သင်ဟာ သူငယ်ချင်းတွေကြောင့် ပျော်ရွှင်ခဲ့ဖူးပါလိမ့်မယ်။ သူတို့ကြောင့်ပဲ ဒေါသဖြစ်ရတာ၊ စိတ်မကောင်းဖြစ်ရတာ ကြုံဖူးနိုင်ပါတယ်။ ဒါပေမယ့် သူငယ်ချင်းကောင်း၊ အချစ်ဆုံးသူငယ်ချင်းတွေကျတော့ ကိုယ့်ကို ပြီးပြည့်စုံတဲ့ ခံစားချက်တွေ ပေးတတ်ပါတယ်။ သူတို့ရှိနေလို့ ကိုယ့်ဘ၀ကြီး ပိုနေလို့ကောင်းသွားတယ်ဆိုတဲ့ ခံစားချက်မျိုးပေါ့။ သူတို့က ကိုယ့်ကို အမြဲကာကွယ်ပေးတတ်တယ်။ ကိုယ့်ဘက်က ရပ်တည်ပေးတတ်ကြသလို ကိုယ်နဲ့အတူ ရူးကြောင်ကြောင်လုပ်ရပ်တွေ လုပ်ပြီးတော့တောင် ရယ်မောပျော်ရွှင်ခဲ့ချိန်တွေရှိဖူးတယ်။ ဒီလို သူငယ်ချင်းမျိုးကတော့ ဘ၀တစ်သက်စာ အတွက်ပါပဲ။ သူငယ်ချင်းဆိုတာထက် မိသားစုဝင်လို ခံစားနေရတာမျိုးပေါ့။
ဒီတော့ သင့်မှာ တကယ့်ကို ချစ်ခင်ရတဲ့ သူငယ်ချင်းတွေ ရှိနေပြီဆိုရင် သင် ဒီခံစားချက်တွေ သူတို့ကြောင့် မလွဲမသွေ ခံစားရမှာပါ။
၁။ သူငယ်ချင်းမရှိတဲ့အချိန်ဆို ဘာလိုနေမှန်းမသိဘူး။ ကိုယ်တစ်ယောက်တည်း အူကြောင်ကြောင်ကြီးလို့ ခံစားရတယ်။
၂။ နှစ်ယောက်အတူရှိချိန်ဆို စကားတွေ ဖောင်ဖွဲ့လို့ ပျော်စရာကောင်းတယ်လို့ ခံစားရတယ်။
၃။ တစ်ယောက်မိသားစု ကိစ္စတွေပါ တစ်ယောက်က ၀င်စိတ်ပူပေးတတ်တယ်။
၎။ ကိုယ်ဘာလိုအပ်နေတယ်ဆိုတာ သူ့ကိုမပြောပဲ သူက သိနေတတ်တယ်။
၅။ သူသာ ကိုယ့်ကိုနာကျင်အောင် လုပ်ရင် ငါဘယ်လောက်များခံရမလဲ တွေးတောင်မတွေးချင်ဘူး ဆိုပြီလးည်း တွေးဖူးတယ်။
၆။ သူ ၀မ်းနည်းအောင် လုပ်လိုက်မိတယ်ဆိုရင် သင့်ဘက်က ဘယ်လိုမှနေလို့မကောင်းဘူး။ သူစိတ်ဆိုးစိတ်နာသွားမှာ သေလောက်အောင် စိုးရိမ်တယ်။
၇။ ကိုယ့်ရဲ့လျို့ဝှက်ချက်တွေ သူ့ကလွဲပြီး ဘယ်သူ့ကိုမှ မပြောဘူး။
၈။ သူသာ ရည်းစားရသွားရင် ငါတစ်ယောက်တည်းဖြစ်တော့မယ်ဆိုပြီး ကြိတ်ပြီး စိတ်မကောင်းဖြစ်ဖူးတယ်။
၉။ ငါတို့အသက်တွေကြီးလာရင် ဆိုပြီး သူ့ကိုအမြဲထည့်တွက် ပြောဆိုတတ်တယ်။
၁၀။ သူ့မှာ ပိုက်ဆံမရှိရင် ကိုယ်က ချေးဖို့ ဘယ်တော့မှ မတွန့်ဆုတ်တတ်ဘူး။ ကိုယ့်မှာ မရှိရင်လည်း သူက ပြောနေစရာမလို ပေးသုံးတတ်တယ်။
၁၁။ သူအောင်မြင်တာ၊ သူအဆင်ပြေတာ၊ ပျော်နေရင် ကိုယ်ပါ ပျော်နေတတ်တယ်။
၁၂။ အားလုံးက သူနဲ့ကိုယ်နဲ့နှစ်ယောက်ကို အမြဲတွဲမြင်နေကြပြီ။
Credit :Trend Myanmar
