11/06/2017
ဖားကန့်၌ လုံခြုံရေးရဲတပ်ဖွဲ့နှင့် ရေမဆေးသမားအဖွဲ့ တို့ ပြဿနာဖြစ်ပွားခဲ့ရာ ရဲတစ်ဦး သေ၊ ရေမဆေးသမား တစ်ဦးသေ၊ ရေမဆေးသမား တစ်ဦး ဒဏ်ရာရ
၆.၁၁.၂၀၁၇ ၁၆၁၅ ချိန် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ အုပ်စု နမ့်မှော်ကျေးရွာအနီး ရတနာစန်းရွှင်ကုမ္ပဏီ လုပ်ကွက်အတွင်း ရတ ရတဖ(၃၀) မှ တပ်ဖွဲ့ဝင်များ နှင့် ရေမဆေးအဖွဲ့တို့ ပြဿနာ ဖြစ်ပွားခဲ့ရာ ရေမဆေး အဖွဲ့မှ တူဖြင့် ထုရိုက်ခြင်း၊ ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်းတို့ကြောင့် ရဲဒုတက အောင်ခိုင် ဦးခေါင်း ၌ ဒဏ်ရာရရှိ သေဆုံးခဲ့ပြီး လုံခြုံရေး ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့သည့်အတွက် ရေမဆေးကျောက် ရှာဖွေသူ အောင်နိုင်စိုး (၁၉)နှစ် (ဘ)ဦးသန်းစိန်၊ ရပ်ကွက်(၄)၊ နမ့်မှော် ကျေးရွာ၊ ဖားကန့်မြို့နယ်နေသူမှာ ဦးခေါင်း နောက်စေ့ ပွင့်ထွက် ထိမှန်ဒဏ်ရာ (သေဆုံး)နှင့် ခင်ဝင်းမောင် (၃၅)နှစ် (ဘ)ဦးလှစိန်အောင်၊ နမ့်မှော်ကျေးရွာ နေသူမှာ ညာဘက် ပေါင်ရင်း ထိမှန်ဒဏ်ရာတို့ ရရှိခဲ့ကြောင်း ကနဦးသတင်းအရ သိရှိရသည်။
Credit. သီဟအောင်
(KyawThuraAung's fb)