8/22/2016

အမျိုးသမီးတွေ ဖောက်ပြန်ရခြင်း အကြောင်းရင်းဟာ ဒီအချက်တွေကြောင့်သာဖြစ်



သင်နဲ့သင့်ချစ်သူကောင်မလေး အချစ်ရေးအခြေအနေက တည်ငြိမ်ပြီး အေးဆေးပဲမို့ သင့်ကောင်မလေး သင့်ကို အရင်လိုချစ်နေဆဲလို့ သင်ယူဆနေနိုင်ပါတယ်။ သင်နဲ့တစ်ပတ်တစ်ခါ၊ နှစ်ခါတွေ့မယ်၊ ဖုန်းဆက်မယ်။ အွန်လိုင်းမှာ chat ဖြစ်တယ်။ ချစ်ကြောင်းကြိုက်ကြောင်း စာတိုလေးတွေ ပို့ဖြစ်တယ်။ ဒီလိုဆို သူက သင့်ကိုအရင်လို ဘာမှမပြောင်းလဲချစ်နေတာလို့ သင်လုံးဝယုံကြည်ထားနိုင်ပြီလား။ ယုံကြည်နိုင်တယ်လို့ တစ်ထစ်ချတော့ မပြောလိုက်ပါနဲ့ဦး။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေဟာ စိတ်ခံစားချက်တွေ၊ စိတ်ဆန္ဒတွေ ပြောင်းလဲနေတတ်လို့ပါပဲ။ သူတို့အပေါ် သင်ဟာ လျစ်လျူရှုထားတာ အချိန်အတိုင်းအတာတစ်ခု ရှိသွားဖူးမယ်။ ဂရုစိုက် ကြင်နာမှုအရင်ကလောက် သိပ်မပေးဖြစ်တော့ဘူးဆိုရင် သူတို့တွေဟာ သင့်အပြင် နောက်တစ်ယောက်ထားနိုင်ပါတယ်။ သူတို့စိတ်ထဲမှာ သင်ဟာ သူ့အပေါ် သွေးအေးသွားပြီလို့ သင့်ချစ်သူက ထင်မြင်သွားတဲ့အခါမှာပေါ့။ ဒီတော့ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ချစ်သူကို သစ္စာဖောက်ပြီး အခြားသူနဲ့ထပ်တွဲဖြစ်သွားတဲ့ အကြောင်းအရင်းတွေ များစွာရှိတဲ့အထဲကမှ အဓိကကျတဲ့ အကြောင်းအရင်းတွေကတော့

(၁) သူ့နားမှာ အရင်လို အနီးကပ်မရှိပေးနိုင်တော့တဲ့အခါ

ချစ်သူစုံတွဲဆက်ဆံရေးတစ်ခုမှာ အမျိုးသမီးတွေ အလိုချင်ဆုံး အရာတစ်ခုက အနီးကပ် ယုယမှုပဲဖြစ်ပါတယ်။ သမီးရည်းစား ဆက်ဆံရေးမှာ အမျိုးသမီးတွေကို ဆက်ဆံရေး အမြဲပြေလည်သလို ခံစားစေတာက လိင်ဆက်ဆံခြင်း တစ်ခုတည်း မဟုတ်ပါဘူး။ တစ်ဦးနဲ့တစ်ဦး ထိတွေ့မှုရှိခြင်း၊ အနမ်းခြွေခြင်း နဲ့ မကြာမကြာ ဆက်သွယ်စကားပြောဆိုခြင်းစတဲ့ အရာတွေပဲဖြစ်ပါတယ်။

(၂) သင့်ရဲ့လိမ်လည်လှည့်ဖြားမှုကို လက်စားချေဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင်

