ဖြစ်စဉ်မှာ ၂၁ – ၃ – ၂၀၁၇ ရက်နေ့ ည ၉ နာရီခွဲ အချိန်ခန့်တွင် မြဝတီမြို့ အမှတ် ၅ ရက်ကွက် ပတ္တမြားဆီဆိုင်လမ်း ရှမ်း လမ်းခွဲနေ မ —– ၃၄ နှစ်အား ၄င်း၏ ခင်ပွန်းဖြစ်သူ အောင်ဆန်းထွန်း ၄၄ နှစ်က နေအိမ်တန်းလျား၌ အတူရှိနေစဉ် မ——၏အင်္ကျီ အဝတ်များအား ချွတ်၍ တစ်ကိုယ်လုံးကြိုးဖြင့်ချည်ပြီး ဝါးရင်းတုတ်ဖြင့်ရိုက်ခြင်း ၊ လက်သီးဖြင့်ထိုးခြင်း ၊ ခြေထောက်ဖြင့် ကန်ခြင်း မိန်းမကိုယ်အား ဆေးလိပ်မီးဖြင့် ထိုးခြင်း များပြုလုပ်သည်။
ဝဲဘက်လက်ဖျံရိုးအားကျိုးသည်အထိရိုက်နှက်ခြင်း ခေါင်းနှောက်စေ့ဖူးရောက်ဒဏ်ရာ ၊ ဝဲဘက်ခြေထောက်ခြေကျင့် ဝတ် ဖူးရောင် ဒဏ်ရာများရရှိအောင် ရိုက်နက်သဖြင့် မြဝတီမြို့ ပြည်သူ့ဆေးရုံတွင် တင်ပို့ကုသထားရကြောင်းသိရသည်။
ထိုအပြင် အောင်ဆန်းထွန်းမှာ ၄င်းကိုင်ဆောင်သော ပစ္စတိုသေနတ် နှင့် ကျည် တောင့် ၂၀ ခန့်တို့အား ၄င်း၏ လွယ်အိ တ်အတွင်း အမြဲတမ်းထည့်ထားပြီး မ——အားပစ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး သေနတ်ဖြင့် ပစ်မသတ်မီ မိမိ ၏ ဇနီးဖြစ်သူအား သေစေရန် ရည်ရွယ်၍ ရည်ရွယ်ချက်ရှိရှိဖြင့် ဝါးတုတ်ဖြင့် မ——၏ ခနွကိုယ်တစ်ခုလုံးအား ရိုက်နက်ခဲ့ သဖြင့် မ—–၏ သူငယ်ချင်းဖြစ်သူ ဒေါ်——-မှ မြဝတီမြို့မရဲစခန်းသို့ လာရောက်အမှုဖွင့်လှစ်တိုင်ကြားထားကြောင်း သိရသည်။