10/31/2017
သင်မသိသေးသော အိန္ဒြာကျော်ဇင် အကြောင်း
ယနေ့အချိန်အထိ ခေါင်းဆောင်မင်းသမီးအဖြစ်
အောင်မြင်သောရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားပေါင်းများစွာကို သရုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်
၁၉၉၈ခုနှစ်မှာ Miss Kokkineဆုကိုရရှိပီးတနှစ်ထဲမှာပဲ Miss Chirsmasဆုကို ထပ်မံရရှိခဲ့ပါတယ်
ချစ်သောအယ်ဒီတာ .အနှိုင်းမဲ့ မြဝတီရုပ်သံဇာတ်လမ်းဖြင့် အနုပညာလောကကို စတင်ဝင်ရောက်ခဲ့ပါတယ်
ခေါင်းဆောင်းမင်းသမီးအဖြစ် ၁၉၉၉ခုနှစ်တွင်
မင်းမော်ကွန်းနဲ့ တွဲဖက်ပီး အဖြူရောင်အတ္တ၊ကျွန်တော်ကျမတို့သည် ဇာတ်ကားများ၌သရုပ်ဆောင်ခဲ့ပါတယ်
သူမ နာမည် ” အိန္ဒြာကျော်ဇင် ”
၁၉၉၀နှောင်းပိုင်းကာလများမှာတော့ အိန္ဒြာကျော်ဇင်ဟာ မဂ္ဂဇင်းမျက်နှာဖုံး၊ပြက္ခဒိန်ပိုစတာ၊TVကြော်ငြာများအမြောက်အများလက်ခံရိုက်ကူးခဲ့ပြန်ပါတယ်
တဖက်မှာလည်း ရာဇာနေဝင်း.ဟေမာနေဝင်းတို့ရဲ့ညီမဝမ်းကွဲအဖြစ်လူသိများလာပါတယ်
သူမရဲ့ ပထမဆုံးခေါင်းဆောင်မင်းသမီးအဖြစ်အောင်မြင်မှု့မှာ မင်းသားလွင်မိုးနဲ့တွဲဖက်ပီး
” ပျော်လိုက်ရအောင် “.
” အချစ်ကိုစားသောကိန်းဂဏန်းများ “ဇာတ်ကားများဖြစ်ပါတယ်
အစောပိုင်းကာလများရဲ့အောင်မြင်မှု့မှာတော့
ရဇာနေဝင်း မင်းသားဒွေးတို့နဲ့ နီးကပ်မှု့ကြောင့်လို့
မီဒီယာအများစုကသတ်မှတ်ကြသည်။
မင်းသမီးငယ်များထဲတွင်သွက်လတ်ချက်ချာသောအမူအရာများကြောင့်နာမည်ကျော် စူပါမင်းသားများ၏ ဦးစားပေးမှု့အများဆုံးရရှိခဲ့ မင်းသမီးအဖြစ်ထင်ပေါ်ခဲ့ပါတယ်
ထိုခေတ်အခါက ရုပ်ရှင်တစ်ကား၌ပါဝင်ခွင့်ရရန်ခက်ခဲ့လှသော မင်းသမီးငယ်တစ်ယောက်အဖို့
စူပါမင်းသားများစွာနဲ့ တွဲဖက်ပြီး စူပါထိပ်တန်းမင်းသမီးဘဝသို့ တရှိန်ထိုး ပြောင်းလဲကာ စီနီယာထိပ်တန်းမင်းသမီးများဖြစ်တဲ့ နန္ဒာလှိုင်.ထက်ထက်မိုးဦးကိုပင် အမှီလိုက်နိုင်ခဲ့ပြန်ပါတယ်
ဒွေးနှင့်တွဲဖက်ပြီး ရင်ဝှက်ပန်း. သမီးရှင်. အချစ်သည်လေပြေ.မင်းနဲ့မှချစ်တတ်ပြီ. အချစ်ရဲ့တန်ခိုးများ. အိပ်မက်ရာသီ.အိပ်မက်နတ်သမီး .ပဉ္စလက်ရင်ခွင် အစရှိသဖြင့်ဇာတ်ကားများစွာနဲ့
ပါဝင်သရုပ်ဆောင်ခဲ့ပြီးအောင်မြင်မှု့များရခဲသည်
အိန္ဒြာကျော်ဇင်၏မင်းသမီးဘဝကိုပြောင်းလဲစေခဲ့သောဇာတ်ကားမှာ
၂၀၀၄ခုနှစ်တွင် ဒါရိုက်တာမောင်မျိုးမင်းရိုက်ကူးပီး
