ဆံပင်သားတွေ ပျက်စီးကြရခြင်း အကြောင်းအရင်းတွေထဲမှာ ခေါင်းဖြီးတဲ့အခါ လုပ်မိတတ်ကြတဲ့ အမှားတွေကြောင့်လည်း အများကြီးပါပါတယ်။ များသောအားဖြင့် ကျွန်ုပ်တို့ဟာ ခေါင်းလျှော်ပြီးတဲ့ အခါ ခေါင်းကိုမခြောက်တခြောက်အထိ သုတ်ကြပါတယ်။ အဲ့ဒီနောက်မှာတော့ မှန်တင်ခုံပေါ်က ဘရက်ရှ်ကိုယူပြီး ခေါင်းကို ဖြီးလေ့ရှိကြပါတယ်။ အဲ့ဒီမှာ စမှားတာပါပဲ။
ဆံပင်တွေ ကျိုးကြေလွယ်ခြင်း၊ အဖျားနှစ်ခွတွေဖြစ်ရခြင်း အကြောင်းအရင်းတစ်ခုကတော့ စိုစွတ်နေတဲ့ ဆံပင်တွေကို ခေါင်းဖြီးလေ့ရှိကြလို့ပါ။ ဒီလိုမျိုး ဆံပင်ညှပ်ဆိုင်တွေကတော့ မလုပ်တတ်ကြပါဘူး။ သူတို့တွေဆီမှာ ခေါင်းသွားလျှော်တဲ့အခါ ဆံပင်ကို လုံးဝခြောက်သွေ့အောင် dryer နဲ့ မှုတ်ပြီးမှသာ ဘရက်ရှ်နဲ့ ဆံပင်စဖြီးပေးလေ့ရှိကြပါတယ်။ သင်လည်း ဒီလိုပဲ လုပ်ဆောင်ရမှာပါ။
ဒီတော့ ဆံပင်တွေ မပျက်စီးအောင် ပြင်ရမယ့်အရာက စိုစွတ်နေတဲ့ ဆံပင်ကို ဘရက်ရှ်နဲ့ ဖြီးချခြင်းပါပဲ။ ဆံပင်တွေကို ရှင်းချင်လို့ ဖြီးမယ်လို့ဆုံးဖြတ်ရင်တောင် ဘီးကြဲနဲ့သာ ဖြေးဖြေးချင်း ဖြီးသင့်ပါတယ်။ ဘရက်ရှ်ကိုတော့ လုံးဝမသုံးပါနဲ့။
Credit :Trend Myanmar