4/23/2017
ချစ်သူကောင်လေး အိပ်နေတာကို ဗြောက်အိုး ဖောက်ပြီး နှိုးတဲ့ကောင်မလေး
အခု နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေတဲ့ ကောင်လေးကို သူ့ချစ်သူက ဗြောက်အိုး တွေဖောက်ပြီး အိပ်ယာကနေ နှိုးတာပါ။
အချစ်မှာ မျက်စိမရှိဘူးလို့ တစ်ချို့က ဆိုကြပါတယ်။ တကယ်လည်း ချစ်သူအချင်းချင်း စတဲ့နောက်တဲ့ လုပ်ရပ်တစ်ချို့ဟာ အနောက်ခံရသူကို မျက်လုံးကန်းစေနိုင်တဲ့ အထိ အန္တရာယ်ရှိပါတယ်။
ဗြောက်အိုးဒီလုပ်ရပ်ကို ကမ္ဘာ့အရပ်စက်ဆုံး အသစ်ဖန်တီးလိုက်တဲ့ နှိုးစက်လို့တောင် သတင်းစာတွေက အမည်တပ်ထားပါတယ်။ မနက်လင်းပိုင်း အိပ်လို့ကောင်းနေချိန် တ၀ုန်းဝုန်းတဒိုင်းဒိုင်းနဲ့ မြည်တော့ မသိရင် သေနတ်နဲ့ လာပစ်တယ်ထင်ပြီး လိပ်ပြာငယ်သူဆိုရင် ချက်ချင်း အသက်ထွက်နိုင်ပါတယ်။
အိပ်ယာအနှံ့မှာ ဖြန့်ချထားတဲ့ ဗြောက်အိုးတွေကြောင့် မျက်လုံးကို မီးစ ယမ်းစတွေမှန်ပြီး ချက်ချင်း ကန်းနိုင်တဲ့ အပြုအမူတွေ ဖြစ်ပါတယ်။ ဒါမှ အချစ်က တစ်ကယ်ဆို မျက်စိမရှိပါလား-ဆိုပြီး ဖြစ်သွားမယ့် အနေအထားပါ။ အူယားဖားယားနဲ့ပြေးထွက်လာတဲ့ ကောင်လေးကတော့ အခန်းဝမှာ လဲကျနေပြီး ဘာမှမပြောနိုင်ပါဘူး။ ဗြောက်အိုးသူ့ အိမ်ယာပတ်ပတ်လည်မှာ တင်ထားတဲ့ ဗြောက်အိုးအတွဲကလည်း ကျွန်တော်တို့ဆီက သတင်းကျွတ်တစ်ခုစာလောက် ရှိပါတယ်။
ဒီဗွီဒီယိုမှာ ပါဝင်ခဲ့သူတွေအမည်ကို မသိရပါဘူး။ ဒါ့အပြင် ကောင်လေးက ဒီလိုလုပ်ကြံဗွီဒီယိုရိုက်ကူးဖို့အတွက် အိပ်ချင်ယောင်ဆောင်နေတာလား၊ တကယ့်ကို ကောင်မလေး စတာနောက်တာ ခံရတာလားဆိုတာကတော့ ကာယကံရှင်တွေသာ သိနိုင်မယ့် ကိစ္စပါ။
Credit:Shwemom
"www.shwemom.com မှ ကူးယူဖော်ပြသည်။"