ရန်အောင်.လွင်မိုး.တင့်တင့်ထွန်းတို့နဲ့ အပြိုင်သရုပ်ဆောင်ထားတဲ့ “မျက်နှာများတဲ့ကောင်းကင်”ဇာတ်ကားဖြစ်ပီး ထိုဇာတ်ကားဖြင့်
၂၀၀၄ခုနှစ်အတွက်အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုရခဲ့သည်
ထိုအချိန်မှာစ၍အိန္ဒြာကျော်ဇင်ဟာရုပ်ရှင်တခေတ်ရဲ့ဈေးအမြင့်ဆုံး
မင်းသမီးအဖြစ်ခေတ်တခေတ်ထူထောင်နိုင်ခဲ့သည်။
မြန်မာ့ရုပ်ရှင်လောက၏ဖက်ရှင်iconတစ်ဦးအဖြစ် ယခုထိတိုင်လျှမ်းလျှမ်းတောက်အောင်မြင်သည့်မင်းသမီတစ်ဦးဖြစ်သည်
ဒွေး.လွင်းမိုး တို့နောက်ပိုင်း သူမရဲ့ဂျူနီယာမင်းသားများဖြစ်ကြတဲ့ နေတိုး .ပြေတီဦး တို့နှင့် တွဲဖက်ကာ အောင်မြင်ခဲ့သောရုပ်ရှင်ကားများလည်းရှိခဲ့သည်
နေတိုးနှင့်တွဲဖက်ပြီး မာမီးရှိန်း. ကြိုးကြာတောင်ပံခတ်သံ.နှလုံးသားစီရင်ခန်း . မောင်.စသည့်ရုပ်ရှင်ကားများတွင်အတွဲညီညီသရုပ်ဆောင်ခဲ့ပီး အောင်မြင်ခဲ့သည်
၂၀၁၁ခုနှစ်တွင် စူပါထိပ်တန်းမင်းသားပြေတီဦးနှင့်လက်ထပ်ခဲ့သည်
အဆိုပါလက်ထပ်ပွဲဟာမြန်မာ့အနုပညာလောကတွင်အောင်မြင်မှု
အရှိဆုံးနှင့်စိတ်ဝင်စားမှု့အများဆုံးဖြစ်ခဲ့သည်
ပထမဆုံးသော ရုပ်သံမီဒီယာများမှ တစ်နိုင်ငံလုံးသို့ တိုက်ရိုက်ထုတ်လွှင့်ပြသသော မင်္ဂလာပွဲဖြစ်ခဲ့သည်
အိမ်ထောက်ကျပီးနောက်ပိုင်း ရင်သွေးရလာသည့်အခါ အနုပညာအလုပ်တွေကိုလျှော့ချပီး
၂၀၁၅ခုနှစ်နောက်ပိုင်းတွင်
ရုပ်ရှင်နှင့်ကြော်ငြာအမြောက်အများကိုပြန်လည်ရိုက်ကူးပီး ယခင်ထိပ်တန်းမင်းသမီးအဖြစ်နေရာပြန်ယူခဲ့ပြန်သည်
၂၀၁၆ခုနှစ်တွင် သုဒြာ ရုပ်ရှင်ထုတ်လုပ်ရေးကိုထူထောင်ပီး
ပွဲဦးထွက်အဖြစ် ခေါင်းဆောင်းမင်းသားမပါဝင်ပဲ
သူမအပါအဝင်နာမည်ကြီးမင်းသမီး၎ဦးဖြင့်Reflections ဇာတ်ကားကိုရိုက်ကူးခဲ့သည်
သူမရိုက်ကူးထားပီးရုံတင်ဖို့စောင့်နေတဲ့ကားများစွာကတော့
(၁)Reflections (ထွန်းအိန္ဒြာဗို.အိန္ဒြာကျော်ဇင်.ဝတ်မှုန်ရွှေရည်.ပတ်ထရစ်ရှာ)
(၂)ကြတ်ဂူ(လူမင်း.မြင့်မြတ်.ထွန်းအိန္ဒြာဗို့အိန္ဒြာကျော်ဇင်)
(၃)ရင်ဘတ်ထဲကဓါး(ပြေတီဦး.အိန္ဒြာကျော်ဇင့်ထွန်းအိန္ဒြာဗို)
(၄)အမျှ အမျှ(ခန့်စည်သူ့အိန္ဒြာကျော်ဇင်)
(၅)ဝုန်းပစ်လိုက်မယ်(ကျော်ရဲအောင်.စိုးမြတ်သူဇာ.အိန္ဒြာကျော်ဇင်)
(၆)ကျွန်မအချစ်ဆုံးယာက်ျားသုံးယောက်(ပြေတီဦး.ရန်အောင်.မို့မို့မြင့်အောင်.အိန္ဒြာကျော်ဇင်)
(၇)အချိုဆုံးအချစ်အပြင်းဆုံးအဆိပ်(အောင်ရဲလင်း.အိန္ဒြာကျော်ဇင်)
