Dear Shwemom …
ကျွန်တော် ပြီးခဲ့တဲ့ တစ်နှစ်လောက်က ရည်းစားတစ်ယောက်ထားခဲ့ဖူးပါတယ်။ အကြောင်းမတိုက်ဆိုင်လို့ လမ်းခွဲဖို့ဆုံး
ဖြတ်ခဲ့ပါတယ်။ အဲဒီနောက် 7 လလောက် အကြာမှာပဲ ကျွန်တော့်မှာ ချစ်သူတစ်ယောက် ရခဲ့ပါတယ်။ နောက်ချစ်သူ
နဲ့ ယူဖို့ စီစဉ်နေတုန်းမှာ ပထမကောင်မလေးက သူ့မှာ ကျွန်တော်နဲ့ ရခဲ့တဲ့ ကိုယ်ဝန် ရှိနေပါတယ်-ဆိုပြီး ပြဿနာ
ထ လုပ်ပါတယ်။ ကျွန်တော် အမှန်အတိုင်းဝန်ခံရရင် အခုအချိန်ထိ ဘယ်သူ့အပေါ်မှာ စည်းမကျော်ခဲ့ပါဘူး။ အဲဒီပြဿ
နာ ပေါ်လာတော့ ကျွန်တော်တို့ လက်ထပ်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။ ဒါကို ပထမကောင်မလေးက
သတင်းတွေ ထပ်ဖွပြန်ပါတယ်။ သူ့ကို ယူမှာမို့ ဒုတိယကောင်မလေးရဲ့ လက်ထပ်ပွဲကို ရွှေ့ဆိုင်းပစ်လိုက်တာဆိုပြီး။
နောက်ပိုင်း ပထမကောင်မလေးက သူ့ကိုယ်ဝန်ကို တာဝန်ယူဖို့ အတင်းအကြပ်တိုက်တွန်းလာပါတယ်။ ကျွန်တော့်မှာ
သူ မဟုတ်ကဟုတ်က လျှောက်ဖွတဲ့ ပြဿနာတွေကြောင့် ကျွန်တော် ချစ်ရတဲ့သူနဲ့ ဝေးနေရပါတယ်။ နောက်ပိုင်းမှာ
သူ့ကို ငါနဲ့ရတဲ့ကိုယ်ဝန် ဟုတ်မဟုတ် ဆေးစစ်မယ်၊ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်မယ်လို့ အကြောင်းပြန်လိုက်ပါ
တယ်။ အဖြေကလည်း ရှင်းပါတယ်။ သူ့မှာ ဘာကိုယ်ဝန်မှ မရှိပါ။ ဒါပေ မယ့် အခုထက်ထိနှောက်ယှက်ဆဲဖြစ်လို့
ကျွန်တော် ဘာလုပ်ရမလဲ အကြံဉာဏ်ပေးစေလိုပါတယ်။
Shwemom က စာပြန်လိုက်ပါတယ် …
အခုကိစ္စဟာ သမီးရည်းစားကိစ္စဖြစ်လို့ ထိရောက်တဲ့ အကြံဉာဏ် ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါပေမယ့် Shwemom ရဲ့ အကြံ
ပြုချက်ကြောင့် တစ်ပါးသူ ထိခိုက်နစ်နာရတာမျိုးကိုလည်း မလိုလားပါဘူး။ ဘာပဲဖြစ်ဖြစ် အရင်ဆုံး လူမှုရေးနည်းနဲ့ ပြေ
လည်အောင် ဖြေရှင်းပေးဖို့ အကြံပေးပါတယ်။ အဲဒီနည်းနဲ့ ထူးခြားမှု မရှိဘူးဆိုရင် တရားရင်ဆိုင်တဲ့ နည်းဖြစ်ပါတယ်။
အခုအခြေအနေကို ကြည့်ရတာ ဆေးအဖြေကလည်း တိတိကျကျ ထွက်ထားပါရဲ့နဲ့ ပြင်ပမှာ မဟုတ်သတင်းလွှင့်နေ
တာကို ပထမကောင်မလေးက မရပ်ဘူးဆိုရင် ဂုဏ်သိက္ခာညှိုးနွမ်းစေမှုဖြစ်ပါတယ်။ တစ်ခြား တရားဥပဒေပုဒ်မတွေ
တော့ အများကြီး နားမလည်ပါ။ ဒါကြောင့်မို့ အရင်ဆုံး လူမှုရေးနည်းနဲ့ ဖြေရှင်းလို့ မရရင်တော့ နီးစပ်ရာ ရှေ့နေဆီမှာ
အကြံ ဉာဏ်တောင်းခံပြီး လိုအပ်တဲ့ သက်သေတွေ စုကာ တရားရေးနဲ့ ဖြေရှင်းဖို့ ကြိုးစားပါ။ ဒီလိုလုပ်ခြင်းအားဖြင့်
သင့်အပေါ် အမြင်လွဲမှားမှုရှိနေတဲ့ ဒုတိယချစ်သူအတွက်လည်း ဖြေရှင်းချက်ကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်
နောက်ဆုံး ထပ်ပြောလိုတာက လူမှုရေးနည်းနဲ့ အရင်ဖြေရှင်းလိုက်ရင် ဘယ်သူမှ မနစ်နာနိုင်ပါဘူး-ဆိုတာ အကြံပြု
လိုက်ပါတယ်။
Shwemom
Source:ShweMOM