4/24/2017

မြောက်ကိုရီးယားကို စောင့်ကြည့်ရင်း ဗုံးကြဲလေယာဉ်တွေကို အမြင့်ဆုံးတပ်လှန့်လိုက်တဲ့ တရုတ်


 မြောက်ကိုရီးယားနိုင်ငံတွင်းက ဖြစ်လာနိုင်ခြေတစ်ရပ်ကို တုံ့ပြန်ဖို့ တရုတ်စစ်တပ် ကြိုတင်ပြင်ဆင်နေတဲ့ အထောက်အထားတွေအဖြစ် တရုတ်ဟာ ခရုဇ်ဒုံးကျည်တွေ သယ်ဆောင်နိုင်တဲ့ ဗုံးကြဲလေယာဉ်တွေကို သည်တစ်ပတ်အတွင်း အမြင့်ဆုံးအဆင့်အထိ ယာယီတပ်လှန့်ထားတယ်လို့ အမေရိကန်ကာကယ်ရေးအရာရှိတစ်ဦးက စီအင်န်အင်န်ကို ပြောပါတယ်။

တရုတ်စစ်တပ်ဟာ သူ့ရဲ့ပြန်လည်တုံ့ ပြန်နိုင်စမ်းကို တိုးမြှင့်ဖို့ စစ်ရေးပုံစံကို ချိန်ညှိမှု အစိတ်အပိုင်းတစ်ခုအဖြစ် အပြည့် အဝအဆင်သင့်ဖြစ်နေအောင်လို့ တရုတ် စစ်လေယာဉ်တွေ သာမန်ထက်ပိုပြီး အားဖြည့်ထားတာကို အမေရိကန်ပြည်ထောင် စုက တွေ့မြင်ထားတယ်လို့ အဆိုပါအရာရှိက ပြောပါတယ်။

သည်လိုသတိပေးမှုအပြောင်းအလဲဟာ ယာယီဆောင်ရွက်မှုတစ်ခုအဖြစ် မှတ်ယူရပါတယ်။ သည်လိုလတ်တလော လုပ်ဆောင်မှုတွေဟာ မြောက်ကိုရီးယား ဘက်က မရေမရာအခြေအနေကို တုံ့ပြန် ရာမှာ ကြာမယ့်အချိန်ကို အခိုက်အတန့် ကာလမှာ လျှော့ချနိုင်အောင်လုပ်ဆောင်တဲ့ တရုတ်ရဲ့ကြိုးပမ်းမှုအဖြစ် သတ်မှတ် ထားတယ်လို့ သူက ပြောပါတယ်။ သည်လို မရေမရာအခြေအနေထဲမှာ မြောက်ကို ရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေ နောက်ပိုင်း တင်းမာမှုတွေ ပိုပြီးမြင့်တက်လာတဲ့ ကိုရီးယားကျွန်းဆွယ်မှာ လက်နက်ကိုင်စစ်ပွဲတစ်ရပ်ဖြစ်ပွားမယ့် အလားအလာတစ်ရပ်လည်းပါဝင်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသား လုကန်းက တရုတ်လေ တပ်မှာ အမြင့်ဆုံး တပ်လှန့်ထားတဲ့ သတင်းတွေကို သူလည်း သတိပြုမိပေမဲ့ သည်အတွက် သူ့မှာပေးစရာသတင်းအချက်အလက်မရှိဘူးလို့ သောကြာနေ့က ပြောပါတယ်။ ဒါပေမဲ့ တရုတ်အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနကတော့ အမေရိ ကန်အရာရှိရဲ့ သည်ပြောဆိုချက်တွေဟာ မမှန်ဘူးလို့ ဆိုပါတယ်။

အမေရိကန်အစိုးရနဲ့ မြောက်ကိုရီးယားအစိုးရဟာလည်း စကားလုံးတိုက်ပွဲဆင်မှုတွေ တိုးလာပြီး မြောက်ကိုရီးယား အစိုးရပိုင်မီဒီယာကလည်း တကယ်လို့ မြောက်ကိုရီးယားသာ ကြိုတင်လက်ဦးမှု တိုက်ခိုက်လိုက်မယ်ဆိုရင် အမေရိကန်နဲ့ တောင်ကိုရီးယားဟာ တစ်မုဟုတ်ချင်းမှာပဲ လုံးဝပျက်စီးသွားလိမ့်မယ်လို့ ကြာသပတေးနေ့က သတိပေးခဲ့ပါတယ်။

တရုတ်အစိုးရကလည်း မြောက်ကိုရီး ယားမှာ အစိုးရသာ ပြိုလဲသွားမယ်ဆိုရင် ဖြစ်လာနိုင်တဲ့ မတည်ငြိမ်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေတာ အတော်ကြာပြီဖြစ်ပါ တယ်။ ဒုက္ခသည်တွေ အုပ်စုလိုက်ခိုဝင် လာမှာ၊ အမေရိကန်နဲ့ ရင်းနှီးတဲ့ မဟာ မိတ် တောင်ကိုရီးယားအစိုးရလက်ထက် မှာ ကိုရီးယားနိုင်ငံပြန်လည်ပေါင်းစည်း သွားမှာ စတာတွေကို စိုးရိမ်နေပါတယ်။

မြောက်ကိုရီးယားနဲ့ တရုတ်ကြားက ရင်းနှီးတဲ့ စီးပွားရေးဆက်နွှယ်မှုတွေကြောင့် အမေရိကန်စစ်ဘက်အရာရှိတွေက တရုတ်အစိုးရဟာ သည်အခြေအနေ ကို ဖြေရှင်းရာမှာ အဓိက အခရာကျတယ် လို့ ပြောသလို မြောက်ကိုရီးယားလုပ်ရပ်တွေကို လျှော့ချဖို့ တရုတ်ရဲ့ကြိုးပမ်းအား ထုတ်မှုတွေအတွက်လည်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ရှီကျင့်ဖျင်ကို ချီးကျူးပြောကြားထားပါတယ်။

ချိုလေးငယ်
Credit :kumudranews