11/07/2017

ျမန္မာ့ရိုးရာ လက္ေဝွ႔ ကို လာေရာက္ ပညာစမ္း ျမည္းစမ္းခဲ့ၾက သူမ်ား


Unicode
နိုဝင်ဘာလ ၄ ရက်) ညမှာ မြန်မာ့လက်ဝှေ့ စိန်ခေါ်ပွဲကြီးကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီး မြန်မာ့လက်ဝှေ့ကျော်များစွာ ပါဝင် အောင်ပွဲခံခဲ့ကြသည်။

အဓိကတွဲဆိုင်းက တူးတူးနဲ့ မိုက်ကယ် ဘာဒါတို (သြစတြေးလျ) တို့အတွဲဖြစ်ပြီး အခြား မြန်မာ့လက်ဝှေ့ကျော်ဟောင်း စောငမန်း၊ စိုးလင်းဦး၊ သွေးသစ်ဝိုင်းလှိုင် စတဲ့ နာမည်ကြီး လက်ဝှေ့သမားများပါဝင်ခဲ့ကြပြီး ပြိုင်ဘက်များကို အကွဲအပြဲထိုးကာ အနိုင်ယူခဲ့ကြသည်။

အသဲမာမာ၊ တုန်းတိုက်တိုက် ကျားကိုက်ကိုက် ပုံစံများဖြင့် ကစားလေ့ရှိတဲ့ မြန်မာ့လက်ဝှေ့သမားများရဲ့ လက်သီးချက်ပြင်းပြင်းများ ပြည်ပလက်ဝှေ့သမားတွေ ခံစားခဲ့ကြရသည်။

တူးတူးနှင့် မိုက်ကယ်ဘာဒါတိုတို့ ပွဲစဉ်မှာတော့ စထွက်တည်းက ပြီးတဲ့အထိ ကြည့်ကောင်းတဲ့ ပွဲဖြစ်ခဲ့သည်။ နှစ်ယောက်လုံး ဖူးယောင် ပေါက်ပြဲ ဒဏ်ချက်များ ခံစားခဲ့ကြရပါတယ်။

ချီးကြူးလောက်ဖွယ်ရာ သြစတြေးလျနိုင်သံသား ဘာဒါတိုကလည်း မြန်မာ့ထိပ်တန်းလက်ဝှေ့ကျော်တူးတူးကို နောက်ဆုံး (၅ ချီ) ထိ သက်လုံထိန်းပြီး ပြိုင်ထိုးနိုင်ခဲ့သည်။ သို့သော်လည်း ဒိုင်အမှတ်ပေးဖြင့် တူးတူးက အနိုင်ရရှိကာ WLC3 ခါးပတ်ကို ရရှိခဲ့သည်။

မြန်မာ့လက်ဝှေ့မှာ ခေါင်းသုံးခွင့်ရှိပြီး (ယေဘုံသယျအားဖြင့်) လက်သီးချက်ပြင်းပြင်း၊ သက်လုံးကောင်းကောင်းနှင့် အသဲမာမာဖြင့် မြန်မာကစားသမားများက အနိုင်ယူလေ့ရှိကြသည်။

Zawgyi

နိုဝင္ဘာလ ၄ ရက္) ညမွာ ျမန္မာ့လက္ေဝွ႕ စိန္ေခၚပြဲႀကီးကို ရန္ကုန္ၿမိဳ႕မွာ က်င္းပခဲ့ၿပီး ျမန္မာ့လက္ေဝွ႕ေက်ာ္မ်ားစြာ ပါဝင္ ေအာင္ပြဲခံခဲ့ၾကသည္။

အဓိကတြဲဆိုင္းက တူးတူးနဲ႔ မိုက္ကယ္ ဘာဒါတို (ၾသစေၾတးလ်) တို႔အတြဲျဖစ္ၿပီး အျခား ျမန္မာ့လက္ေဝွ႕ေက်ာ္ေဟာင္း ေစာငမန္း၊ စိုးလင္းဦး၊ ေသြးသစ္ဝိုင္းလွိုင္ စတဲ့ နာမည္ႀကီး လက္ေဝွ႕သမားမ်ားပါဝင္ခဲ့ၾကၿပီး ၿပိဳင္ဘက္မ်ားကို အကြဲအျပဲထိုးကာ အနိုင္ယူခဲ့ၾကသည္။

အသဲမာမာ၊ တုန္းတိုက္တိုက္ က်ားကိုက္ကိုက္ ပုံစံမ်ားျဖင့္ ကစားေလ့ရွိတဲ့ ျမန္မာ့လက္ေဝွ႕သမားမ်ားရဲ့ လက္သီးခ်က္ျပင္းျပင္းမ်ား ျပည္ပလက္ေဝွ႕သမားေတြ ခံစားခဲ့ၾကရသည္။

တူးတူးႏွင့္ မိုက္ကယ္ဘာဒါတိုတို႔ ပြဲစဥ္မွာေတာ့ စထြက္တည္းက ၿပီးတဲ့အထိ ၾကည့္ေကာင္းတဲ့ ပြဲျဖစ္ခဲ့သည္။ ႏွစ္ေယာက္လုံး ဖူးေယာင္ ေပါက္ျပဲ ဒဏ္ခ်က္မ်ား ခံစားခဲ့ၾကရပါတယ္။

ခ်ီးၾကဴးေလာက္ဖြယ္ရာ ၾသစေၾတးလ်နိုင္သံသား ဘာဒါတိုကလည္း ျမန္မာ့ထိပ္တန္းလက္ေဝွ႕ေက်ာ္တူးတူးကို ေနာက္ဆုံး (၅ ခ်ီ) ထိ သက္လုံထိန္းၿပီး ၿပိဳင္ထိုးနိုင္ခဲ့သည္။ သို႔ေသာ္လည္း ဒိုင္အမွတ္ေပးျဖင့္ တူးတူးက အနိုင္ရရွိကာ WLC3 ခါးပတ္ကို ရရွိခဲ့သည္။

ျမန္မာ့လက္ေဝွ႕မွာ ေခါင္းသုံးခြင့္ရွိၿပီး (ေယဘုံသယ်အားျဖင့္) လက္သီးခ်က္ျပင္းျပင္း၊ သက္လုံးေကာင္းေကာင္းႏွင့္ အသဲမာမာျဖင့္ ျမန္မာကစားသမားမ်ားက အနိုင္ယူေလ့ရွိၾကသည္။