ချစ်သူတွေ လျှောက်လမ်းတဲ့ လမ်းမှာ သာယာဖြောင့်ဖြူးတာတွေ ရှိသလို၊ အဖုအထစ် ခလုတ်
ကန်သင်းတွေနဲ့ တွေ့ကြုံရတဲ့အခါတွေလည်း ရှိပါတယ်။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ချစ်သူ
တွေ တွဲလက်မဖြုတ်ပဲ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ တစ်အိုးတစ်အိမ်တည်ထောင်ခြင်းကို အောင်
မြင်စွာလျှောက်လမ်းနိုင်ခြင်းဟာ အချစ်စစ်ရဲ့ အောင်ပွဲဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ပဲ အောက်ပါ
အခြေအနေ (8) ရက်နဲ့ ရင်ဆိုင်နေရတယ်ဆိုရင်တော့ အချစ်ရေး ရင်လေးစရာပါဘဲ။
1. သင့်ကိုအရှိအတိုင်း လက်မခံဘူး။
ချစ်သက်တမ်း ဘယ်လောက်ပဲ ကြာမြင့်သည်ဖြစ်စေ သင့်ရဲ့ လက်ရှိ အရှိတရားကို လက်ခံနိုင်
တယ်ဆိုမှ သူဟာ သင့်ကို လက်တွဲဖော်အဖြစ် လက်ခံတယ်ဆိုတဲ့ သက်သေဖြစ်ပါတယ်။
ဒါကြောင့် သင့်ရဲ့ လက်ရှိအရှိတရားပေါ်မှာ သူ ဘယ်လောက်အတိုင်းအတာထိ လက်ခံသလဲ
ဆိုတာ သင် သိထားရပါမယ်။
2. သူ့ကို သင်က လက်မခံဘူး။
ဒါကတော့ သင့် စိတ်မှာ မူတည်ပါတယ်။ သူရဲ့ လက်ရှိ အရှိတရားကို သင်ဘက်က လက်မခံနိုင်
သေးဘူးဆိုရင်တော့ သင်တို့မှာ အနာဂတ်ကင်းမဲ့နေတဲ့ အချစ်လမ်းကို လျှောက်လှမ်းနေတယ်
လို့ ဆိုလိုလို့ ရပါတယ်။
3. ခက်ခဲတဲ့အခြေအနေမှာ အတူတူလက်တွဲရင်ဆိုင်ခြင်း မရှိဘူး။
ချစ်သူတို့ဘ၀ရဲ့ အနှစ်သာရဟာ အခြေအနေဆိုး အမျိုးမျိုးကို ဘယ်လို ညီညီညွှတ်ညွှတ် ရင်ဆိုင်
ဖြတ်ကျော်ခဲ့သလဲဆိုတဲ့ ပေတံနဲ့သာ တိုင်းတာပါတယ်။ တစ်ယောက်က ခက်ခဲတဲ့အခြေအနေကြား
ထဲ ရောက်နေတဲ့အခါ အတူ လက်တွဲဖေးမဖို့ စိတ်ကူး မရှိဘူးဆိုရင် နီးစပ်ဖို့ခက်ခဲတဲ့ အချစ်ရေး
တစ်ခုပါဘဲ။
4. သင့်ရဲ့ လိုအပ်ချက်ဟာ သူနဲ့ တွေ့ဆုံခြင်းမဟုတ်ဘူး။
တစ်နည်းဆိုရရင် သင်ဟာ သူ့ကို တွေ့ဖို့ စိတ်မပါဘူး-ပေါ့။ ဒါကလည်း အချစ်ရေးမှာ အနုတ်လက္ခဏာ
တစ်ခုပဲဖြစ်ပါတယ်။ ချစ်သူအချင်းချင်း ဆာလောင်သော မျက်စိနဲ့ မကြည့်ချင်တော့လောက်အောင်
အထိ ဖြစ်နေပြီဆိုရင်တော့ ပေါင်းခန်းမပါးတဲ့ ဇာတ်သိမ်းလေးနဲ့ အဆုံးသတ်ရမှာပါ။
5. စိတ်သဘောထားချင်း မတိုက်ဆိုင်မှုတွေ များတဲ့အခါ
တစ်ယောက်နဲ့တစ်ယောက် စိတ်သဘောထားချင်း အမြဲတမ်းတိုက်ဆိုင်ဖို့ မလွယ်ကူပါဘူး။ ဒါပေမယ့်
မိတ်ဆွေသူငယ်ချင်း ဆက်ဆံရေးမှာတောင် သူတို့အလိုကို လိုက်ရတာရှိသလို ကိုယ့်အလိုကိုလည်း
လိုက်ရတာ ရှိပါတယ်။ ချစ်သူဘ၀မှာလည်း အဲဒီလိုပါဘဲ။ တစ်ယောက်နဲ့တစ်ယောက် စိတ်သဘော
ထားချင်း မတိုက်ဆိုင်တာတွေ များလာခြင်းဟာ အချစ်ရေးရဲ့ အက်ကြောင်းတွေ ဖြစ်ပါတယ်။
6. အပေးအယူ မညီမျှခြင်း
အချစ်ရေးတစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် အပေးအယူ ညီမျှနေဖို့ လိုပါတယ်။ အပေးချည်းသက်
သက်ဆိုရင်လည်း သင်က တစ်ဖက်သက်ချစ်ရာ ရောက်နေတဲ့ ပုံစံ ဖြစ်နေတတ်ပြီး၊ အယူချည်းသက်
သက်ဆိုရင်လည်း သင့်အချစ်က အတ္တတွေနဲ့ ရောပြွမ်းနေတယ်လို့ ပြောလို့ရပါတယ်။
7. ယုံကြည်မှု ကင်းစင်နေခြင်း
တစ်ယောက်နဲ့တစ်ယောက် မယုံကြည်ရတော့တဲ့ အခြေအနေမျိုးကြုံနေရတဲ့အခါ ဒါဟာ မကောင်းတဲ့
လက္ခဏာပါဘဲ။ ဒါမှမဟုတ် တစ်ယောက် ဘာလုပ်တယ်၊ ဘာဖြစ်တယ်၊ ဘယ်သွားတယ်-ဆိုတာကို
စိတ်မ၀င်စားတော့တဲ့အခါမျိုးမှာလည်း အချစ်နဲ့ပတ်သက်ပြီး ယုံကြည်မှုပျောက်ဆုံးနေတဲ့ လက္ခဏာ
ရပ်ပါ။
8. ရေရှည်အလားအလာကို မမြင်ဘူး။
သူနဲ့သာ လက်ထပ်လိုက်ရရင် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာမှာ ဘယ်လို ကောင်းကျိုးချမ်းသာတွေ ခံစား
ရလိမ့်မယ်လို့ သင့်မှာ မျှော်လင့်ချက် မရှိဘူးဆိုရင်လည်း သင်တို့အချစ်ရေးဟာ အတော်လေးကို
အေးစက်တဲ့ အခြေအနေပါဘဲ။
နတ်စည်တော် (ShweMOM)
Source:ShweMOM