8/15/2016

အမျိုးသမီးတွေအတွက် အန္တရာယ်အများဆုံးနိုင်ငံ


ကျားမလိင်ခွဲခြားဆက်ဆံမှုနဲ့ပတ်သက်ပြီး ဟိုးရှေးယခင်အချိန်က တည်းက စတင်ပြီးတော့ အမျိုးသမီးထုတွေအပေါ် နှိမ်ချ ဆက်ဆံ တာ နှိပ်စက်ညှင်းပန်းတာမျိုးတွေ ပြုလုပ်ထားကြတာပဲ ဖြစ်ပါတယ်။

ကျားမတန်းတူအခွင့်အရေးတွေမရတဲ့ အပြင် ပတ်ဝန်းကျင်အသိုင်း အဝိုင်းမှာအမျိုးသမီးတွေအပေါ် အနိုင်ထက်ကျင့်စော်ကားပြုမူတာ တွေ၊ ရက်စက်ကြမ်းတမ်းတာမျိုးတွေ လုပ်ဆောင်ကြလို့ ကမ္ဘာတစ် လွှားက အမျိုးသမီးထုအခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက အမျိုးသမီးတွေအတွက် အခွင့်အရေးနဲ့ အကြမ်းဖက်ခံရမှု ကာကွယ် တိုက်ဖျက်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင်လာကြပါတယ်။

အမျိုးသ မီးတွေအနေနဲ့ကလည်း မိမိအခွင့်အရေးနဲ့ အကြမ်းဖက်ခံရမှုတွေရှိ လာပါက လွတ်မြောက်ရာသို့ ရုန်းထွက်ပြေးကြဖို့နဲ့ ကြောက်လန့်မ နေပဲ အညှင်းပန်းခံအနှိပ်စက်ခံဘဝကနေ  သတ္တိရှိရှိရင်ဆိုင်ဖြေရှင်း ကြဖို့ အသိပညာပေး ဟောပြောဆွေးနွေးခြင်း၊ အားပေးခြင်းတွေကို ပြုလုပ်ပေးကြပါတယ်။

ကမ္ဘာတစ်လွှားက လူမျိုးစုတွေနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွေမှာ အမျိုးသမီးထုတွေနဲ့ပတ်သက်ပြီးတော့ ခွဲခြားဆက်ဆံတာနဲ့ အနိုင် ကျင့်အကြမ်းဖက်အနှိပ်ခံရတဲ့ ကြောက်စရာကောင်းတဲ့ နိုင်ငံမြို့ တော်တွေနဲ့ အလေ့အထတွေရှိနေပါတယ်။ အမျိုးသမီးတွေအတွက် လည်း တကယ့်ကို အန္တရာယ်ရှိလှတဲ့ နိုင်ငံတွေလို့လည်း ပြောလို့ရ နိုင်ပါတယ်။

၁။ ဘက်ဟားမက်စ်မြို့တော်မှာဆိုရင် အိမ်ထောင်တစ်ခုရဲ့ ဇနီး သည်ဖြစ်သူက အသက် ၁၄ နှစ်ကျော်သွားပြီဆိုတာနဲ့ အိမ်ထောင် ရေးကိစ္စ လိင်မှုရေးရာတွေမှာ စိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ် စေ ခင်ပွန်းသည်ရဲ့အလိုအတိုင်းဖြစ်စေရမှာကို တရားဥပဒေအရ ခွင့်ပြုပေးထားပါတယ်။

၂။ လက်လနွန်မြို့တော်မှာဆိုရင် အမျိုးသမီး မိန်းကလေးတွေကို ပြန်ပေးဆွဲခေါ်ဆောင်မှုတွေ မကြာခဏဆိုသလိုဖြစ်ပေါ်နေပါတယ်။ မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်လို့၊ ပြန်ပေးဆွဲပြီး အတင်းအ ဓမ္မပေါင်းသင်းယူသူတွေကို ထိရောက်တဲ့ အပြစ်ဒဏ်ပေးခြင်းတွေကို မပြုလုပ်တာကြောင့် မိန်းကလေးတွေတော်တော်များများမှာ လိင် အနိုင်ကျင့်ရယူမှုတွေ ခံရလေ့ရှိပါတယ်။

