11/07/2017

ဓာတ္ပံု တစ္ပံုရဲ႕ ဂယက္ေတြေၾကာင့္ စိတ္ညစ္ေနရတဲ့ ပိုင္ေဇရဲထြန္း ရဲ႕ ဇနီး


Unicode
လူတွေက တစ်မျိုးပြီး တစ်မျိုး ပြောနေကြလို့ပါ။ကားပေါ်မှာ ရိုက်ကူး ထားတဲ့ ပိုင်ဇေရဲထွန်း တို့ မိသားစု ဓာတ်ပုံ ထဲမှာ သရဲပါလာတယ်လို့ ဖေ့စ်ဘွတ် မှာ နာမည်ကြီးသွားမှုအပေါ် မဇင်သဲနိုင် (သရုပ်ဆောင် ပိုင်ဇေရဲထွန်းရဲ့ဇနီး) က သရဲမဟုတ်ပါဘူး၊ အိမ်ဖော်မလေး ပါလို့ဖြေရှင်းခဲ့ပေမဲ့ အဆင့်အတန်း ခွဲခြား တယ်လို့ လူတချို့က ဝေဖန်ကြတာ ဖြစ်ပါတယ်။

နိုဝင်ဘာ (၄)ရက်နေ့က ပိုင်ဇေရဲထွန်း ရဲ့ ဇနီး ဖြစ်သူက မိသားစု လိုက် ကားပေါ်မှာ ရိုက်ထားတဲ့ ဓာတ်ပုံ ကို တင်ခဲ့ပါတယ်။ အဲ့ဒီဓာတ်ပုံမှာ တော့ ကလေး တွေ ရဲ့ နောက်မှာ ပါတဲ့ အရိပ်တစ်ခုကို သရဲလို့ ထင်ပြီးတော့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

အဲ့ဒါနဲ့ ပတ်သက်ပြီး ပိုင်ဇေရဲထွန်း ရဲ့ ဇနီး ဇင်သဲနိုင် ကနေ သရဲမဟုတ်ကြောင်း အိမ်က ဝေယာဝစ္စဝိုင်းကူတဲ့ ညီမလေးပါဆိုပြီး ယခုလို ပြောပြခဲ့ပါတယ်။



“နောက်ခန်း က အိမ်ကဝေယာဝစ္စဝိုင်းကူတဲ့ ညီမလေး ပါ ။ စိတ်မပူကြပါနဲ့အမျိုးတို့ရေ ချစ်ပေးဂရုစိုက်ပေး စိတ်ပူပေးတာ ကျေးဇူးအထူးပါ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ် မှာ ပြန်ဖြေရှင်းပေးခဲ့ပါတယ်။
အဲ့လို ဖြေရှင်းပြီးနောက်ပိုင်းမှာလည်း ပရိသတ် တချို့ကလည်း ထပ်ပြီး ဝေဖန်ပြောဆိုမှုတွေ ရှိကြပါတယ်။

ပရိသတ်တ ချို့ကတော့ အိမ်ဖော် ကောင်မလေး ကို ကားနောက်ခန်းဖုံးထဲမှာ ထားတယ် အဆင့်အဆန်းခွဲလိုက်တာဆိုတဲ့ ကောမန့်တွေ ရေးထားကြတာ ဖြစ်ပါတယ်။
အဲ့ဒါနဲ့ ပတ်သက်ပြီး ပိုင်ဇေရဲထွ ရဲ့ ဇနီးဖြစ်သူ တစ်ယောက် တော်တော်ကို စိတ်ညစ်သွားခဲ့ပြီး သူမရဲ့ ဖေ့စ်ဘွတ် မှာ နိုဝင်ဘာ (၆)ရက်နေ့ ညပိုင်းလောက် က ဝေဖန်ထားတဲ့ ကောမန့်တွေကို ဓာတ်ပုံရိုက်ပြီး ယခုလို ပြောထားပါသေးတယ်။

“ကျမသည်းခံနိုင်စွမ်းမကောင်းဘူးFB ပေါ်မှာစောင်ဆရာကြီးတွေ စောင်ဆရာမကြီးတွေတယ်များပါလား
ဘေးထိုင်ဘုပြော ဝေဖန်အတင်းတုတ်နေသူတွေလက်တွေ့ဘဝမှာကိုယ် မိသားစု ကိုယ့်ပတ်ဝန်းကျင်အတွက်ဘယ်လိုအကျိုးပြုနေကြသလဲသိချင်စမ်းပါဘိ” ဆိုပြီး ရေးသားထားပါတယ်။



သူမရဲ့ ပရိသတ် တွေမိတ်ဆွေတွေကတော့ အဲ့ဒီဝေဖန်မှုတွေကို ဂရုမစိုက်ဖို့ကိုလည်း အားပေးထားကြပါတယ်။ ပိုင်ဇေရဲထွန်းတို့ မိသားစု ဟာ လက်ရှိမှာတော့ ချောင်းသာကို ရောက်နေတယ်လို့ သိရပါတယ်။

သူတို့မိသားစုလေးဟာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ မိသားစုလေး ဖြစ်ပါတယ်။


