ရန်ကုန်၊ ဧပြီ ၁
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်၊ ဗညားဒလမ်းနေ ဦးခင်မောင်အေးက အသက်(၁၃)နှစ်အရွယ် အလုပ်သမ မိန်းကလေးငယ်အား ၀ါလုံးတုတ်၊ သံပိုက်၊ ကော်ပိုက်တို့ ဖြင့် ရိုက်နှက်ခြင်း၊ နားအားသွားပွတ်တံဖြင့်ထိုးခြင်း၊ မိန်းမကိုယ်အားဖယောင်းတိုင်မီးဖြင့်ထိုးခြင်းနှင့် ရင်သားနှစ်ဖက်အားဆွဲစိတ်ခြင်း စသည့်ဖြင့် နည်းမျိုးစုံဖြင့် ဒဏ်ရာများရရှိအောင် နှိပ်စက်သူ အလုပ်ရှင်ကို အမှုဖွင့်အရေးယူထားကြောင်း ဧပြီလ ၁ရက်နေ့ ဒီကနေ့ မှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်လိုက်ပါသည်။
ဖြစ်စဉ်မှာ ၃၀.၃.၂၁၀၇ ရက်နေ့ ၁၂၀၀ အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်နေ ဒေါ်-----သည် နေအိမ်၌ရှိနေစဉ် ဒေါပုံမြို့နယ်နေ ဒေါ်-----မှ ၎င်း၏မြေးတော်စပ်သူ မ------၊ အသက်(၁၃)နှစ်မှာ ၎င်း၏ နေအိမ်သို့ရောက်ရှိနေကြောင်းနှင့် ခန္ဓာကိုယ်အနှံ့ဒဏ်ရာအမာရွတ်များ ရရှိထားကြောင်းပြောပြသဖြင့် ဒေါပုံမြို့နယ်ရှိ ဒေါ်----၏အိမ်သို့ထွက်ခွာလာရာ ၃၁.၃.၂၀၁၇ ရက်နေ့တွင် ၁၀၀၀အချိန်ခန့်တွင် အဆိုပါနေအိမ်သို့ရောက်ရှိပြီး မြေးဖြစ်သူအားမေးမြန်းရာ ၎င်း၏အလုပ်ရှင်ဖြစ်သူ တာမွေမြို့နယ်၊ ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်၊ ဗညားဒလမ်းနေ ဦးခင်မောင်အေးက ၀ါးလုံးတုတ်ဖြင့် ရိုက်နှက်ခြင်း၊ သံပိုက်ဖြင့်ရိုက်နှက်ခြင်း၊ ကော်ပိုက်ဖြင့် ရိုက်နှက်ခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်း၊ ယာဘက်နားအားသွားပွတ်တံဖြင့်ထိုးခြင်း၊ မိန်းမကိုယ်အားဖယောင်းတိုင်မီးဖြင့်ထိုးခြင်းများပြုလုပ်ခဲ့သဖြင့် ၎င်းမိန်းကလေးငယ်၌ ယာမျက်ခုံးအမာရွတ် ၁ ခု၊ နှာခေါင်း ရိုးဖူးရောင်ဒဏ်ရာ ၁ ချက်၊ အပေါ်နှုတ်ခမ်းအမာရွတ် ၁ ခု၊ ၀ဲဘက်နားဖူးရောင်ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ရင်သားနှစ်ဖက်တွင်ဆွဲစိတ်ထားသောအမာရွတ်များ၊ ယာဒူးခေါင်းအမာရွတ် ၁ခု၊ လွန်ခဲ့သော ၂ရက် ၃ ရက်ခန့်က ယာပါးအားလက်ဖြင့်ရိုက်ခဲ့သဖြင့် ဖူးရောင်နာကျင်ဒဏ်ရာ၊ ယာခြေဖမိုးအားဝါးလုံးတုတ်ဖြင့်ရိုက်သဖြင့် ခြေဖမိုးနာကျင်ဒဏ်ရာ၊ ယာနားမကြား၊ မိန်းမကိုယ်ဖူးရောင်ဒဏ်ရာနှင့် ၀မ်းဗိုက်တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရပါသည်။
ယင်းသို့ မြေးဖြစ်သူအား ဒဏ်ရာများရရှိအောင် နှိပ်စက်သူ ခင်မောင်အေးအား အရေးယူပေးရန်တိုင်တန်းချက်အရ တာမွေမြို့မရဲစခန်း(ပ)၂၁၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၅ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူကူန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်ငြိစွန်းမှုရှိ/မရှိ အမှတ်(၆)လူကူန်ကူးမှု တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းစစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန် ချက်အရ သိရှိရပါသည်။
Credit :သစ်ထူးလွင်