4/24/2017

မဲဆန္ဒရှင် ပြည်သူတစ်ဦးကို ကိုယ်ထိလက်ရောက်စော်ကားခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ပြန်လည်တောင်းပန်


မဲဆန္ဒရှင် ပြည်သူတစ်ဦးကို ကိုယ်ထိလက်ရောက်စော်ကားခဲ့တဲ့ တနင်္သာရီမြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် (၂)မှ လွှတ်တော်ကိုယ်စားလှယ်ဦးရဲမြင့်ဆွေဟာဒီကနေ့မှာသွားရောက်တောင်းပန်ခဲ့တယ်လို့သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်မှာ ကိုယ့်ရဲ့ မဲဆန္ဒနယ်မှာဖြစ်ခဲ့တဲ့အတွက် ပြန်လည် တောင်းပန်တာဖြစ်ပြီး ကျူးလွန်ခံရသူ ဦးထွန်းလှဘက်ကလည်း လက်ခံခဲ့တယ်လို့ ဦးရဲမြင့်ဆွေက ပြောပါတယ်။

“ဖေ့ဘွတ်ခ် အပေါ်တက်လာတဲ့ videoကို တင်တာကို ကာယကံရှင်တောင်မသိဘူး။သူတို့လိုချင်တဲ့အပိုင်းကို ဖြတ်တင်ထားတယ်။ ကျွန်တော်ကို တမင်သက်သက် လုပ်ကြံတယ်လို့သံသယရှိတယ်။ကင်မရာအများကြီးရှိတဲ့ အထဲမှာ ရိုက်စရာအကြောင်းမရှိဘူး။”လို့ ဦးရဲမြင့်ဆွေက ပြောပါတယ်။



မဲဆန္ဒပြည်သူတွေကို တောင်းပန်ပြီး နောက်နောင် မှာ အခုလို ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ အဖြစ်မျိုး မရှိစေဘူးလို့ ကတိပေးပြီး အဲ့သည့်ကတိကို တနင်္သာရီမြို့နယ်အတွင်းမှာ အလုပ်တွေပိုလုပ်ပြီး သက်သေပြသွားမယ်လို့ လည်း ဦးရဲမြင့်ဆွေက ဆက်ပြောပါတယ်။

အဆိုပါကိုယ်ထိလက်ရောက်ကျူးလွန်ခံရတဲ့ video ဖိုင်မှာ ဧပြီလ ၈ရက်နေ့က ပ၀ကျောင်းခဲကျေးရွာ ကမူလတန်းလွန်ကျောင်းအတွက် ဆောက်လုပ်နေတဲ့ အဆောက်အဦးကို သွားရန်စစ်ဆေးစဉ်က ဖြစ်ခဲ့တဲ့ဖြစ်ရပ်ဖြစ်တယ်လို့လည်းသိရပါတယ်။

အဲ့သည့်သွားရောက်စစ်ဆေးတဲ့အချိန်မှာ ကျူးလွန်ခံရသူ ဦးထွန်းလှမှာ အဆောက်အဦးနဲ့ပတ်သတ်ပြီး ရွာခံ အမျိုးသမီးတစ်ဦးနဲ့ စကားများမှာ စိုးရိမ်တဲ့အနေနဲ့ တားဆီးတဲ့ အနေနဲ့ ဂုတ်ကဆွဲပြီး အပြင်ဆွဲ ထုတ်ခဲ့တာဖြစ်တယ်လို့ ဦးရဲမြင့်ဆွေကဆက် ပြောပါတယ်။

Author မို့မို့သန္တာ

Photo -TIn Ko Ko Oo
Credit ; kumudranews