11/05/2017
နောင်ကို မကူညီရဲတော့ပါ .
နောင်ကို မကူညီရဲတော့ပါ
ဒီနေ့ည ၉ ခွဲလောက်က စွမ်းဟိုတယ်ကအထွက် ကျုံးဘေးမှာ ရုန်းရုန်းဖြစ်နေတာကို တွေ့ရပါတယ်။
စွမ်းဟိုတယ်အပေါက်မှာ လူငယ်တစ်ဦးရပ်နေလို့ ညီလေးဘာဖြစ်တာလဲ မေးလိုက်ပါတယ်။အဲ့ လူငယ်က အကိုကူပါဦး ကျနော်တို့ဆိုင်ကယ်နှစ်စီးကို လူတစုက ဝိုင်းဖျက်ဆီးနေတယ်လို့ ပြောပြီး ကူပါဦးလို့အကူညီတောင်းပါတယ်။
ကျနော်လှမ်ကြည့်တော့ ဆိုင်ကယ်တွေကို ခြေထောက်နဲ့ကန် ဖျက်ဆီးနေတာတွေ့ရပါတယ်။ ဒါနဲ့ ကျန်ာက ရန်ဖြစ်တာလား မေးတော့ မဖြစ်ဘူးအကို ဘာမသိ ညာမသိနဲ့ ကျနော်တို့ဆိုင်ကယ်တွေဖျင်ဆီးခံရတာလို့ ဖြေပါတယ်။
ဒါနဲ့ ကျနော်လည်း ကားပေါ်ကဆင်း ကျုံးဘေးလှမ်းကြည့်တော့ ဆိုင်ကယ်ကို ဖျက်ဆီးနေတဲ့သူတွေ ထွက်ပြေးသွားတာကို တွေ့ရပါတယ်။
ကျနော်လည်း အဲ့ဒီကျုံးဘေးကို ကူညီဖို့သွားပြီး ခဏနေတော့ ရဲကားတွေရောက်လာပါတယ်။ ရဲတွေကလည်း ကူညီကြပါတယ်။ ချက်ချင်းပဲ ဖမ်းဟယ် ဆီးဟယ်လုပ်ဖို့ ကြိုးစားပီး ကူညီတာပါ။
ကျနော်ကိုလည်း မေးမြန်းပေါ့။
ကျနော်ကလည်း လိုတာကို ဖြေရင်း မြို့လည်ကောင် ညသိပ်မနက်သေးခင် ခုလိုကျုံးဘေးမှာ အလဟသ ပြဿနာ အရှာခံရတာ လုံခြုံမှု မရှိဘူးဗျာ လို့ ပြောလိုက်ပါတယ်။
ဟုတ်တယ်လေ အချိန်က ညလည်းမိုးသိပ်မချုပ် လူစည်ကားနေချိန်မှာ ခုလို ဖြစ်တာ လုံခြုံလို့လား။
အဲ့ဒီတော့ ရဲအရာရှိက မင်းဘယ်သူလဲ ဘာကောင်လဲ။ လုံခြုံမှု မရှိတာ ငါတို့က ဘာမှမလုပ်သလိုဖြစ်တာပေါ့လို့ ပြန်ပြောပါတယ်။
ကျနော်က ခင်ဗျားတို့ အလုပ်မလုပ်ဘူးလို့ မပြောဘူး။ ပြောချင်တာက မလုံခြုံတာ။ ခု ဘာမှမသိတဲ့သူတွေ ရန်စခံရနေရတာလို့ ပြန်ပြောပါတယ်။
ရဲအရာရှိအပါအဝင် ရဲ ၁၅ ယောက်လောက်က ကျနော့်နားဝိုင်းလာပီး ငါတို့လည်း လုပ်နေတာပဲ။ မင်းလည်းတွေ့လို့ကူညီတာပဲ။ မလုံခြုံဘူးမပြောနဲ့လို့ ပြန်တုန့်ပြန်ပါတယ်။
ကျနော်က ဖြစ်တဲ့ကိစ္စ ကျနော်နဲ့မဆိုင်ဘူး။ ကျနော်က အကူညီတောင်းလို့ကူညီတာ မြို့လည်ကောင်ဖြစ်ပြီး လုံခြုံလို့လားမေးတော့ ရဲတပ်သားထင်ပါတယ်။
မင်းဘာစောက်ဆင့်ရှိလဲ။ ဘာပြန်ပြောနေတာလဲလို့ဆိုပြီး ရန်မူသလို လုပ်ပါတယ်။
ကျနော်လည်း ကျနော့လိပ်စာကဒ်ထုတ်ပေးတော့ ရဲအရာရှိက ငါမတောင်းဘူး ငါ့မပေးနဲ့လို့ပြောပါတယ်။ကျနော်က သာမန်ပြည်သူပါ သတင်းထောက်လုပ်ပါတယ်။ အကူညီတောင်းလို့ ကျနော်ကကူညီသူပါလို့ ပြောတာကို မလိုတဲ့ တုန့်ပြန်မှုမျိုးနဲ့ ပြန်တုန့်ပြန်ပါတယ်။
ကျနော်ကို့ စည်ပင်ရဲအချို့က ကျနော်ကူညီတယ်ဆိုတာ သိကြောင်းနဲ့ ဖြောင့်ဖြပြီး ပြန်ဖို့ပြောလို့ ကျနော်ပြန်လာခဲ့ပါတယ်။
ကျနော်နောင်ဆို မကူညီတော့ပါ။ ပြည်သူ့အခွန်စားနေတဲ့ရဲတပ်ဖွဲ့အနေနဲ့ ကူညီသူ ကို ကျေးဇူးမတင်တဲ့အပြင် မင်းဘာလဲ ဘာစောက်ဆင့်ရှိလဲ မေးတဲ့အတွက် မကူညီရဲတော့ပါ။
မှတ်ချက် ( ကျနော်ပြောတဲ့အတွက် ဆိုင်ကယ်တွေဖျက်ဆီး ရန်ရှာတဲ့သူအချို့ကို ရဲကလိုက်ဖမ်းတဲ့အတွက် နှစ်ဦးကို ဖမ်းမိပြီး ရဲစခန်းသို့ ခေါ်ဆောင်သွားပါကြောင်း)