11/07/2017

မုတ္တမမြို့ကဆိုင်ကယ်လုပြီးလူသတ်တဲ့တရားခံမိပြီ


အောက်တိုဘာ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မုတ္တမမြို့
မြသိန်းတန်ဘုရားဝင်းနှင့် အောက်မင်္ဂလာဘုန်းကြီး ကျောင်းဝင်းကြားမှာ ဆိုင်ကယ်တက္ကစီမောင်းနှင်သူ ကိုသန်းဇော်မိုး အားသတ်ပြီး ဆိုင်ကယ်ယူဆောင်သွားတဲ့ လူသတ်မှုတရားခံကို မုတ္တမရဲစခန်းမှုး အမှုစစ်ရဲအုပ် အောင်မင်းကြည် နှင့် တပ်ဖွဲ့ဝင်များ၏ ကြိုးစားဖော်ထုတ်မှုကြောင့် တပတ်အတွင်း ဖမ်းမိပါပြီး။

လူသတ်မှုတရားခံကတော့ မဏိရတနာ သဲ/ကျောက် လှေလုပ်သား ဗိုလ်ကျော်(ခ)ကျော်ဇင်ထက် (ဘ)ဦးမြတ်မင်း ဇောတိကကျေးရွာ သုံးခွမြို့နယ် ရန်ကုန်တိုင်းနေသူ ဖြစ်ပြီး ၆.၁၁.၂၀၁၇ ညနေ (၂:၃၀)အချိန်မှာ သုံးခွမြို့နယ် ဇောတိကကျေးရွာအရှေ့ပိုင်း သေဆုံးသူထံမှ ဆိုင်ကယ်နှင့်တကွ ဖမ်းဆီးရမိခဲ့ပါသည်။

လေးစားပါတယ် မွန်ပြည်နယ်ရဲတပ်ဖွဲ့ နဲ့ မုတ္တမစခန်းမှုး အမှုစစ်ရဲအုပ်အောင်မင်းကြည်နှင့် တပ်ဖွဲ့ဝင်များ။

သတင်းဓါတ်ပုံ -#Credit