4/24/2017

ရွာသားကို ကိုယ်ထိလက်ရောက်လုပ်မိတဲ့အတွက် တနင်္သာရီတိုင်းလွှတ်တော်အမတ် ပြန်လည်ရှင်းလင်းတောင်းပန်ရ


 
လက်ရောက်မှုကျူးလွန်မိခဲ့တဲ့ ဗီဒီယိုဖိုင် အင်တာနက်လူမှုကွန်ရက်မှာ ပြန့်နှံ့ခဲ့ပြီးနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးရဲမြင့်ဆွေ(ခေါ်)ဖိုးလပြည့်က ၎င်းလက်ရောက် မှုကျူးလွန်ခဲ့မိသူ ဦးထွန်းလှနှင့်တကွ မဲဆန္ဒရှင်ပြည်သူများကို ယနေ့ ဧပြီ ၂၄ ရက်က တောင်းပန်ခဲ့ပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်လို့ အားနည်းမှုဖြစ်ခဲ့ရသည့်အချက်များကို အားအဖြစ်ပြန်အသုံးချ၍ ယခုထက်ပိုအလုပ်လုပ်သွားရန်လည်း ၎င်းက ကတိပေးပြောကြားခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ရဲ့ လက်ရောက်မှုခံရတဲ့ ပ၀ရွာမကျေးရွာသား ဦးထွန်းလှအနေဖြင့်လည်း ရှင်းလင်းပွဲနှင့်ပတ်သက်ပြီး ကျေနပ်မှုရှိကြောင်း မီဒီယာများသို့ပြောဆိုခဲ့ပြီး ၎င်းဖုန်းမရှိသဖြင့် ယခုတင်ခဲ့သည့် ဗီဒီယိုဖိုင်ကို သိရှိခြင်းမရှိဘဲ ၎င်းအနေဖြင့် အခြားရည်ရွယ်ချက်မရှိပါဘူးလို့ပြောဆိုခဲ့ပါတယ်။

 ၎င်းအပြင် ဦးထွန်းလှအနေဖြင့် လက်ရှိအချိန်၌ မည်သည့်ပါတီဝင်အဖြစ်မှမဟုတ်ဘဲ ကျေးရွာဒေသခံတစ်ဦးအနေဖြင့်သာ ကျောင်းကိစ္စနှင့် ပတ်သက်၍ ၀င်ရောက်ဆွေးနွေး ခြင်းဖြစ်တယ်လို့ဆိုပါတယ်။

(VJ- ဇော်နီ၊မဇ္ဈိမ)
Mizzima - News in Burmese