11/09/2017

ကိုရီးယား အမ်ိဳးသား ကို ယုံၾကည္ခဲ့တဲ့ ထိုင္းအမ်ိဳးသမီးရဲ့ ရင့္နင့္ဖြယ္ျဖစ္ရပ္

ထိုင္းနိုင္ငံမွာ ရွိတဲ့ အသက္ ၂၀ အရြယ္ အမ်ိဳးသမီးတဦးဟာ ရင္ေသြးေလးကို ေမြးေမြးၿပီးခ်င္း ကြန္ဒို တခုရဲ့ ဆယ့္ခုႏွစ္ထပ္ ေျမာက္ကေန ပစ္ခ်ခဲ့ပါတယ္။ ထိုင္းနိုင္ငံ အေရွ႕ေတာင္ပိုင္း ခၽြန္းပူးရီးခရိုင္ ပတၱယားကမ္းေျခေဒသမွာ ျဖစ္ပြားခဲ့တာလို႔လည္းသိရပါတယ္။

ကြန္ဒို ၏ ဝန္ထမ္း တဦးမွ ျပတင္းေပါက္ ခန္းဆီး လဲလွည္ေနစဥ္ အေပၚထပ္မွ အထုတ္တထုတ္ ျပဳတ္က်လာသည္ကို ေတြ႕ ခဲ့ရၿပီး သြားေရာက္ ဖြင့္ၾကည့္ တဲ့အခါမွာ ပလတ္စတစ္နဲ႔ထုတ္ထားတဲ့ ေမြးကင္းစ ေယာက်္ားငယ္ေလးကို ေတြ႕ရၿပီး ကေလးမွာ ဇက္က်ိဳးေသဆုံးေနတယ္ လို႔ စိတ္မေကာင္းစြာ သိရွိရပါတယ္။

ဝန္ထမ္းမွ ရဲတပ္ဖြဲ႕ကို အေၾကာင္းၾကားခဲ့ရာ ရဲမ်ားမွ မသကၤာဘြယ္ရာ အခန္းေတြကို လိုက္လံစစ္ေဆးရာ အထပ္ ၁၇ ရွိ အခန္းတခန္းမွာ မီးဖြားၿပီးကာစပုံစံ ေနာင့္ပိမ့္ဆိုသူ မိန္းကေလးတဦးကိုေတြ႕ရၿပီး သူမရဲ့ အဝတ္အစားနဲ႔ ဖိနပ္မွာ ေသြးစေတြ ေပက်ံေနတာ ေတြ႕ရတယ္လို႔ ဆိုပါတယ္။

သူမဟာ ကိုးရီးယားနိုင္ငံသား တေယာက္နဲ႔ ရည္ငံၿပီး ကိုယ္ဝန္ရခဲ့ေပမယ့္ ကိုယ္ဝန္ရင့္မာလာခ်ိန္မွာ အမ်ိဳးသားက ၎မွာ မိန္းမႏွင့္ ကေလးရွိသည့္ အတြက္ သူမကို တာဝန္မယူနိုင္ေၾကာင္း ေျပာဆိုခဲ့ၿပီး သူမအေနျဖင့္ လုပ္မိလုပ္ရာ လုပ္မိတယ္လို႔လည္း ရဲတပ္ဖြဲ႕ ကို ေျပာၾကားခဲ့ပါတယ္။ ေတြ႕ရွိခ်ိန္မွာ သူမဟာ ေသြးေတြ သြန္ေနတဲ့ အတြက္ ေဆး႐ုံကိုပို႔ထားၿပီး တမင္ႀကံရြယ္လူသတ္မွု နဲ႔ အမွုဖြင့္ အေရးယူထားတယ္လို႔ သိရပါတယ္။

Credit: lwinpyin

Unicode

ထိုင်းနိုင်ငံမှာ ရှိတဲ့ အသက် ၂၀ အရွယ် အမျိုးသမီးတဦးဟာ ရင်သွေးလေးကို မွေးမွေးပြီးချင်း ကွန်ဒို တခုရဲ့ ဆယ့်ခုနှစ်ထပ် မြောက်ကနေ ပစ်ချခဲ့ပါတယ်။ ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင် ပတ္တယားကမ်းခြေဒေသမှာ ဖြစ်ပွားခဲ့တာလို့လည်းသိရပါတယ်။

ကွန်ဒို ၏ ဝန်ထမ်း တဦးမှ ပြတင်းပေါက် ခန်းဆီး လဲလှည်နေစဉ် အပေါ်ထပ်မှ အထုတ်တထုတ် ပြုတ်ကျလာသည်ကို တွေ့ ခဲ့ရပြီး သွားရောက် ဖွင့်ကြည့် တဲ့အခါမှာ ပလတ်စတစ်နဲ့ထုတ်ထားတဲ့ မွေးကင်းစ ယောကျာ်းငယ်လေးကို တွေ့ရပြီး ကလေးမှာ ဇက်ကျိုးသေဆုံးနေတယ် လို့ စိတ်မကောင်းစွာ သိရှိရပါတယ်။

ဝန်ထမ်းမှ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ရာ ရဲများမှ မသင်္ကာဘွယ်ရာ အခန်းတွေကို လိုက်လံစစ်ဆေးရာ အထပ် ၁၇ ရှိ အခန်းတခန်းမှာ မီးဖွားပြီးကာစပုံစံ နောင့်ပိမ့်ဆိုသူ မိန်းကလေးတဦးကိုတွေ့ရပြီး သူမရဲ့ အဝတ်အစားနဲ့ ဖိနပ်မှာ သွေးစတွေ ပေကျံနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

သူမဟာ ကိုးရီးယားနိုင်ငံသား တယောက်နဲ့ ရည်ငံပြီး ကိုယ်ဝန်ရခဲ့ပေမယ့် ကိုယ်ဝန်ရင့်မာလာချိန်မှာ အမျိုးသားက ၎င်းမှာ မိန်းမနှင့် ကလေးရှိသည့် အတွက် သူမကို တာဝန်မယူနိုင်ကြောင်း ပြောဆိုခဲ့ပြီး သူမအနေဖြင့် လုပ်မိလုပ်ရာ လုပ်မိတယ်လို့လည်း ရဲတပ်ဖွဲ့ ကို ပြောကြားခဲ့ပါတယ်။ တွေ့ရှိချိန်မှာ သူမဟာ သွေးတွေ သွန်နေတဲ့ အတွက် ဆေးရုံကိုပို့ထားပြီး တမင်ကြံရွယ်လူသတ်မှု နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

Credit: lwinpyin