9/15/2016

မချစ်သင့်တဲ့ ယောင်္ကျားများ





၁) ဖောက်ပြန်တတ်သောသူ

ကိုယ့်တစ်ယောက်တည်းကို ချစ်တာ မဟုတ်ဘဲ နောက်ကွယ်မှ အခြားမိန်းမများနဲ့ ဖောက်ပြန်နေတဲ့ ယောင်္ကျားမျိုးကို ချစ်ဖို့ အတွက် မစဉ်စားပါနဲ့။

၂) လိမ်တတ်တဲ့ ယောင်္ကျားများ

တစ်ခါလည်း မဟုတ် နှစ်ခါလည်း မဟုတ် ခဏခဏ လိမ်တတ်တဲ့ ယောင်္ကျားမျိုးကို မချစ်သင့်ပါ။ ထိုသူတွေဟာ သင့်အတွက် မချစ်သင့်တဲ့ ယောင်္ကျားများထဲမှာ
ပါဝင်နေပါတယ်။

၃) ချစ်ဟန်ဆောင်တဲ့ ယောင်္ကျား

မိမိကိုယ် မချစ်ဘဲ ချစ်ဟန်ဆောင်နေတဲ့ ယောင်္ကျားများကို သင့်အနေနဲ့ မချစ်သင့်ပါ။ ချစ်ဟန်ဆောင်တယ် ဆိုတာ သင့်ကို မချစ်လို့ပါ။

၎) ဂရုမစိုက်တတ်တဲ့ ယောင်္ကျား

မိမိနေမကောင်းတာတောင် မက်ဆေ့လေး တစ်စောင်လောက်၊ ဖုန်းလေး တစ်ခါလောက် မခေါ်တဲ့ ယောင်္ကျားမျိုးဆိုရင် စောစောစီးစီး လမ်းခွဲလိုက်ပါ။ အလုပ်များနေတယ်ဆိုတဲ့
အကြောင်းပြချက် တစ်ခုနဲ့ အမြဲတန်း လစ်လျူရှုတတ်သူများကို မချစ်ပါနဲ့။

၅) အရက်နဲ့ မူးယစ်ဆေးဝါး အလွန်အကျွံသုံးတဲ့ ယောင်္ကျား

အချိန်တိုင်း အရက်သောက်လိုက် မူးယစ်ဆေးဝါးများကို သုံးလိုက်နဲ့ အချိန်ဖြုန်းနေတဲ့ ယောင်္ကျားမျိုးကို မချစ်ပါနဲ့။ ဝေးဝေးကသာ ရှောင်ပါ။ သူတို့ဟာ သူတို့ဘဝကိုတောင် အာမခံချက်
မပေးနိုင်တာ အခြားသူကိုဆိုရင် ပိုဆိုးပါလိမ့်မယ်။

၆) စိတ်ဆိုးဒေါသ ထွက်တိုင်း နှိပ်စက်တတ်တဲ့ ယောင်္ကျား

တစ်ခုခုကြောင့် စိတ်ဆိုး ဒေါသထွက်တိုင်း မိမိကိုယ် ညင်းပန်းနှိပ်စက်တတ်တဲ့ ယောင်္ကျားမျိုးဆိုရင် မချစ်တာ အကောင်းဆုံးပါ။ သူတို့ဟာ သင့်ဘဝ တစ်လျောက်လုံး နှိပ်စက်နေအုံးမှာ ပါပဲ။

Team (ပစ်တိုင်းထောင်)
 Credit : Pyit Tine Htaung