8/19/2016

စားသောက်ကုန်ပစ္စည်း အဝယ်ထွက်တဲ့အခါ မှားယွင်းနေကြတဲ့အချက်တစ်ခု


တရုတ်ပြည်မှာ အခုရက်ပိုင်း တားမြစ်လိုက်တဲ့ ငှက်ပျောသီး စားတဲ့ ဗီဒီယိုတွေ

ဈေးဝယ်ထွက်တဲ့အခါ အထူးသဖြင့် ကြိတ်ကြိတ်တိုး လူစည်ကားတဲ့ စူပါမားကတ်လျှောက်လမ်းအတွင်း ဟိုကြည့်ဒီကြည့်နဲ့ ဈေးဝယ်ထွက်ရတာ အချိန်အရမ်းကုန်စေပါတယ်။ ဟိုဟာလေးယူရင်ကောင်းမလား ကောက်ကိုင်လိုက်၊ ပြန်ချထားလိုက်နဲ့ ဦးနှောက်လည်း အတော်ကို ခြောက်ရတဲ့ ကိစ္စပါ။

ဒါကြောင့် စားသောက်ကုန်ပစ္စည်း၊ ဟင်းသီးဟင်းရွက်တွေဝယ်ဖို့ ဈေးသွားတဲ့အခါ အချိန်ကုန်ဆုံးမှုပမာဏ ကွာခြားစေတာက မိမိဝယ်မယ့် ဟင်းသီးဟင်းရွက်စာရင်း ကြိုတင်စာရင်ပြုစုထားခြင်းပါ။ အလေးအနက်ပြောရရင် ကိုယ်ဝယ်မယ့်ပစ္စည်းစာရင်းမပါဘဲ ဈေးဝယ်မထွက်ပါနဲ့။ အဲဒီစာရင်းက အချိန်ကုန်သက်သာစေရုံမက လိုအပ်သမျှပစ္စည်းတွေ တစ်ခုမကျန် သတိရစေမယ့် နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ မိမိဝယ်ယူမယ့် ပစ္စည်းစာရင်းမပါဘဲ သင် ဘယ်နှခါဈေးဝယ်ထွက်ပြီးပြီလဲ။ နောက် စူပါမားကတ် လျှောက်လမ်းတွေမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်ပြီး တကယ်လိုအပ်နေတဲ့ပစ္စည်းတွေ မေ့ကျန်ခဲ့တာမျိုးလည်း ကြုံဖူးတယ် မဟုတ်လား။

ဒီတော့ သင်ဟာ ကြိုတင်စီမံချက်မရှိဘဲ ဈေးဝယ်ထွက်တတ်သူဆိုရင် အဲဒီအကျင့်ကို ရပ်ပါ။ စာရင်းပြုစုထားတာက ဈေးဝယ်ရာမှာ အာရုံစူးစိုက်မှုရစေမယ့် အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။

Credit :Trend Myanmar