ခုပြောပြမယ့် လက်သည်းဖျက်ဆေးနည်းမှာ အဓိက ပါဝင်ပစ္စည်းတွေက ရှာလကာရည်နဲ့ သံပုယိုသီး ဖြစ်ပါတယ်။ သဘာဝအလျောက်ပါရှိတဲ့ အက်စစ်ဓာတ်က လက်သည်းတွေ ကွာထွက်ခြင်းမရှိဘဲ လက်သည်းဆိုးဆေးတွေ ကွာကျစေကာ လက်သည်းကိုလည်း တောက်ပြောင်စေပါလိမ့်မယ်။
လိုအပ်သည့်ပစ္စည်းများ
· သံပုယိုရည် ထမင်းစားဇွန်း (၁) ဇွန်း
· ပန်းသီးရှာလကာရည် ထမင်းစားဇွန်း (၃) ဇွန်း
· ဂွမ်းဖတ်
ပြင်ဆင်ဖော်စပ်နည်း
၁။ ပန်းကန်တစ်ခုထဲ လတ်လတ်ဆတ်ဆတ် ညှစ်ယူထားတဲ့ သံပုယိုရည်ကို ပန်းသီးရှာလကာရည်နဲ့ ရောစပ်ပါ။ ပါဝင်ပစ္စည်းအားလုံး ကောင်းစွာ မရောမချင်း မွှေပေးရပါမယ်။
၂။ အဲဒီထဲ လက်ချောင်းတွေကို စက္ကန့် ၃၀-၄၀ ကြာ စိမ်ပေးပါ။ လက်သည်းဆေး စကွာပြီဆိုတာနဲ့ ဂွမ်းကို အသုံးပြုပြီး လက်သည်းဆိုးဆေးတွေကို တိုက်ချွတ်ပါ။ အကြွင်းအကျန်ရှိပါက နောက်တစ်ကြိမ် ထပ်လုပ်ပေးပါ။
တခြားနည်းလမ်းက ချွတ်ရခက်တဲ့ လက်သည်းဆိုးဆေးတွေကို အရက်ပြန်နဲ့ ဖယ်ရှားနိုင်ပါတယ်။ အရက်ပြန်မှာ ဘက်တီးယားပိုး ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
Credit :Trend Myanmar