အမျိုးသမီးတစ်ဦးက ပြန်လည်သရော်ပြပြီဟေ့ဆို၇င် ငရဲက သူလောက်တောင် ကြောက်စရာမကောင်းတော့သလိုပါပဲ။ သင်သူမကို လှည့်စားလိုက်တာကြောင့် သူ့ယုံကြည်မှုကို သင် ရိုက်ချိုးပစ်ခဲ့တာနဲ့တူနေပါပြီ ( ဖြစ်နိုင်ချေက သူ့နှလုံးသားကိုပေါ့)။ သင်သူမကို နာကျင်မှုပေးခဲ့သလို သူလည်းသင့်ကို ပြန်လည်ခံစားစေချင်တယ်။ သင့်ရဲ့ အမှုမဲ့ အမှတ်မဲ့နိုင်မှုတွေကို ပြန်ပြင်လို့မရပေမယ့် သူမဆီက ခွင့်လွတ်မှု တောင်းယူနိုင်တယ်၊ နောက်တစ်ခါ ဒီလိုအဖြစ်မျိုး မရှိစေတော့မယ့်အကြောင်း သစ္စာဆိုနိုင်ပြီး နှစ်ဦးလုံးအတွက် အကူအညီဖြစ်စေဖို့ သမီးရည်းစားဆက်ဆံရေး အကြံအဥာဏ်ကို ရယူနိုင်ပါတယ်။ သူမရဲ့ ယုံကြည်မှုပြန်ရယူဖို့အတွက် Sorry ပြောလိုက်ရုံနဲ့ မလုံလောက်ပါဘူး။ အလုပ်နဲ့ သင်လက်တွေ့နဲ့ ပြသရလိမ့်မယ်။

(၃)သင်သူ့ကို လျစ်လျူရှုခံထားတယ်၊ မသိကျိုးကျွံပြုထားတယ်လို့ ခံစားရတဲ့အခါ

အမျိုးသမီးတွေက မိမိကို တက်မက်လိုချင်တဲ့ ခံစားချက်ကို နှစ်ခြိုက်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ချစ်သူရည်းစားကို ချစ်သူရည်းစားလို ဆက်ဆံမယ့်အစား ခိုင်းစားမယ့်သူတစ်ဦးလို ပိုခံစားလာခဲ့ပြီဆိုရင် အမျိုးသမီးတွေက သွေဖယ်တတ်ကြပါတယ်။ နောက်ပြီး အချိန်တွေကို လုပ်ငန်းခွင်တွေမှာသာ ကုန်ဆုံးစေတာ သို့မဟုတ် ရတဲ့အချိန်မှာ ရောင်းရင်းမိတ်ဆွေတွေနဲ့သာ အပြင်လိုက်ထွက်နေမယ်ဆိုရင် သူမကို တခြားတစ်နေရာရာကို စွန့်ခွာထွက်သွားဖို့ တွန့်ပို့ပေးသလို ဖြစ်သွားပါပြီ။ အမျိုးသမီးဆိုတာ ခံစားချက်နဲ့ အသက်ရှင်သူတွေဖြစ်ပြီး သူတို့ယောက်ျားတွေကို အမြဲအနားရှိနေစေချင်သလို သူတို့ကို စိတ်ခွန်အား ပေးစေလိုကြတယ်။ သင့်ရဲ့ ချစ်သူစုံတွဲဘဝကို စတင် လျစ်လျူရှုလိုက်တာနဲ့ ဖေါက်ပြန်ခြင်းက မလွဲမသွေ ရောက်လာမှာဖြစ်တယ်။

(၄) သူမဟာ ချစ်သူစုံတွဲဘဝ အဆုံးသတ်ရောက်နေတယ်လို့ ခံစားရပြီဆိုရင်

အမျိုးသမီးတွေဆိုတာ စိတ်ခံစားချက်နဲ့ အသက်ရှင်နေသူတွေဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှု လိုအပ်သလို စိတ်ပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်မှုလည်း လိုအပ်ပါတယ်။ သူမကြောင့်သော်လည်းကောင်း၊ တစ်ဖက်လူကြောင့်သော်လည်းကောင်း အမျိုးသမီးတစ်ဦးက ချစ်သူစုံတွဲဘဝကို ပြီးဆုံးသွားသလို မလွယ်ကူလှတဲ့ ခံစားချက်ရှိနေပြီဆိုရင် အပြင်က သူမကြုံနေရတဲ့ ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်နှောက်ယှက်မှုဒဏ်ကနေ သက်သာရာရအောင် အဲဒီဟာကွက် လိုက်ဖြည့်ဖို့ အမြဲလိုက်ရှာနေတော့မှာဖြစ်တယ်။ ဒါ့ကြောင့် အဲဒီအချက်ကို ရှောင်နိုင်ဖို့ ချစ်သူစုံတွဘဝကို အမြဲ ရှင်သန်စေပါ။ အဲဒါ ခံစားချက်တွေ အပြန်အလှန်မျှဝေပေးရာရောက်ပါတယ်။

Credit:Trend Myanmar