4/24/2017
ရောဂါပျောက်ကင်း အနာဂတ်ကြိုတင်ခန့်မှန်းနိုင်ရန် အမျိုးသမီးရင်သားများကို နှိပ်နယ်ဆေးကုသပေးတဲ့ ဆရာဝန်
တရုတ်နိုင်ငံ ဆေးခန်းတခုတွင် ဆရာဝန်တစ်ဦးက အမျိုးသမီးများ၏ ရင်သားများကို နှိပ်နယ်၍ ဆေးကုသပေးလျှက်ရှိပါ တယ်။ အမျိုးသမီးရင်သားကို နှိပ်နယ်ပေးပါက ယင်း လူနာအမျိုးသမီးအတွက် ကျန်းမာရေး ကောင်းမွန်လာမည့်အပြင် အနာဂတ်ကိုလဲ ကြိုတင်ခန့်မှန်းနိုင်မည်ဟု ဆရာဝန်က ဆိုပါတယ်။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် )
အမျိုးသမီးများသည် သူ၏ဆေးခန်းရှေ့မှာ အစုလိုက် အပြုံလိုက် ဆေးကုသမှုခံယူရန် စောင့်ဆိုင်းနေပြီး ယင်းကဲ့သို့ ဆေးကုသမှုသည် သူတို့၏ ပက်ဝန်းကျင်၌ ရေပန်းစား ပေါ်ပြူလာ ဖြစ်နေခဲ့ပါတယ်။ ယင်း၏ ဆေးကုသမှုအား တော်ေ တ်ာများများ အင်တာနက် သုံးစွဲသူတွေရဲ့ စိတ်ဝင်စားမှု အထူးအဆန်းသဖွယ် ဖြစ်လာခဲ့ပါတယ်။
သူ၏ နောက်လိုက်များနှင့် ယုံကြည်သူများ အများအပြားရှိကာ အမည်မဖော်လိုသူ တဦး၏ ပြောပြချက်အရ ၎င်းတို့၏ အနာဂတ်ကြိုတင်ခန့်မှန်းသမျှ နာမကျန်းသူတို့နှင့်အတူ ကုသပေးဖို့ အမျိုးသမီးများ၏ ရင်သားနဲ့နှိပ်နယ်ပေးတယ်လို့ ဆိုပါတယ်။ ယခုလို ဆေးကုသမှုသည် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှု အတွက် ထည့်သွင်းစဉ်းစားရပါမည်ဟု ဆိုရှ ယ်မီဒီယာ တစ်ခုက ရေးသားဖော်ပြထားပါတယ်။
အရင်းအမြစ်: viral4real.com
Credit to MCNews

