11/06/2017
မယားငယ်နဲ့ ဆက်ပေါင်းဖို့ မယားကြီးကမွေးတဲ့သမီးကို ပုဆိန်နဲ့ခုတ်သတ်
အမျိုးသားတစ်ဦးဟာ ဒုတိယမိန်းမနဲ့ ဆက်ပေါင်းနိုင်ဖို့အတွက် ပထမမိန်းမနဲ့မွေးတဲ့ သမီးငယ်ကို ပုဆိန်နဲ့ ခုတ်သတ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ အိုဒီရှာပြည်နယ်မှာ ရှစ်နှစ်အရွယ် မိန်းကလေးငယ် ဂျာမူနာရဲ့ ခေါင်းပြတ်ရုပ်အလောင်းကို တွေ့ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က
ကလေးလေးယောက်အဖေ ပါဟာရီယာကို ဖမ်းဆီးခဲ့ပါတယ်။
ပါဟာရီယာဟာ ဒုတိယမိန်းမရဲ့ စွန့်ပစ်ခြင်းမခံရဖို့ အောက်လမ်းဆရာနဲ့ တိုင်ပင်ခဲ့ပြီး ပထမမိန်းမနဲ့မွေးတဲ့
သမီးကို ယစ်ဇ်ပူဇော်ဖို့ အောက်လမ်းဆရာက ပါဟာရီယာကို အကြံပေးခဲ့တယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။ ပါဟာရီယာဟာ သူ့သမီးကို လယ်ကွင်းထဲခေါ်သွားပြီး ပုဆိန်နဲ့ ခေါင်းဖြတ်သတ်ခဲ့တယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။ ဒီဖြစ်ရပ်ဟာ အောက်တိုဘာလ
၂၆ ရက်နေ့ကတည်းက ဖြစ်ခဲ့တယ်ဆိုပေမယ့် ပြီးခဲ့တဲ့ ကြာသပတေးနေ့ကမှ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့တာပါ။
အသက် ၄၀ ၀န်းကျင်ရှိတဲ့ ပါဟာရီယာဟာ ဒုတိယမိန်းမနဲ့ သမီးတစ်ဦး၊ သားနှစ်ဦး ရှိတယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ ရဲတပ်ဖွဲ့က ပါဟာရီယာကို အကြံပေးခဲ့တဲ့ အောက်လမ်းဆရာကို စုံစမ်းနေပါတယ်။
Credit : Pyit Tine Htaung