တောင်ကိုရီယား အမျိုးသမီးသရုပ်ဆောင် လီတေးအင် (lee tae im ) ဟာ သူမရဲ့ခန္ဓာကိုယ်ကို ထိန်းနိုင်ဖို့အတွက် တစ်ရက်ကို ထမင်း သုံးစွန်းသာစားသုံးတယ်လို့သိရပါတယ်။
မင်းသမီးလီဟာအခြား သရုပ်ဆောင်မင်းသမီး ၂ ဦး နဲ့အတူ ဓါတ်ပုံရိုက်ပြီးနောက် ဓါတ်ပုံကို ကြည့်ခဲချိန်မှာ သူမ ခန္ဓာကိုယ်အလှအတွက် စိတ်ပျက်ခဲ့ရပြီး ပုံထဲမှာအခြား ၂ ဦးက သူမထက် ပိုမို လှပနေတာကြောင့် ခန္ဓာကိုယ် ထိန်းဖို့ အစားလျှောစားခဲ့တာဖြစ်ပါတယ်။
မင်းသမီးလီက သူမအနေနဲ့ တီဗွီ ဖန်သားပြင်မှာ သူမပုံကိုလှပစွာမြင်စေလိုတာကြောင့် ခန္ဓာကိုယ်အလေးချိန် အမြန်လျှောချနိုင်ဖို့ အစေားလျှောစားတယ်လို့ ပြောပါတယ်။
တောင်ကိုရီယား နိုင်ငံက လှပတဲ့ မင်းသမီးတွေ ဟာ ခန္ဓာကိုယ် ထိန်းနိုင်ဖို့ အစားစာလျှောစားတာတွေ လုပ်လေ့ရှိတယ်လို့ သိရပါတယ်။ မင်းသမီး လီက သူမအနေနဲ့ ခန္ဓာကိုယ်အလေးချိန် လျှောနိုင်ဖို့ အစားစာလျှောစားပေမယ့် ကျန်းမာရေးထိခိုက်မှုတွေဖြစ်စေတာကြောင့် သူမလုပ်သမျိုး မလုပ်ဆောင်ကြဖို့အကြံပေးထားပါတယ်။
Credit-Pyit Tine Htaung
Ref - dantri