11/05/2017

လပြည့်နေ့မှာ မွေးပြီး စွန့်ပစ်ခဲ့တဲ့ တစ်ရက်သား အရွယ်ကလေးကို ကယ်တင်ခဲ့တဲ့ ဦးဇင်း


Ygw မိဘမဲ့ကျောင်း ရန်/မန်း အမြန်လမ်းဘေး-၈၉မိုင် ၅ဖာလုံ ပဲခူးဌာနမှ ဦးဇင်းဟာ တန်ဆောင်မုန်း လပြည့်နေ့ကမှမွေးပြီး တစ်ရက်သား
အရွယ်သာရှိသေးတဲ့ စွန့်ပစ်သားငယ်လေးတစ်ဦးကို ကယ်တင်စောင့်ရှောက်ခဲ့တယ်လို့ သူတို့ရဲ့ ဖေ့ဘွတ်ပေ့ခ်ျမှာ ရေးသားထားပါတယ်။

သူတို့ပေ့ခ်ျတွင် ရေးသားထားတာကတော့

” တန်ဆောင်မုန်း လပြည့်နေ့ကမှမွေးပြီး တစ်ရက်သား
အရွယ်သာရှိသေးတဲ့ စွန့်ပစ်သားငယ်လေးတစ်ဦးကို
ကယ်တင်စောင့်ရှောက်ခွင့် ရပြန်ပြီဗျာ။
အခု သားငယ်လေးကို ၈၉မိုင်၅ဖာလုံ YGW မိဘမဲ့ကျောင်းသို့ ခေါ်ဆောင်လာခဲ့ပါပြီ
သားငယ်​​လေးရဲ့ နာမည်​ကို ​ဘယ်​လို​ပေးရင်​​ကောင်းမလဲ
နာမည်​လှလှ​လေးလည်း ​ရွေး​ပေးသွားကြဦး​နော်​။
အရှင်ဇနာနန္ဒYGW
ရန်ကုန်မန္တလေး အမြန်လမ်းဘေး ၈၉မိုင်၅ဖာလုံ
YGW ပရဟိတမိဘမဲ့ကျောင်း
ဖုန်း 09780000085 ”

ဖြစ်ပါတယ်။