ဝိတ်တက်နေတဲ့သူတွေအတွက်တော့ သတိထားဆင်ခြင်နေရတဲ့အပိုင်းတွေ များပါတယ်။ အစားကို ဂရုစိုက်ကောင်း ဂရုစိုက်ပါလိမ့်မယ်။ ဒါပေမယ့် ဘီယာတွေ သောက်နေသေးရင် ဝိတ်ကျဖို့ အထောက်အကူဖြစ်စေမှာ မဟုတ်ပါဘူး။ ဝမ်းသာစရာသတင်းက အရက်သောက်လို့ ရသေးတယ်ဆိုတာပါပဲ။ မဝစေပါဘူး။ ဘီယာအပါအဝင် အချိုဓာတ်များစွာပါဝင်တဲ့ အဖျော်ယမကာချိုချိုလေးတွေကို ရှောင်ပါ။ ဗိုက်ရွှဲစေနိုင်တဲ့ ဘီယာအစား အရက်ပြင်းပဲ သောက်ပါ။
အရက်ပြင်းမှာ ကစီဓာတ်တွေ မပါဝင်ပါဘူး။ သကြားဓာတ်ပါပေမယ့် ဘယ်ရီသီး၊ ကြံနဲ့ ဂျုံတို့ကနေလာပြီး အားလုံးသဘာဝအလျောက်ဖြစ်လို့ ပိုကောင်းပါတယ်။
အချိုဓာတ် သို့မဟုတ် ကစီဓာတ်မပါတဲ့ အရက်ပြင်း (၄) မျိုး
၁။ ဝီစကီ
ဝီစကီမှာ အချိုဓာတ် သို့မဟုတ် ကစီဓာတ်တွေ မပါဘဲ ဂျုံ၊ ပြောင်းဖူးတွေကို အချဉ်ဖောက်ထားတဲ့ ဂျုံအစေ့အဆန်တွေနဲ့ ပြုလုပ်ထားပါတယ်။
၂။ ဗော့ဒ်ကာအရက်
ရနံ့သတ်ထားတဲ့ ဗော့ဒ်ကာမဟုတ်ဘူးဆိုရင် ဗော့ဒ်ကာရိုးရိုးမှာ ပိုဝစေမယ့် အချိုဓာတ်နဲ့ ကစီဓာတ်တွေ မပါပါဘူး။ ဂျုံတွေကနေ ချက်လုပ်ထားပါတယ်။
၃။ ရမ်အရက်
ရမ်အရက်ကို ကြံ၊ သကာစတဲ့ သဘာဝသကြားအရင်းအမြစ်တွေကနေ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ ရမ်အရက်ကို ပယင်းရောင်၊ အဖြူရောင်နဲ့ အမည်းရောင်စသဖြင့် အမျိုးမျိုးရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် အနံ့သတ်ထားတဲ့ အနံ့သတ်ထားတဲ့ ရမ်အရက်တွေကို ရှောင်သင့်ပါတယ်။
၎။ ဂျင်အရက်
ဂျင်အရက်နဲ့ အားဆေး ရောစပ်ထုတ်လုပ်ထားတာတွေရယ်၊ မက်မန်းသီးဂျင်အရက်တွေမှာ အချိုဓာတ်ထည့်ထားတာမို့ ရှောင်ပါ။ ရိုးရိုးဂျင်အရက်မှာတော့ အချိုဓာတ်ကင်းစင်ပါတယ်။
မိမိကိုယ်အလေးချိန်ကို ဂရုစိုက်နေတာဖြစ်တဲ့အတွက် အရက်ပြင်းတွေမှာ ကစီဓာတ်နဲ့ အချိုဓာတ်တွေ မပါရင်တောင် ကယ်လိုရီများစွာရှိနေသေးတာမို့ အပေါင်းအသင်းတွေနဲ့ စနေ၊ တနင်္ဂနွေအားလပ်ရက်တွေမှာ သောက်တာလောက်ကိုတော့ ခွင့်လွှတ်လို့ရပေမယ့် မိမိခါး ပိုတုတ်မလာချင်ရင် တတ်နိုင်သမျှ အရက်လျှော့သောက်သင့်ပါတယ်။
Credit :Trend Myanmar