သစ်ကြားသီးနဲ့ ဟင်းသီးဟင်းရွက်စိမ်းတို့လို အစားအစာတွေက အမျိုးသားသုက်ရည် အရည်အသွေးနဲ့ ပမာဏ ပိုမိုတိုးတက်ကောင်းမွန်စေနိုင်ပေမယ့် တချို့အစားအစာတွေက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဖခင်တစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ထားပါက အမျိုးသားသုက်ရည်ကျန်းမာမှု ထိခိုက်စေနိုင်တဲ့ ဒီအစားအသောက်တွေကို ရှောင်ကြဉ်သင့်ပါတယ်။
ပဲပုပ်အဓိကသုံးစားသောက်ကုန်များ
အာဟာရဗေဒပညာရှင် Dr Neha Sanwalka ရဲ့ အဆိုအရ ပဲပုပ် သို့မဟုတ် ပဲပုပ်အဓိကသုံးထုတ်ကုန်ပစ္စည်းတွေ အလွန်တရာစားသုံးစားခြင်းက အမျိုးသားတွေမှာ လိင်မှုကိစ္စအနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ အမျိုးသားဟော်မုန်းပြောင်းလဲခြင်း၊ လိင်စိတ်၊ သုက်ကောင်ရေနဲ့ မျိုးပွားနိုင်မှု လျှော့နည်းစေမှု ဖြစ်စေကြောင်း သိရပါတယ်။
ကြော်လှော်ထားတဲ့ အစားအစာများ
အာဟာရဗေဒပညာရှင် Priya Kathpal ကြော်လှော်ထားတဲ့ အစားအစာတွေမှာ အမျိုးသားဟော်မုန်းပမာဏ လျှော့နည်းစေတဲ့ ဟိုက်ဒရိုဂျင်ဓာတ်ပေါင်းစပ်ပါဝင်တဲ့ အဆီပါဝင်ပြီး အရည်အချင်းမပြည့်မီတဲ့ သုက်ရည်နဲ့ ပုံမမုန်သုက်ရည်ထုတ်လွတ်မှုလည်း ဖြစ်စေကြောင်း သိရပါတယ်။
ကော်ဖီ
ကော်ဖီနဲ့ ကိုလာတွေမှာတွေ့ရတဲ့ ကဖိန်းဓာတ်သောက်သုံးမှုလွန်ကဲခြင်းက သုက်ကောင်ရေလျှော့နည်းမှုနဲ့ ဆက်စပ်ကြောင်း American Journal of Epidemiology မှာ ဖော်ပြထားတဲ့ လေ့လာမှုတစ်ခုအရ သိရပါတယ်။
တာရှည်ခံအောင် လုပ်ထားတဲ့အသားများ
ကလေးယူဖို့ အစီအစဉ်ရှိပါက တာရှည်ခံအောင် လုပ်ထားတဲ့အသားတွေကို ရှောင်ပါ။ ဟမ်ဘာဂန်၊ ဝက်ဆားနယ်ခြောက်နဲ့ အမဲ၊ဝက်၊ကြက်အူချောင်းအသွင်ဖြင့် တာရှည်ခံအောင်လုပ်တဲ့ အသားတွေကို ပုံမှန်စားသုံးတဲ့အမျိုးသားတွေဟာ တခြားအမျိုးသားတွေနဲ့ နှိုင်းယှဉ်ရင် သုက်ရည်ကျန်းမာမှု ပိုနည်းကြောင်း Journal Nutrition မှာ ဖော်ပြထားတဲ့ လေ့လာမှုတစ်ခုအရ ဆိုပါတယ်။
အရက်သေစာ
အရက်သေစာက သုက်ရည်အရည်အသွေးနဲ့ သုက်ကောင်ရေ လျှော့နည်းစေနိုင်ပြီး အမျိုးသားများမျိုးမအောင်ခြင်း အကြောင်းအရင်းတွေထဲက တစ်ခုပါဝင်တယ်လို့ အာဟာရဗေဒပညာရှင် Priya kathpal က ဆိုပါတယ်။
Credit :Trend Myanmar