
မိန်းကလေးတွေကို တကယ်မချစ်ဘဲ ချစ်ဟန်ဆောင်တဲ့ ယောင်္ကျားတွေလည်း များစွာရှိပါတယ်။ သူတို့တွေက အမှန်တကယ် ရှောင်သင့်တဲ့ ယောင်္ကျားများထဲမှာ ပါဝင်ပါတယ်။
၁) စကားပြောကောင်းတယ်
တကယ်မချစ်ဘဲ ချစ်ဟန်ဆောင်ဖို့ အတွက် စကားပြောကောင်းဖို့ လိုပါတယ်။ အထူးသဖြင့် ထိုသူတွေဟာ စကားပြော အလွန်ကောင်း ပါလိမ့်မယ်။ ထိုသူများကို တွေ့ရင် ဂရုစိုက်ပါ။
၂) မျက်နှာအမူအရာကောင်းတယ်
ကောင်မလေးတွေ တကယ်ချစ်လာဖို့ သူတို့ရဲ့ မျက်နှာကို လိုသလို ပုံပြောင်းနိုင်ပါတယ်။ တစ်ဖက်လူ ယုံကြည်လာအောင် မျက်နှာအမူအရာ ကောင်းလွန်းပါတယ်။
၃) စိတ်ပူပြတတ်တယ်
ကောင်မလေးတွေ သူ့ကို တကယ်ချစ်တယ်လို့ ထင်လာအောင် စိတ်ပူပြတာတွေလည်း ရှိပါလိမ့်မယ်။ တကယ်တော့ ရင်ထဲမှာ စိတ်မပူပါဘူး။
၎) စိတ်မတိုဘူး၊ ဒေါသမထွက်
မိမိနဲ့ ပတ်သက်ပြီး များများစားစား သူ့ရင်ထဲမှာ မရှိတာကြောင့် သူ့အနေနဲ့ စိတ်လည်းတိုမှာ မဟုတ်သလို ဒေါသလည်း ထွက်မှာ မဟုတ်ပါဘူး။
၅) ဂရုစိုက်ပြတယ်
သူက ရင်ထဲကတော့ မပါဘူး။ ဒါပေမယ့် ချစ်သူ သူ့ကို အမှတ်တွေ ပေးလာအောင် ဂရုစိုက်ပြတတ်တဲ့ ယောင်္ကျားမျိုးကိုတော့ မချစ်မိအောင် ရှောင်ပါ။
Team (ပစ်တိုင်းထောင်)
Credit : Pyit Tine Htaung