11/05/2017

အမျိုးသမီး တစ်ဦးကို ဓါးဒါဏ်ရာ ၁၃ ချက်ဖြင့် သတ်ခဲ့တဲ့ တရားခံတွေ မိပြီ

အုတ်တွင်း-ပေါက်ခေါင်း ရိုးမ ဖြတ်ကျော်ကားလမ်း ကရင်မသေ ကျေးရွာအနီး စိတ်ဝေ ဒနာရှင်အမျိုးသမီးတစ်ဦး အောက်တိုဘာ ၃၀ ရက်နေ့ ညပိုင်း၌ ဓါးဒါဏ်ရာ ၁၃ ချက်ဖြင့် အသတ်ခံခဲ့ရပြီး

အုတ်တွင်းမြို့နယ်ရဲတပ်ဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ပြစ်မှုကျူးလွန်သူများကို ရက်ပိုင်းအတွင်းဖေါ်ထုတ်ခဲ့သည် အခင်းဖြစ်ညပိုင်း အမည် နေရပ်မသိ စိတ်ဝေဒနာရှင် အမျိုးသမီးမှာ ညအမှောင်ထဲ အတိုင်းလမ်းလျောက်စဉ် သစ်ခိုးတင်ရန်ပြင်နေသော ကရင်မသေကျေးရွာနေ သိန်းဌေး ညီဖြစ်သူ အေးမင်း တို့က ၎င်းတို့သစ်ခိုးထုတ်မှုကို လာရောက်စုံစမ်းသည်အထင် နှင့် သတ်ဖြတ်ခဲ့ဖြစ်ကြောင်း သိရှိခဲ့ရသည်။


Credit-ကိုလွင်(ဆွာ)