4/24/2017

လေယာဉ်ကွင်းထဲမှာ ရုပ်ပျက်ဆင်းပျက် ရန်ဖြစ်ခဲ့တဲ့စုံတွဲ



ဧပြီလ ၁၈ ရက်နေ့က တရုပ်နိုင်ငံ ကူမင်းချောင်ရှီ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းထဲမှာ စုံတွဲလင်မယားနှစ်ယောက် အသေအကျေရန်ဖြစ်ခဲ့တာကြောင့် လေယာဉ်ထွက်ချိန် တစ်နာရီခန့်နောက်ကျခဲ့ရပြီး ရန်ဖြစ်နေကြတဲ့ ဗီဒီယိုဟာ အထူး အဆန်းမို့ အွန်လိုင်းမှာ ကြည့်ရှုသူများသွားခဲ့ပါတယ်။ (အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် )



ကွာရှင်းဖို့အတွက် ဆောင်ရွက်နေကြတဲ့ လင်မယားနှစ်ဦးဟာ တရားဝင်ကွာရှင်းစာချုပ်တွေ လက်ထဲရောက် လာတော့ မယ့် နောက်ဆုံးအချိန်မှာတောင် တစ်ဦးနှင့်တစ်ဦး လုံးဝသီးမခံနိုင်ကြပဲ လုံးထွေးသတ်ပုတ်ရန်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

မျက်မြင်သက်သေများ၏ အဆိုအရ လင်မယားနှစ်ယောက်ဟာ လေယာဉ်ပေါ်ကိုတက်ဖို့ လေယာဉ်လှေခါးနားအရောက် မှာ တစ်ဦးနှင့်တစ်ဦး အော်ဟစ်စကားများခဲ့ကြပြီး ယောက်ျားက လက်ညိုးငေါက်ငေါက်ထိုးကာ ပြောဆိုနေခဲ့တာကို ကြားတွေ့ခဲ့ပါတယ်။



အဲသည်နောက်မှတော့ မိန်းမဖြစ်သူက ယောက်ျားရဲ့ ရှပ်အင်္ကျီကို ဆုတ်ဖြဲလိုက်တဲ့အခါ ယောက်ျားက မိန်းမကို မြေကြီးပေါ် တွန်းလှည်းချခဲ့ပါတယ်။



လေဆိပ်အမှုထမ်းတွေက ဝင်ရောက်ဖျန်ဖြေဖို့ ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ပဲ ရန်ဖြစ်နေတာကို လက်ပိုက်ကြ ည့်နေခဲ့ကြရပါတယ်။ နောက်ဆုံးမှာ သူတို့ တစ်ကွဲစီဖြစ်သွားကြပြီး လေယာဉ်နဲ့ လိုက်ပါဖို့ ကြိုးစားခဲ့ပေမယ့် လေယာဉ် မှူးက သူတို့နှစ်ဦးလုံးကို လေယာဉ်ပေါ် အတက်မခံခဲ့ပါဘူး။ အဲသည်နောက်မှာတော့ ရဲတွေရောက်လာပြီး သူတို့နှစ်ဦးလုံး ကို ထိန်းသိမ်းခဲ့ပါတယ်။



လင်မယားနှစ်ယောက် လေယာဉ်ကွင်းအလယ်မှာ ရန်ဖြစ်ခဲ့တာကြောင့် နံနက် ၁၁ နာရီမှာ ထွက်ရမယ့်လေယာဉ်ဟာ နေ့လည် ၁၂ နာရီခွဲမှ ထွက်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။



Credit to Popolay