ချစ်တယ် ဆိုတဲ့ စကားနှစ်ခွန်းမပြောခင် တစ်ယောက်နဲ့တစ်ယောက် သူငါ့ကိုများ စိတ်ဝင်စားနေသလားဆိုတာ သိဖို့ ကြိုးစားရတာ ပိုရင်ခုန်စရာကောင်းပါတယ်။ သူကိုယ့်ကိုစကားပြောတဲ့အခါ ဘယ်လိုအခြေအနေရှိတယ်၊ ကိုယ့်ကို ကြည့်တဲ့အကြည့်က ဘယ်လို၊ ဖုန်းထဲမှာ လေသံက ဘယ်လို၊ chat တဲ့အခါ၊ message တွေပိုတဲ့အခါ ဘယ်လိုသုံးနှုန်းတယ်ဆိုတာတွေကနေတစ်ဆင့် ကိုယ့်အပေါ် ချစ်စိတ်ရှိနေသလားဆိုတာကို အမြဲသိချင်တတ်ကြပါတယ်။ သင့်ကို ချစ်တယ်လို့ မပြောပေမယ့် သူသင့်ကို စိတ်ဝင်စားနေသလားဆိုတာ ဒီအချက်လေးတွေကတစ်ဆင့် သိနိုင်ပါတယ်။
၁။ သူက သင့်လက်ကို မထိတထိ လုပ်တတ်သလို သင့်အသားကို မထိတထိ လုပ်တတ်ပါတယ်။
၂။ သင့်ကို ခိုးခိုးကြည့်နေပြီး ဘာစကားမှတော့ မပြောဘူး။
၃။ သင့်ကို သူများတွေခေါ်သလို မခေါ်ပဲ သူ့ဘာသာသူ နာမည်သီးသန့်ပေးထားတတ်ပါတယ်။
၎။ သင်တင်တဲ့ ပို့စ်တွေအကုန် သူသဘောကျတယ်။
၅။ သင့်ရှေ့မှာ ငိုချလိုက်ဖို့လည်း ၀န်မလေးတတ်ဘူး။
၆။ သင်သဘောကျတဲ့အရာတစ်ခုခုကို လုပ်ပေးဖို့ဆို လုပ်ဖို့ သူမအတွက် သက်တောင့်သက်သာ မရှိတဲ့ အရာတွေကိုတောင် လုပ်ဆောင်နိုင်တယ်။
၇။ သူ နဲ့ပတ်သက်တဲ့အကြောင်းလေးတွေကို သင့်ကို ပြောပြချင်တယ်။
၈။ Selfie ပုံတွေ သင့်ကို ပို့ချင်နေတတ်ပြန်ရော။
၉။ သင့်အတွက် တစ်ခုခု ချက်ပြုတ်ပြီး ယူလာတတ်တယ်။
၁၀။ သင့်ဆီကို မျက်လုံးကစားပြီး ကြည့်လိုက် ပြုံးလိုက် လုပ်နေတတ်တယ်။
၁၁။ ညကြီးမင်းကြီး သင့်ကို ဆက်သွယ်ချင် ဆက်သွယ်တတ်ပြန်ရော။
၁၂။ သင့်နားရွက်ဖျားတွေကို တစ်ခါတစ်လေ လာကိုင်တတ်တယ်။
၁၃။ သူ သင့်ကို ယုံကြည်ကြောင်း သင်သိအောင် ပြောတယ်၊ တစ်ခုခုလုပ်ပြတတ်တယ်။
၁၄။ သင်နေမကောင်းတဲ့အခါ သူ စိတ်တွေပူနေတတ်တယ်။
၁၅။ သင် အမိုက်စား ၀တ်စားလာတဲ့အခါ သူက တောက်ပတဲ့မျက်လုံးတွေနဲ့ ငေးကြည့်နေတတ်တယ်။
Credit :Trend Myanmar
