4/23/2017

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးခြင်း ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့





၂၀၁၇ခုနှစ်၊ ဧပြီလ(၂၂)ရက်နေ့တွင် နေပြည်တော်ကောင်စီနယ် မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ကြာပင်အုပ်စု၊ ထန်းတစ် ပင်ေ ကျးရွာတွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှုတစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သတင်းကြားသိရသည်။



ဖြစ်စဉ်မှာ ဒက္ခိဏသီရိမြို့နယ်၊ မြို့မရဲစခန်းမှ ရဲအုပ်-ဝင်းအောင် တာဝန်မှူးတာဝန်ထမ်းဆောင်နေစဉ် အဆိုပါနေရာ၌ လူ တစ်ဦးကြိုးဆွဲချ သေဆုံးနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာတွင် သေဆုံးသူ၏ ယောက္ခမဖြစ်သူသည် (၂၁ .၄.၂၀၁၇) ရက်နေ့ ည ၁၁ နာရီ ၃၀မိနစ် အချိန်ခန့်တွင် နေအိမ်အနောက်ဘက်သို့ အပေါ့သွားရာမှ နေအိမ် အနောက် ဘက် တစ်ဝိုင်းတည်းတွင် အိမ်ခွဲ၍နေထိုင်ကြသော သားဖြစ်သူနှင့် ချွေးမဖြစ်သူတို့အား ခေါ်နိုး၍ မရသဖြင့် ၎င်းသည် နေအိမ်အပေါက်ဝမှ ဓာတ်မီးထိုးကြည့်မိရာ ချွေးမတော်စပ်သူ မစန္ဒာ အသက်(၂၀)နှစ်သည် နေအိမ်အတွင်းခန်းရှိ (၆)ေ ပခွဲခန့် အမြင်ရှိသော ထုတ်တန်းပေါ်တွင် (၃)ပေခွဲခန့်ရှိ (၃) ပင်လိမ် အနီရောင် ပလပ်စတစ်ကြိုးဖြင့် ကြိုးဆွဲချသေဆုံးေ နသည်ကို တွေ့ရှိရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဝင်း ထံသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

၎င်းနောက် သေဆုံးသူ၏ အလောင်းအား ဆက်လက်စစ်ဆေးခဲ့ရာ ပြင်ပဒဏ်ရာမတွေ့ရှိရပဲ လည်ပင်တွင်ကြိုးချည်ထား လျှက် ထုတ်တန်းတွင် ကြိုးတန်းလန်းဖြင့် သေဆုံးနေခြင်းနှင့် လျှာအနည်းငယ်ထွက်ခြင်းတို့ကိုသာ စစ်ဆေးတွေ့ရှိရသဖြင့် အလောင်းအား ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ်ကို သိရှိနိုင်စေရန် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ ပေးပို့ထားပါကြောင်း သိရသည်။



အဆိုပါ ဖြစ်စဉ်အား ဒက္ခိဏသီရိမြို့မရဲစခန်း၏ သေမှုသေခင်းအမှတ်စဉ်(၃/၂၀၁၇) ဖြင့် အမှုဖွင့် အရေးယူထားရှိပြီး ဒု-ရဲမှူးမြင့်စိုး (မြို့မ-စခန်းမှူး) မှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိခဲ့သည်။

သို့ဖြစ်ပါ၍ ယ္ခုရက်ပိုင်းအတွင်း ဒက္ခိဏသီရိမြို့နယ် အတွင်း၌ကြိုးဆွဲချသေဆုံးမှုဖြစ်စဉ် အမျိုးသားတစ်ဦး အမျိုးသမီးတစ် ဦး ၂ဦး ရှိခဲ့ပြီမို့ ရခဲလှသော လူ့ဘဝကြီးကို ရရှိနေကြချိန်လေးများမှာ ကြုံဆုံတတ်ကြမြဲဖြစ်သည့် လောကဓံတရားတို့ကို “ခိုင်မာသောစိတ်ဓာတ်” မလျှော့သော ဇွဲလုံ့လ ဝီရိယများဖြင့် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြတ်သန်းကြရမှာဖြစ်ပြီး “အဖန်ငါးရာ ငါး ကမ္ဘာပတ်လုံး” ထပ်ဖန်တလဲလဲ ပေးဆပ်ကြရမည့် အဖြစ်ဆိုးမျိုးများကို အတုယူမမှားကြစေပဲ တန်ဖိုးကြီးလှပါသော “ရခဲလှသည့် လူ့ဘဝ”ကို တန်ဖိုးရှိရှိနဲ့ အသုံးချရပ်တည်နိုင်ကြပါစေကြောင်း စိတ်ဆန္ဒပြုရင်းဖြင့် ဤသေမှုသေခင်း နော က်ထပ် ဖြစ်စဉ်တစ်ခုအား မရေးချင်ပါသော်လည်း ပြည်သူအများ လမ်းမမှား ခံယူချက်မမှားကြစေဖို့ ရေးသားလို က် ရပါတော့သတည်း။


“သဗ္ဗသတ္တာနံ ဉာဏဒဿနံ ပဿန္တု”

အရင်းအမြစ်: စစ်သည်တော်အဖွဲ့
Credit to MCNews