝန္ရွိသူမ်ား သြားေရာက္ စစ္ေဆးရာတြင္ ထိုသို႔ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။
ထိုသို႔ စစ္ေဆးရာတြင္ ပဝ႐ြာမေန ဦးထြန္းလွဆိုသူက လုပ္ငန္းစစ္ေဆး ေဆာင္႐ြက္ေနစဥ္ သစ္သား အသံုးျပဳထားမႈမ်ားႏွင့္ ပတ္သက္ၿပီး ဝင္ေရာက္ ေျပာဆိုခဲ့သည္ကို ဦးရဲျမင့္ေဆြက ျပန္လည္ ရွင္းျပခဲ့ေၾကာင္း ပ်ံ႕ႏွံ႔ေနေသာ ႐ုပ္သံဖိုင္အရ သိရသည္။
ရွင္းျပသည္ကို လက္မခံဘဲ အျခား႐ြာသားအခ်ိဳ႕ႏွင့္ပါ အေျခအတင္ျဖစ္လာၿပီးေနာက္ ဦးရဲျမင့္ေဆြက ထိုသို႔ နားရင္း အုပ္လိုက္ျခင္းျဖစ္သည္။
“ခင္ဗ်ားလည္း နည္းပညာရွင္ မဟုတ္ဘူး။ ကၽြန္ေတာ္လည္း နည္းပညာရွင္ မဟုတ္ဘူး။ ဒီမွာ နည္းပညာရွင္ေတြ ပါတယ္။ သူတို႔က လိုအပ္တာေတြကို ေျပာသြားလိမ့္မယ္”ဟု လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရဲျမင့္ေဆြက ႐ြာသားဦးထြန္းလွအား ေျပာဆိုခဲ့ေၾကာင္း ယင္းျဖစ္စဥ္တြင္ ပါဝင္ေနသူ ေဒၚညိဳညိဳသန္းက ေျပာျပသည္။
“ဝိုင္းၿပီး ေတာင္းပန္ေနတာေတာင္ အဆင္မေျပဘူး”ဟု ေဒၚညိဳညိဳသန္းက ဦးထြန္းလွကို ရည္ညႊန္းေျပာဆိုသည္။
ထိုကိစၥႏွင့္ ပတ္သက္ၿပီး ကာယကံရွင္ ဦးရဲျမင့္ေဆြအား ဧၿပီလ ၂၃ ရက္ေန႔ ေန႔လယ္က တယ္လီဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း ဖုန္းပိတ္ထားခဲ့သည္။
ဦးရဲျမင့္ေဆြမွာ ေယဘုယ်အားျဖင့္ နာမည္ပ်က္ နည္းပါးၿပီး တိုင္းအတြင္း နာမည္ရေသာ တက္ႂကြသည့္ လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးအျဖစ္လည္း မွတ္ခ်က္ျပဳ ၾကသည္။
“သူက တနသၤာရီၿမိဳ႕အတြက္ ျပည္သူေတြအတြက္ တကယ္ အလုပ္လုပ္တဲ့သူ တစ္ေယာက္ပါ။ တိုင္းလႊတ္ေတာ္မွာ ျပည္သူ႔အတြက္ ေမးခြန္းလည္း အမ်ားႀကီး ေမးတတ္တဲ့သူ တိုင္းလႊတ္ေတာ္အတြက္ အားကိုးရတဲ့သူပါ။ လမ္းတံတားစတဲ့ စီမံကိန္းေတြ စစ္ေဆးတဲ့ေနရာမွာလည္း စိတ္ခ်ရတဲ့သူ တစ္ေယာက္ပါ”ဟု တနသၤာရီ တိုင္းေဒသႀကီး လႊတ္ေတာ္ ဥကၠ႒ ဦးခင္ေမာင္ေအးက မွတ္ခ်က္ျပဳသည္။
Facebook လူမႈကြန္ရက္ စာမ်က္ႏွာတြင္ ပ်ံ႕ႏွံေနသည့္ ႐ုပ္သံဖိုင္ႏွင့္ ပတ္သက္ၿပီး ဧၿပီလ ၂၄ ရက္ေန႔တြင္ ပဝေက်း႐ြာတြင္ ရွင္းလင္းပြဲ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း တနသၤာရီၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ အသိုင္းအဝိုင္းထံမွ သိရသည္။
Dawei Watch
လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေသော တနင်္သာရီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ရွာသားတစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်သည့်ကိစ္စကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးအောင်စိုးက ပြောကြားသည်။
Facebook စာမျက်နှာတွင် ပျံ့နှံ့နေသော ဗီဒီယိုဖိုင်အရ တနင်္သာရီမြို့နယ် မဲဆန္ဒနယ်မှ တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ဒေသခံ ရွာသားတစ်ဦးနှင့် အခြေအတင် ဖြစ်ပွားရင်း နားရင်း အုပ်လိုက်ခြင်း ဖြစ်သည်။