(၈)တနေ့ရွှေတနေ့ငွေ(ရန်အောင်.အောင်ရဲလင်း.အိန္ဒြာကျော်ဇင်)
(၉)မြန်မာပေါကားတွေရပ်(ဟာသသရုပ်ဆောင်များစွာ)
(၁၀)လေဒီဒိန်းဂျား(ခန့်စည်သူ.ထွန်းအိန္ဒြာဗို.အိန္ဒြာကျော်ဇင်)
(၁၁)ရူးအောင်ချစ်မယ့်သူ(နေတိုး.အိန္ဒြာကျော်ဇင်)
(၁၂)ကြီးလေးကြီး(လူမင်း.ခန့်စည်သူ.အိန္ဒြာကျော်ဇင်.ခိုင်သင်းကြည်)
(၁၃)ကြိုးဖုန်း(ဖြ်ုးငွေစိုး.အိန္ဒြာကျော်ဇင်)ဖြစ်ပီး
ယခုလက်ရှိဒါရိုက်တာဝိုင်းရဲ့ “ရင်ဘတ်ထဲကဓါး”
ဇာတ်ကားဖြင့် Trailer မထွက်သေးပဲ ပိုစတာများဖြင့်ပရိတ်သတ်အမြောက်အများအားပေးခြင်းခံရပီး သူမအတွက် ဒုတိယမြောက်အကယ်ဒမီရလိမ့်မည်ဟု ခန့်မှန်းထားကြသည်
အိန္ဒြာကျော်ဇင်သည်မြန်မာ့ရုပ်ရှင်လောက၏အောင်မြင်မှုအရှိဆုံး
မင်းသမီးများအနက် တဦးအပါအဝင်ဖြစ်ပီး စူပါစတားဘဝကို ဆယ်စုနှစ်တခုကျော်အောင်ထိန်းထားနိုင်သောကြောင့် မီဒီယာများက EverGreenဟုသတ်မှတ်ခဲ့ကြသည်
ယနေ့အချိန်ထိ ကြေးအမြင့်ဆုံးမင်းသမီးငါးယောက်
စာရင်းတွင်ပါဝင်ဆဲဖြစ်ပြီး ရုပ်ရှင်နှင့်အခြားပွဲတက်ဖက်ရှင်များကြောင့် အမျိုးသမီးထုကြားတွင် ရေပန်းစားသော ဖက်ရှင် icon ဘုရင်မဖြစ်သည်
တက်သစ်စမင်းသမီးများရဲ့ စံထားရတဲ့မင်းသမီးဖြစ်သလို အိမ်ထောင်နှင့်အနုပညာကို ထိန်းထားနိုင်တဲ့ ရှားပါးသည့်မင်းသမီးလည်းဖြစ်ပြန်သည်
အကယ်ဒမီမင်းသမီးမို့မို့မြင်အောင်ကပင် မို့မို့မြင့်အောင် နောက်ပိုင်းမင်းသမီးထဲမှာ အိန္ဒြာကျော်ဇင်ပဲမြင်တဲ့လို့ပြောခဲ့သလို
မိုးဟေကိုမင်းသမီးလုပ်တာ အိန္ဒြာကျော်ဇင်ကို အားကျလို့လို့ ပြောကြားပြီး
အကယ်ဒမီများရှင်ရန်အောင်ကလည်းအရမ်းတော်တာပဲလို့
ချီးကျူးခံရသည့်မင်းသမီးဖြစ်သည်
အနုပညာရှင်အသစ်လေးတော်တော်များရဲ့ Idol အဖြစ်
နေရာယူထားသူလည်းဖြစ်သည်
၂၀၁၁ ခုနှစ်တွင်people Magazine ကပြုလုပ်သည့်ပွဲတွင် ရေပန်းအစားဆုံးဆု နှင့် ဖက်ရှင်အကျဆုံးဆုကိုပူးတွဲရရှိပြီး
Shwe Fm ပွဲတက်ဖက်ရှင်အကျဆုံးဆုကိုပါရခဲ့သည်
ဒါ့အပြင်၂၀၁၂ခုနှစ်Myanmar Time ကရွေးချယ်ခဲ့သည့် အထူးအချွန်ဆုံးအမျိုးသမီး(၅၀)ထဲတွင်လည်းပါဝင်ခဲ့သည်။
ရွှေဆောင်းစာပေဆုကိုလည်း သုံးကြိမ်တိုင်ရဖူးခဲ့သည်
အကယ်ဒမီ(၁)ဆုသာရသေးသော်လည်း အားနည်းချက်နည်းပါသည့်အိန္ဒြာကျော်ဇင်ဟာ
ယနေ့ခေတ်အထိ ထိပ်ဆုံးမင်းသမီးအဖြစ်အောင်မြင်စွာရပ်တည်နေပြန်သည်
Swam Thuta
