11/08/2017
ထိုင်းတွင် မိခင်အရင်းမှ မွေးကင်းစ ကလေးကို ၁၇ လွှာပေါ်က ပစ်ချခဲ့
Unicode
ထိုင်းအမျိုးသမီးတစ်ဦးဟာ အတူနေချစ်သူက သူ့ကို ထားသွားတဲ့အတွက် မွေးကင်းစအရွယ် ကလေးငယ်ကို ၁၇ လွှာပေါ်ကနေ ပစ်ချခဲ့ပါတယ်။ အသက် ၂၀ အရွယ်ရှိတဲ့ နိုကျန်တန်က သူ့မှာကိုယ်၀န်ရှိနေပြီလို့
အသက် ၄၀ အရွယ် သူ့ချစ်သူကို ပြောခဲ့ပြီးနောက်မှာ သူ့ချစ်သူက နိုကျန်တန်ကို ချန်ထားခဲ့ပြီး တောင်ကိုရီးယားက သူ့မိသားစုထံ ပြန်သွားခဲ့ပါတယ်။
ပတ္တရားကမ်းခြေက အထပ်မြင့်အဆောက်အအုံရဲ့ ၁၇လွှာမှာ နေထိုင်တဲ့ နိုကျန်တန်ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က သားယောကျ်ားလေး မွေးဖွားခဲ့ပါတယ်။ ကလေးမွေးပြီးပြီးချင်းမှာပဲ နိုကျန်တန်က ကလေးကို ပလတ်စတစ်အိတ်နဲ့
ပတ်ပြီး အိပ်ခန်းပြတင်းပေါက်ကနေ ပစ်ချခဲ့ပါတယ်။
နံနက် ၅ နာရီအချိန်မှာ နိုကျန်တန် ကလေးပစ်ချလိုက်တာကို လေးလွှာမှာနေထိုင်တဲ့ အမျိုးသားတစ်ယောက်က မြင်တွေ့ခဲ့ပါတယ်။ သူ့မျက်စိရှေ့ကနေ ကျသွားတာ ဘာလဲဆိုပြီး သွားကြည့်တဲ့ ဒီအမျိုးသားဟာ ပလတ်စတစ်အိတ်ထဲမှာ ချက်ကြိုးတန်းလန်းဖြစ်နေပြီး နှလုံးမခုန်တော့တဲ့ ကလေးငယ်ကို တွေ့ရတော့ အရမ်းတုန်လှုပ်သွားခဲ့ပြီး ရဲကို အကြောင်းကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရောက်လာချိန်မှာ ကလေးက သေနေပါပြီ။ ရဲတွေက CCTV ကင်မရာကို ကြည့်ရှုစစ်ဆေးပြီးနောက်မှာ
နိုကျန်တန်ကို ဖမ်းဆီးခဲ့တာပါ။
နိုကျန်တန်ဟာ တောင်ကိုရီးယားနိုင်ငံက အိမ်ထောင်ရှိယောကျ်ား ကင်နဲ့ အတူနေခဲ့ပြီး ကိုယ်၀န်ရခဲ့ပေမယ့် ကင်က သူ့ကိုထားပြီး ကိုရီးယားပြန်သွားခဲ့လို့ မခံချိမခံသာဖြစ်ပြီး မွေးကင်းစ ကလေးကို ပစ်ချခဲ့တာလို့ ၀န်ခံခဲ့ပါတယ်။
Credit : Pyit Tine Htaungထိုင်းအမျိုးသမီးတစ်ဦးဟာ
Zawgyi
နိုကျန်တန်ဟာ တောင်ကိုရီးယားနိုင်ငံက အိမ်ထောင်ရှိယောက်ျား ကင်နဲ့ အတူနေခဲ့ပြီး ကိုယ်ဝန်ရခဲ့ပေမယ့် ကင်က သူ့ကိုထားပြီး ကိုရီးယားပြန်သွားခဲ့လို့ မခံချိမခံသာဖြစ်ပြီး မွေးကင်းစ ကလေးကို ပစ်ချခဲ့တာလို့ ၀န်ခံခဲ့ပါတယ်။
Credit : Pyit Tine Htaung