11/08/2017

ညောင်ဦးတွင် အမေရိကန်နိုင်ငံသူ နေ၀င်ဆည်းဆာ ကြည့်ရှုရာမှ ဘုရားပေါ်ကပြုတ်ကျ သေဆုံး


Unicode

ညောင်ဦးမြို့၊ ပုဂံဘုရားအမှတ် (၃၅၂/၂၁၃) အမြင့်ပေ ၂၀ ရှိ ဝတၳနသောဘုရားတွင် နေ၀င်ဆည်းဆာ တက်ရောက်ကြည့်ရှုရာမှ အမေရိကန်နိုင်ငံသူတစ်ဦး ပြုတ်ကျသေဆုံးမှုတစ်ရပ် နို၀င်ဘာလ ၇ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေး၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပုဂံဘုရားအမှတ် (၃၅၂/၂၁၃)ဝတၳနသောဘုရား (အမြင့် ၂၀ ပေ) တွင် အမေရိကန်နိုင်ငံသူ Miss Braun Kassanbra Arielle၊ (၂၁)နှစ်သည် နေဝင်ဆည်းဆာ တက်ရောက်ကြည့်ရှုရာမှ မတော်တဆ ပြုတ်ကျခဲ့ရာ မျက်ကွင်း နှစ်ဖက် ဖူးရောင်ညိုမဲ၊ နား/နှာခေါင်း သွေးထွက် ဒဏ်ရာများ(သတိမရ) ရရှိသဖြင့် ညောင်ဦးဆေးရုံ မှ တစ်ဆင့် မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်စဉ် ၆း၃၅ အချိန်တွင် တောင်သာမြို့နယ် ဆင်တဲဝချောင်းအနီး၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုကို ညောင်ဦးမြို့မရဲခစန်းမှ သေမှုသေခင်း အမှတ်စဉ် (၉/၂၀၁၇)ဖြင့် အမှုဖွင့်လှစ် စစ်ဆေးလျက် ရှိကြောင်းနှင့် ၄င်းအမေရိကန် နိုင်ငံသူသည် နိုဝင်ဘာလ ၅ ရက်နေ့တွင် ညောင်ဦးမြို့နယ်သို့ ရောက် ရှိပြီး ပုဂံမြို့ဟောင်းရှိ သီရိပစ္စယာဟိုတယ်၊ အခန်းအမှတ် (S.102)တွင် တည်းခို နေထိုင်သူဖြစ်ကြောင်း သိရသည်။

http://www.theladiesnewsjournal.com/…/wed-2017-11-08-1…/8057
The Ladies News

Zawgyi

ညောင်ဦးမြို့၊ ပုဂံဘုရားအမှတ် (၃၅၂/၂၁၃) အမြင့်ပေ ၂၀ ရှိ ဝတ္ထနသောဘုရားတွင် နေ၀င်ဆည်းဆာ တက်ရောက်ကြည့်ရှုရာမှ အမေရိကန်နိုင်ငံသူတစ်ဦး ပြုတ်ကျသေဆုံးမှုတစ်ရပ် နိုဝင်ဘာလ ၇ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပုဂံဘုရားအမှတ် (၃၅၂/၂၁၃)ဝတ္ထနသောဘုရား (အမြင့် ၂၀ ပေ) တွင် အမေရိကန်နိုင်ငံသူ Miss Braun Kassanbra Arielle၊ (၂၁)နှစ်သည် နေဝင်ဆည်းဆာ တက်ရောက်ကြည့်ရှုရာမှ မတော်တဆ ပြုတ်ကျခဲ့ရာ မျက်ကွင်း နှစ်ဖက် ဖူးရောင်ညိုမဲ၊ နား/နှာခေါင်း သွေးထွက် ဒဏ်ရာများ(သတိမရ) ရရှိသဖြင့် ညောင်ဦးဆေးရုံ မှ တစ်ဆင့် မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်စဉ် ၆း၃၅ အချိန်တွင် တောင်သာမြို့နယ် ဆင်တဲဝချောင်းအနီး၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။


The Ladies News