Credit: Duwunလူေတြက တစ္မ်ဳိ

းၿပီး တစ္မ်ဳိး ေျပာေနၾကလုိ႔ပါ။ကားေပၚမွာ ႐ိုက္ကူး ထားတဲ့ ပိုင္ေဇရဲထြန္း တုိ႔ မိသားစု ဓာတ္ပံု ထဲမွာ သရဲပါလာတယ္လို႔ ေဖ့စ္ဘြတ္ မွာ နာမည္ႀကီးသြားမႈအေပၚ မဇင္သဲႏိုင္ (သ႐ုပ္ေဆာင္ ပိုင္ေဇရဲထြန္းရဲ႕ဇနီး) က သရဲမဟုတ္ပါဘူး၊ အိမ္ေဖာ္မေလး ပါလို႔ေျဖရွင္းခဲ့ေပမဲ့ အဆင့္အတန္း ခြဲျခား တယ္လို႔ လူတခ်ဳိ႕က ေဝဖန္ၾကတာ ျဖစ္ပါတယ္။

ႏိုဝင္ဘာ (၄)ရက္ေန႕က ပိုင္ေဇရဲထြန္း ရဲ႕ ဇနီး ျဖစ္သူက မိသားစု လိုက္ ကားေပၚမွာ ရိုက္ထားတဲ့ ဓာတ္ပံု ကို တင္ခဲ့ပါတယ္။ အဲ့ဒီဓာတ္ပံုမွာ ေတာ့ ကေလး ေတြ ရဲ႕ ေနာက္မွာ ပါတဲ့ အရိပ္တစ္ခုကို သရဲလို႕ ထင္ၿပီးေတာ့ ေျပာဆိုမႈေတြ ရွိခဲ့ပါတယ္။

အဲ့ဒါနဲ႕ ပတ္သက္ၿပီး ပိုင္ေဇရဲထြန္း ရဲ႕ ဇနီး ဇင္သဲႏိုင္ ကေန သရဲမဟုတ္ေၾကာင္း အိမ္က ေဝယာဝစၥဝိုင္းကူတဲ့ ညီမေလးပါဆိုၿပီး ယခုလို ေျပာျပခဲ့ပါတယ္။



“ေနာက္ခန္း က အိမ္ကေဝယာဝစၥဝိုင္းကူတဲ့ ညီမေလး ပါ ။ စိတ္မပူၾကပါနဲ႔အမ်ိဳးတို႔ေရ ခ်စ္ေပးဂ႐ုစိုက္ေပး စိတ္ပူေပးတာ ေက်းဇူးအထူးပါ” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘြတ္ မွာ ျပန္ေျဖရွင္းေပးခဲ့ပါတယ္။
အဲ့လို ေျဖရွင္းၿပီးေနာက္ပိုင္းမွာလည္း ပရိသတ္ တခ်ိဳ႕ကလည္း ထပ္ၿပီး ေဝဖန္ေျပာဆိုမႈေတြ ရွိၾကပါတယ္။

ပရိသတ္တ ခ်ိဳ႕ကေတာ့ အိမ္ေဖာ္ ေကာင္မေလး ကို ကားေနာက္ခန္းဖံုးထဲမွာ ထားတယ္ အဆင့္အဆန္းခြဲလိုက္တာဆိုတဲ့ ေကာမန္႕ေတြ ေရးထားၾကတာ ျဖစ္ပါတယ္။
အဲ့ဒါနဲ႕ ပတ္သက္ၿပီး ပိုင္ေဇရဲထြ ရဲ႕ ဇနီးျဖစ္သူ တစ္ေယာက္ ေတာ္ေတာ္ကို စိတ္ညစ္သြားခဲ့ၿပီး သူမရဲ႕ ေဖ့စ္ဘြတ္ မွာ ႏိုဝင္ဘာ (၆)ရက္ေန႕ ညပိုင္းေလာက္ က ေဝဖန္ထားတဲ့ ေကာမန္႕ေတြကို ဓာတ္ပံုရိုက္ၿပီး ယခုလို ေျပာထားပါေသးတယ္။

“က်မသည္းခံႏိုင္စြမ္းမေကာင္းဘူးFB ေပၚမွာေစာင္ဆရာႀကီးေတြ ေစာင္ဆရာမႀကီးေတြတယ္မ်ားပါလား
ေဘးထိုင္ဘုေျပာ ေဝဖန္အတင္းတုတ္ေနသူေတြလက္ေတြ႕ဘဝမွာကိုယ္ မိသားစု ကိုယ့္ပတ္ဝန္းက်င္အတြက္ဘယ္လိုအက်ိဳးျပဳေနၾကသလဲသိခ်င္စမ္းပါဘိ” ဆိုၿပီး ေရးသားထားပါတယ္။



သူမရဲ႕ ပရိသတ္ ေတြမိတ္ေဆြေတြကေတာ့ အဲ့ဒီေဝဖန္မႈေတြကို ဂရုမစိုက္ဖို႕ကိုလည္း အားေပးထားၾကပါတယ္။ ပိုင္ေဇရဲထြန္းတို႕ မိသားစု ဟာ လက္ရွိမွာေတာ့ ေခ်ာင္းသာကို ေရာက္ေနတယ္လို႕ သိရပါတယ္။

သူတို႕မိသားစုေလးဟာလည္း ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိထားတဲ့ မိသားစုေလး ျဖစ္ပါတယ္။


Credit: Duwun