၃။ အီဂျစ်နိုင်ငံမှာဆိုရင် အမျိုးသမီးတစ်ဦးဟာ အိမ်ထောင်ရေး ဖောက်ပြန်မှုနဲ့ အစွပ်စွဲခံရတာမျိုးတွေ၊ ဒါမှမဟုတ် ကျူးလွန်နေတာကို သိသွားခဲ့တဲ့ အခါမျိုးဆိုရင် ခင်ပွန်းဖြစ်သူကိုယ်တိုင်က ဇနီးသည်ကို သတ်ပစ်ခွင့်ရှိပါသတဲ့။ ဥပဒေအရ ဖြေရှင်းခွင့်တောင် မလိုပဲ သတ်လိုက်လို့ရပါတယ်။ ဆီးရီးယားနိုင်ငံမှာဆိုလည်း ထိုနည်းတူစွာပါပဲ။ အမျိုးသမီးအိမ် ထောင်ရေးဖောက်ပြန်ပြီဆိုရင် ဇနီးသည်အမျိုးသမီးအပါအဝင်၊ ဇနီးသည်ရဲ့ မိခင်၊ ညီမ၊ ကလေး အစရှိသဖြင့် အားလုံးကို သတ်ပစ် လိုက်တဲ့ တရားခံက ထောင်ဒဏ် ၇ နှစ်အပြင် ပိုကျခွင့်မရှိပါဘူးတဲ့။

၎။ နိုင်ဂျီးရီးယားနိုင်ငံရဲ့ တရားဝင်ထုတ်ပြန်ခွင့်ပြုထားတဲ့ ဥပဒေမှာ အိမ်ထောင်ရှင်အမျိုးသားက ဇနီးသည်ကို လက်ပါပြီးရိုက်နှက်အပြစ် ပေးမှုကို ပြုလုပ်နိုင်တယ်လို့ ခွင့်ပြုပေးထားပါတယ်။

၅။ အာဖဂန်နစ္စတန်နဲ့ ယီမင်နိုင်ငံတွေမှာဆိုရင်လည်း အမျိုးသမီး ဇနီးသည်တွေရဲ့ အလုပ်လုပ်ကိုင်ခွင့်တွေနဲ့ နေရာတွေကို ခင်ပွန်း သည်တွေရွေးချယ်ပြီး ခွင့်ပြုပေးမှ လုပ်ခွင့်ရှိပါသတဲ့။

၆။ အစ္စရေးရဲ့ အိမ်ထောင်ရေးဥပဒေမှာ ဇနီးသည်အမျိုးသမီးက စပြီးတော့ ကွာရှင်းခွင့်တောင်းလို့ မရနိုင်ပါဘူး။ ခင်ပွန်းသည်က တောင်းမှသာ ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။

၇။ ဆော်ဒီအာရေဗျနိုင်ငံမှာ အမျိုးသမီးတွေ လုံးဝကားမောင်းနှင်ခွင့် မရှိပါဘူး။

၈။ တူရှီးရှားနိုင်ငံမှာတော့ မိသားစုထဲက သမီးမိန်းကလေးတွေက သားယောကျာ်းလေးတွေထက် ပိုပြီးတော့ အခွင့်အရေးနည်းပါးပါ တယ်။ မိဘချင်းတူတူကနေ မွေးဖွားလာခဲ့သော်လည်း အမွေရပိုင် ခွင့်က သားယောကျာ်းလေးက ပိုပြီးတော့ ရပိုင်ခွင့်ရှိပါသတဲ့။

Credit: ဖိုးသူတော် 
ဖိုးသူတော် Team မှ ဘာသာပြန်သည်။