11/09/2017
အိႏိၵယတြင္ အမ်ိဳးသမီးငါးဦးကုိ စုန္းမဟုစြပ္စြဲကာ ႀကိဳးတုပ္၍ ၀ုိင္းရိုက္
အမ်ိဳးသမီးငါးဦးဟာ စုန္းမမ်ားအျဖစ္ စြပ္စြဲခံရၿပီး သစ္ပင္မွာတြဲခ်ည္လွ်က္ တစ္ရြာလံုးေရွ႕မွာ အရိုက္အႏွက္ခံခဲ့ရတယ္လို႔ သိရပါတယ္။
ဒီလို လူမဆန္တဲ့ အရိုင္းအစုိင္းလုပ္ရပ္မ်ား က်ဴးလြန္ခဲ့တဲ့ လူအုပ္ႀကီးက ဒီအမ်ိဳးသမီးေတြဟာ ေအာက္လမ္းအတတ္မ်ား က်င့္သုံးေနတယ္လို႔ ယူဆထားၿပီး၊ သက္ေသျပႏုိင္ျခင္းေတာ့ မရွိဘူးလို႔ သိရပါတယ္။အမိ်ဳးသမီးငါးဦးကုိ ရြာလယ္ကသစ္ပင္တစ္ပင္မွာ ႀကိဳးနဲ႔တြဲခ်ည္လွ်က္ ရြာသားမ်ားက ၀ုိင္း၀န္းရုိက္ႏွက္ခဲ့ၾကတာ ျဖစ္ပါတယ္။ ရုိးရာ၀တ္စံုမ်ား ၀တ္ဆင္လွ်က္ သူတို႔ရဲ႕ ကံၾကမၼာကုိ သနားစဖြယ္ေစာင့္ဆုုိင္းေနတဲ့ အမ်ိဳးသမီးေတြရဲ႕ မ်က္ႏွာကုိ ဗီဒီယိုဖုိင္မွာ ေတြ႕ျမင္ႏုိင္ပါတယ္။
အခင္းျဖစ္ပြားရာေနရာဟာ ဘဂၤလားေဒ့ရွ္ႏုိင္ငံနဲ႔ ထိစပ္ရာ နယ္စပ္ေဒသမွ မုိင္ ၁၀၀ ခန္႔အကြာ၊ အိႏိၵယ အေရွ႕ေျမာက္ပုိင္း၊ မက္ဒ္ဟူပါးရွိ ရြာတစ္ရြာမွာ ျဖစ္ပါတယ္။ ဒီဗီဒီယိုဖုိင္ အြန္လုိင္းသံုးစြဲသူေတြအၾကား ျပန္႔ႏွံ႔မႈမရွိခင္အထိ ရဲတပ္ဖြဲ႕က ဒီျဖစ္ရပ္ကုိ သတိျပဳမိခဲ့ၾကျခင္း မရွိဘူးလို႔ သိရပါတယ္။ အရုိက္ခံခဲ့ရတဲ့ အမ်ိဳးသမီးတစ္ဦးကေတာ့ ရဲအရာရွိမ်ားထံ စံုစမ္းစစ္ေဆးေရးေဆာင္ရြက္ေပးဖုိ႔အတြက္ စာေရးၿပီး တုိင္ခ်က္ဖြင့္ထားပါတယ္။
ဗီဒီယိုမွတ္တမ္းမွာ အမ်ိဳးသမီးရဲ႕ ေအာ္ဟစ္သံနဲ႔ အေနာက္ဘက္မွာ ၀ုိင္း၀န္းၾကည့္ရႈေနသူ ရြာသားေတြရဲ႕ ၀မ္းသာအားရ အားေပးသံကုိ ၾကားရမွာ ျဖစ္ပါတယ္။
Unicode
အမျိုးသမီးငါးဦးဟာ စုန်းမများအဖြစ် စွပ်စွဲခံရပြီး သစ်ပင်မှာတွဲချည်လျှက် တစ်ရွာလုံးရှေ့မှာ အရိုက်အနှက်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဒီလို လူမဆန်တဲ့ အရိုင်းအစိုင်းလုပ်ရပ်များ ကျူးလွန်ခဲ့တဲ့ လူအုပ်ကြီးက ဒီအမျိုးသမီးတွေဟာ အောက်လမ်းအတတ်များ ကျင့်သုံးနေတယ်လို့ ယူဆထားပြီး၊ သက်သေပြနိုင်ခြင်းတော့ မရှိဘူးလို့ သိရပါတယ်။အမိျုးသမီးငါးဦးကို ရွာလယ်ကသစ်ပင်တစ်ပင်မှာ ကြိုးနဲ့တွဲချည်လျှက် ရွာသားများက ၀ိုင်း၀န်းရိုက်နှက်ခဲ့ကြတာ ဖြစ်ပါတယ်။ ရိုးရာ၀တ်စုံများ ၀တ်ဆင်လျှက် သူတို့ရဲ့ ကံကြမ္မာကို သနားစဖွယ်စောင့်ဆိုင်းနေတဲ့ အမျိုးသမီးတွေရဲ့ မျက်နှာကို ဗီဒီယိုဖိုင်မှာ တွေ့မြင်နိုင်ပါတယ်။
အခင်းဖြစ်ပွားရာနေရာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ထိစပ်ရာ နယ်စပ်ဒေသမှ မိုင် ၁၀၀ ခန့်အကွာ၊ အိနိ္ဒယ အရှေ့မြောက်ပိုင်း၊ မက်ဒ်ဟူပါးရှိ ရွာတစ်ရွာမှာ ဖြစ်ပါတယ်။ ဒီဗီဒီယိုဖိုင် အွန်လိုင်းသုံးစွဲသူတွေအကြား ပြန့်နှံ့မှုမရှိခင်အထိ ရဲတပ်ဖွဲ့က ဒီဖြစ်ရပ်ကို သတိပြုမိခဲ့ကြခြင်း မရှိဘူးလို့ သိရပါတယ်။ အရိုက်ခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးကတော့ ရဲအရာရှိများထံ စုံစမ်းစစ်ဆေးရေးဆောင်ရွက်ပေးဖို့အတွက် စာရေးပြီး တိုင်ချက်ဖွင့်ထားပါတယ်။
ဗီဒီယိုမှတ်တမ်းမှာ အမျိုးသမီးရဲ့ အော်ဟစ်သံနဲ့ အနောက်ဘက်မှာ ၀ိုင်း၀န်းကြည့်ရှုနေသူ ရွာသားတွေရဲ့ ၀မ်းသာအားရ အားပေးသံကို ကြားရမှာ ဖြစ်ပါတယ်။
Credit : Pyit Tine Htaung