9/17/2016

တစ်ကိုယ်တော်မတိုင်ခင် သီချင်းတစ်ပုဒ် အွန်လိုင်းကဖြန့်မယ့် နိုင်းဝမ်း



 ပထမဆုံး တစ်ကိုယ် တော်အခွေကို ယခုနှစ်ကုန်တွင် ထွက်ရှိမည်ဖြစ်ပြီး အခွေမထွက်မီ ကိုယ်တိုင်ရေးစပ်သီဆိုထားသည့် အချစ်သီချင်းတစ်ပုဒ်ကို ဦးစွာ ဖြန့်ချိပေးမည်ဟု အဆိုတော် နိုင်း ဝမ်းက ပြောသည်။

‘‘ကျွန်တော် တစ်ခွေလုံး မထွက်ခင်မှာ သီချင်းတစ်ပုဒ်ကို ဒီဇင်ဘာလောက်မှာ ဖြန့်ဖြစ်မယ်။ သီချင်းနာမည်ကိုတော့ ‘စိတ်ကူး တွေမှာဝဲ’ဆိုပြီး ယာယီပေးထား တယ်။ အချစ်သီချင်းပါပဲ။ ထူး ခြားတာက အချစ်သီချင်းမှာမှ ကိုယ့်ကိုထားခဲ့တဲ့လူတစ်ယောက် ကိုယ့်မေ့လေ ကိုယ်ပိုသတိရလေ ဖြစ်နေတဲ့ အကြောင်းလေးကို ရေးထားတာပါ။ တစ်ပုဒ်လုံး မယ်လို ဒီဆိုထားတယ်။ ကျွန်တော် တစ်ခါမှ မဆိုဖူးဘူးလေ။ ကိုယ့်အ ကြောင်းလည်း နည်းနည်းပါပါ တယ်’’ဟု နိုင်းဝမ်းက ပြောသည်။

နိုင်းဝမ်းသည် ၎င်း၏ ပထမ ဆုံးထွက်ရှိမည့် တစ်ကိုယ်တော် သီချင်းခွေအမည်ကို ‘တစ်ကိုယ် တော်’ဟုသာ အမည်ပေးထားပြီး ယခုနှစ်ကုန်တွင် ထွက်ရှိရန် စီစဉ် နေသည်ဟု ဆိုသည်။

‘‘သီချင်းတွေက တစ်ခွေစာ ရှိပြီးသားပါ။ အခုက စိတ်တိုင်း မကျသေးတာလည်း ပါတယ်။ ပရိသတ်တော်တော်များများက ကျွန်တော် သီချင်းတစ်ပုဒ်ဆိုတစ် ပုဒ်ထွက်ရင် တန်ဖိုးထားပြီး နား ထောင်ကြတယ်။ ဒါကြောင့် အ ချိန်ယူပြီး ကြိုးစားနေတယ်’’ဟု နိုင်းဝမ်းက ပြောသည်။

အဆိုပါအခွေတွင် ၎င်း၏ ခံစားချက်နှင့် အွန်လိုင်းပေါ်၌ လူငယ်များ ကြုံတွေ့နေရသည့် လက်ရှိအဖြစ်အပျက်များကို ရော နှော၍ အချစ်သီချင်းများ ဖန်တီး ထားခြင်းဖြစ်ပြီး သီချင်းတိုင်းကို ပရိသတ်နှစ်သက်မှုရှိစေရန် ကြိုး စားအားထုတ်ထားသည်ဟု ဆို သည်။လက်ရှိတွင် နယ်ဖျော်ဖြေပွဲ များနှင့် တစ်ကိုယ်တော်အခွေအ တွက် ပြင်ဆင်လျက်ရှိပြီး ၎င်း၏ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ် သည့် The Public Food & Beverage စားသောက်ဆိုင်လုပ် ငန်းကို လုပ်ကိုင်နေသည်။

‘‘ကျွန်တော် စားသောက် ဆိုင်လည်း ဖွင့်လိုက်တော့ အ လုပ်က မအားဘူးဖြစ်သွားတယ်။ အရင်က ရှိုးမရှိဘူးဆိုရင် ရန်ကုန် မှာ အေးအေးဆေးဆေးနေလို့ရ တယ်။ မိုးတွင်းတွေဆို တောက် လျှောက်သီချင်းလုပ်ရုံပဲ။ အခုက ရန်ကုန်မှာ မရှိတဲ့နေ့ဆို တောက် လျှောက်သီချင်းဆို၊ ရန်ကုန်မှာရှိ ရင်လည်း မိုးလင်းကတည်းက တောက်လျှောက် ဆိုင်မှာထိုင် တယ်။ ဆိုင်ကလည်း အခုမှဖွင့် တာ နှစ်လလောက်ပဲရှိသေးတော့ အခြေကျသွားအောင် ပြင်ဆင်နေ ရတာလည်း ရှိတယ်’’ဟု နိုင်းဝမ်း က ပြောသည်။

Credit :7Day News Journal