တနင်္သာရီ တိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ဧပြီလ ၈ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းပြီး ရက်သတ္တပတ် နှစ်ပတ်ခန့် အကြာတွင် Facebook လူမှုကွန်ရက် စာမျက်နှာပေါ် ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။
ထိုကိစ္စမှာ နိုင်ငံတစ်ဝန်းရှိ အများပြည်သူများအကြား ဝေဖန်စရာ ဖြစ်လာခဲ့သည်။
ယင်းကိစ္စကို စုံစမ်းရန် တိုင်းဒေသကြီး အလုပ်မှုဆောင်အဖွဲ့ကို တာဝန်ပေးသွားမည်ဖြစ်ပြီး ထိုနောက် ပါတီဗဟိုစည်းကမ်းထိန်းသိမ်းရေး ကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်သူ ဦးအောင်စိုးက Dawei Watch သို့ ပြောကြားသည်။
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ပဝ ချောင်းထဲရွာရှိ စာသင်ကျောင်းဆောင်သစ် သတ်မှတ် အရည်အသွေး ပြည့် မပြည့်ကို တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေနှင့် အုပ်ချုပ်ရေး၊ ဆောက်လုပ်ရေးတို့မှ တာဝန်ရှိသူများ သွားရောက် စစ်ဆေးရာတွင် ထိုသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ စစ်ဆေးရာတွင် ပဝရွာမနေ ဦးထွန်းလှဆိုသူက လုပ်ငန်းစစ်ဆေး ဆောင်ရွက်နေစဉ် သစ်သား အသုံးပြုထားမှုများနှင့် ပတ်သက်ပြီး ဝင်ရောက် ပြောဆိုခဲ့သည်ကို ဦးရဲမြင့်ဆွေက ပြန်လည် ရှင်းပြခဲ့ကြောင်း ပျံ့နှံ့နေသော ရုပ်သံဖိုင်အရ သိရသည်။
ရှင်းပြသည်ကို လက်မခံဘဲ အခြားရွာသားအချို့နှင့်ပါ အခြေအတင်ဖြစ်လာပြီးနောက် ဦးရဲမြင့်ဆွေက ထိုသို့ နားရင်း အုပ်လိုက်ခြင်းဖြစ်သည်။
“ခင်ဗျားလည်း နည်းပညာရှင် မဟုတ်ဘူး။ ကျွန်တော်လည်း နည်းပညာရှင် မဟုတ်ဘူး။ ဒီမှာ နည်းပညာရှင်တွေ ပါတယ်။ သူတို့က လိုအပ်တာတွေကို ပြောသွားလိမ့်မယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ရွာသားဦးထွန်းလှအား ပြောဆိုခဲ့ကြောင်း ယင်းဖြစ်စဉ်တွင် ပါဝင်နေသူ ဒေါ်ညိုညိုသန်းက ပြောပြသည်။
“ဝိုင်းပြီး တောင်းပန်နေတာတောင် အဆင်မပြေဘူး”ဟု ဒေါ်ညိုညိုသန်းက ဦးထွန်းလှကို ရည်ညွှန်းပြောဆိုသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ကာယကံရှင် ဦးရဲမြင့်ဆွေအား ဧပြီလ ၂၃ ရက်နေ့ နေ့လယ်က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပိတ်ထားခဲ့သည်။
ဦးရဲမြင့်ဆွေမှာ ယေဘုယျအားဖြင့် နာမည်ပျက် နည်းပါးပြီး တိုင်းအတွင်း နာမည်ရသော တက်ကြွသည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအဖြစ်လည်း မှတ်ချက်ပြု ကြသည်။
“သူက တနင်္သာရီမြို့အတွက် ပြည်သူတွေအတွက် တကယ် အလုပ်လုပ်တဲ့သူ တစ်ယောက်ပါ။ တိုင်းလွှတ်တော်မှာ ပြည်သူ့အတွက် မေးခွန်းလည်း အများကြီး မေးတတ်တဲ့သူ တိုင်းလွှတ်တော်အတွက် အားကိုးရတဲ့သူပါ။ လမ်းတံတားစတဲ့ စီမံကိန်းတွေ စစ်ဆေးတဲ့နေရာမှာလည်း စိတ်ချရတဲ့သူ တစ်ယောက်ပါ”ဟု တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက မှတ်ချက်ပြုသည်။
Facebook လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံနေသည့် ရုပ်သံဖိုင်နှင့် ပတ်သက်ပြီး ဧပြီလ ၂၄ ရက်နေ့တွင် ပဝကျေးရွာတွင် ရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် လွှတ်တော်ကိုယ်စားလှယ် အသိုင်းအဝိုင်းထံမှ သိရသည်။
Dawei Watch
