4/01/2016
အတွေး.. စိတ်ကူး... ခံစားမှု
၁) မအိပ်ခင်မှာ သင့်အတွေးရဲ့ ၉၀% ဟာ သင်ဖြစ်ချင်တဲ့အရာတွေကို စပြီးပုံဖော်စဉ်းစားပါလိမ့်မယ်...
၂) တခြားသူတွေဘယ်လိုစဉ်းစားမယ်ဆိုတာကို တွေးပူတာနည်းလေလေ ဘ၀ကိုရိုးရိုးရှင်းရှင်း အေးအေးဆေးဆေးဖြတ်သန်းနိုင်ချေ များလေလေဖြစ်ပါတယ်...
၃) နာကျင်ခံစားနေရတဲ့အချိန်မှာ ပျော်ရွှင်သလို ဟန်ဆောင်တာဟာ သင်ဘယ်လောက်စိတ်ဓာတ်ကြံ့ခိုင်သလဲဆိုတာကိုပြတဲ့ နမူနာတစ်ခုပဲဖြစ်ပါတယ်...
၎) အသည်းကွဲတာဟာ အလွန်ဆုံး ၄ လပဲခံပါတယ်... အဲ့ဒီကာလကို ကျော်လွန်သွားတဲ့အခါ အချစ်သစ်ကိုရှာဖို့ အသင့်ဖြစ်နေပါပြီ...
၅) လူတစ်ယောက်ဟာ ဘာမှမဟုတ်တဲ့အရာတစ်ခုကို အရမ်းရယ်နေပြီဆိုရင် သူ့စိတ်ထဲမှာ အရမ်းဝမ်းနည်းနေလို့ပါပဲ...
၆) လူတစ်ယောက်က အလွန်အကျွံအိပ်နေပြီဆိုရင် သူ့မှာ အထီးကျန်ဆန်တဲ့ ခံစားမှုရှိနေလို့ပါပဲ....
၇) အတွေးလွန်တဲ့သူတွေဟာ သူတို့ပြဿနာတွေကို သူတို့ဘာသာ ဖန်တီးယူတတ်ကြပါတယ်... အကယ်လို့ သူတို့သာမဖန်တီးခဲ့ရင် အဲ့ဒီပြဿနာတွေကလည်း ဖြစ်လာစရာအကြောင်းမရှိပါဘူး....
၈) စိတ်ပိုင်းဆိုင်ရာ နာကျင်ခံစားမှုအားလုံးဟာ ၁၂ မိနစ်ပဲ ခံပါတယ်... ဒီထက်ပိုပြီး ခံစားနေရတာကတော့ အဲ့ဒီခံစားချက်ကို သင့်ဘာသာဆတိုးမွေးမြူထားလို့ပါပဲ...
၉) နာကျင်မှုက သင့်ကိုပိုပြီး ကြံ့ခိုင်သန်စွမ်းစေတယ်... အကြောက်တရားက သင့်ကိုပိုပြီး သတ္တိရှိစေတယ်... အသည်းကွဲခြင်းက သင့်ကိုပိုပြီး ပညာရှိစေပါလိမ့်မယ်....
၁၀) သင့်ခံစားချက်တွေကို တစ်စုံတစ်ယောက်မသိအောင် ကြာရှည်ဖုံးကွယ်ထားလေလေ အဲ့ဒီသူအပေါ် သင့်ရဲ့ခံစားချက်က ပိုပြီးနက်ရှိုင်းလေလေပါပဲ...
Credit : နှိုင်းရင့်နွေ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...