
မိမိရှေ့ရောက်ရင် ချိုသာစွာ ပြုံးပြပြီး မိမိအနောက်ရောက်မှ မိမိကိုယ် ဒုက္ခရောက်အောင် လုပ်နေသူတွေ ပတ်ဝန်းကျင်မှာ ကြုံလာပါလိမ့်မယ်။
၁) သူတို့ပြုံးပြရင် ပြန်ပြုံးပြပေးပါ
သူတို့ ကိုယ့်အပေါ် မကောင်းသော်လည်း သူတို့ရှေ့ရောက်ရင် ပြုံးပြပေးပါ။ ဒါမှ ကိုယ့်စိတ်က သန့်ရှင်းနေတယ်ဆိုတာ သူသိပါလိမ့်မယ်။
၂) ဘယ်တော့မှ သူတို့ကို ခပ်မာမာ မပြောမိစေနဲ့
အဲလိုလူတွေနဲ့ စကားပြောရပြီ ဆိုရင် စကားကို လေသံပျော့ပျော့နဲ့ ဆက်ဆံပါ။ ခပ်မာမာ မပြောမိအောင် မိမိကိုယ်ကိုယ် ဂရိုစိုက်ပါ။
၃) သိပ်ပြီး ဂရုမစိုက်နဲ့
သူမကောင်းသော်လည်း ကိုယ်က သူအပေါ်ကောင်းအောင်နိုင် နေပါ။ သူမကောင်းတာတွေ ကိုယ့်အပေါ် လုပ်နေတာကို သိပ်ပြီး ဂရုမစိုက်ပါနဲ့။ ကိုယ်လုပ်စရာရှိတာကို လုပ်ပါ။
Team (ပစ်တိုင်းထောင်)
Credit : Pyit Tine Htaung